Quantcast
Channel: စီးဆင်းရင်ခွင်
Viewing all 93 articles
Browse latest View live
သတိနဲ့ ကိုယ်စိတ်ကို ကိုယ်သိ
$
0
0
       လူတွေဟာ သနားစရာ အင်မတန် ကောင်းတယ်။ စိတ်ကူးယဉ် ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို စိတ်က ဖန်တီးထားတာလို့ အမှန်အတိုင်း မသိတော့ ပျောက်အောင် ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာအစစ်တွေချည်းပဲလို့ ထင်မှာပဲ။ 
          လူ့ဘ၀မှာ တွေ့ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။ စိတ်က မရှိတာကို အရှိဖြစ်အောင် လုပ်တတ်တယ်။ တကယ်ရှိတာ မဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာ မရှိဘူး။ 
      စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ် ပြဿနာတွေပါလို့ သိပြီးတော့ သူတို့ကို လက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကို ဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။ ပြဿနာအစစ်ဆိုတာ တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှ ရှိမယ်။ စိတ်ကူးယဉ်ပြဿနာတွေက ၉၀%လောက်ရှိတယ်။ အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာပဲလို့ သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင် ၉၀%လောက် သက်သာသွားတယ်။ ဒါကြောင့် စိတ်ကို သေသေချာချာကြည့်ပြီးတော့ သိဖို့အားပေးတာ တိုက်တွန်းတာပါနော်။
       လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို ကောင်းအောင် လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ အကောင်းဆုံး နည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။ 
    လောကကြီးကို တကယ်ကောင်းစေချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အလေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုယ့်ကိုကိုယ် အများကြီး သိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီး သိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လိုခံစား နေရသလဲဆိုတာ နဲနဲ သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော အများအကျိုးပါ မထိခိုက်အောင် လုပ်နိုင်တယ်။ ဒါအပြင့် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အကျိုးကို ဆောင်ရွက်နိုင်တယ်။
         ဒါကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဥာဏ်ပညာရှိဖို့လိုတယ်။ သတိ၊ သမာဓိရှိတဲ့လူ၊ သက္ကာယဒိဋ္ဌိ အားနည်းတဲ့သူဟာ ကိစ္စတစ်ခု ဖြစ်မြောက်သွားဖို့ပဲ ဦးစားပေးတယ်။ “ငါလုပ်လို့ပဲဖြစ်ဖြစ်၊ သူများလုပ်လို့ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားရင် အများချမ်းသာတယ်၊ ငါမလုပ်ရလည်း ကိစ္စမရှိဘူး” လို့ဆိုပြီး အေးအေးချမ်းချမ်း နေနိုင်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ လောကရဲ့အကျိုးကို အကြီးအကျယ် ဆောင်ရွက်နိုင်တယ်။ 
      အတ္တက ဘယ်တော့မှ သူ့မှာ ပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။ ငွေကို အားကိုးတယ်၊ ဂုဏ်ကို အားကိုးတယ်၊ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ပြည့်စုံပြီလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ၊ လိုချင်တာ။ တကယ်အသုံးလိုလို့ လိုချင်တာ မဟုတ်ဘူး။ အတ္တရဲ့ သဘာဝမှာ ပြည်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။ အတ္တရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။ 
      ထူးဆန်းတာက လိုချင်တာ များများရလေ ပိုပြီးမပြည့်စုံလေ ဖြစ်လာတယ်။ အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလိုပြည့်ဖို့တစ်ခုကိုပဲ စဉ်းစားတယ်။ အတ္တဟာ ငြီးငွေ့သွားတယ်။ မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူချစ်တယ်ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။ အတ္တက ဖျက်ဆီးချင်တဲ့သဘောရှိတယ်။ သူရပ်တည်ရာမြဲဖို့ သူတစ်ပါးကို နေရာဖယ်ချင်တယ်။ အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။ အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်။ ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတယ်။
       အတ္တရဲ့ သဘာဝကို သေသေချာချာ စဉ်းစားပါ။ အတ္တမှာ လုံခြုံမှုဆိုတာ ဘယ်တော့မှ မရှိဘူး။ စိတ်မချဘူး၊ အမြဲတမ်း စိုးရိမ်နေတယ်။ အမြဲတမ်း ကြောက်နေတယ်။ အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ပိုက်ဆံရှိရင် အားရှိတယ်၊ အာဏာရှိရင် အားရှိတယ်။ အဲဒီလိုတွေးတယ်၊ လူတွေကို ငါချုပ်ကိုင်ထားလို့ရရင် ငါခိုင်းသလို လုပ်ရင် ငါနည်းနည်း လုံခြုံမှုရှိမယ်။ စိတ်အေးရမယ်။ ဒါကြောင့် ငါခိုင်းတာကို လုပ်မယ့်သူတွေ များအောင်လုပ်မှဖြစ်မယ်။ ငါခိုင်းသလို မလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။ အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ်။ သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့ ကိုယ့်ဘ၀ရပ်တည်မှုကို ရှာချင်တယ်။ ကိုယ့်အတွက် အဆင်ပြေဖို့ သူများကို အသုံးချလိုက်တယ်။ အတ္တဟာ သူတစ်ပါးကို ဘယ်တော့မှ လွတ်လပ်မှု မပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား။ သူကိုယ်တိုင်လည်း ဘယ်တော့မှ မလွတ်လပ်ဘူး။ 
       ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့ မြတ်စွာဘုရားကို ပိုပြီးတော့ ကျေးဇူးတင်တယ်။ အနတ္တသဘာဝကို နားလည် နိုင်အောင် သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။ တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဥာဏ်နဲ့မြင်နိုင်အောင် နည်းလမ်းတွေ ပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်း အားထုတ်လို့ အနတ္တကို သိလာတဲ့အခါမှာ အနတ္တဟာ ဘယ်လောက် အေးချမ်းသလဲ၊ လွတ်လပ်သလဲဆိုတာ သိလာတယ်။ အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့ မရဘူး။ လူတွေဟာ ကိုယ့်အကြောင်းကိုယ် မသိဆုံးပဲ၊ ပြင်ပအကြောင်းတွေသိတာ အင်မတန်များတယ်။ 
      လူတွေကတော့ ကိုယ့်အကြောင်းကိုယ် သိတယ်လို့ ထင်မှာပဲ။ တကယ်တော့ မသိဘူး။ အထင်ပဲ။ “ငါ့စိတ်” “ငါ့စိတ်” လို့သာ ပြောနေတာ တကယ်တော့ ငါ့စိတ်အကြောင်း ငါမသိဘူး။ သိတယ်လို့ ထင်နေတာပဲ။ ဒီစိတ်က တွန်းပေးသမျှ ခိုင်းသမျှ အားလုံးကို လျှောက်လုပ်နေတယ်။ စိတ်အကြောင်းကို တကယ်သိသွားရင် စိတ်က ခိုင်မာရင့်ကျက်လာမယ်။ အေးချမ်းလာမယ်။ တည်ငြိမ်လာမယ်။ အရာရာတိုင်းကို စိတ်က လွှမ်းမိုးတယ်။ 
      စိတ်ကို တကယ်သိသွားရင် အဲဒီစိတ်က လွှမ်းမိုးတာ၊ ချုပ်ချယ်တာ၊ နှိပ်စက်တာ မခံရတော့ဘူး။ ကိုယ့်ကို အနှိပ်စက်ဆုံးဟာ သူတစ်ပါးမဟုတ်ဘူး။ ကိုယ့်စိတ်ပဲ။ ဒါကြောင့် သူ့အကြောင်းကို မသိရင် ခက်မယ်။ ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး ကြည့်နေရင် ကိုယ့်စိတ်ကို ရှင်းပြီးသား ဖြစ်သွားတယ်။ အရေးကြီးတာက နေ့စဉ်နေ့စဉ် ကိုယ့်စိတ်ရဲ့ တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေး ရှိဖို့လိုတယ်။ ရုပ်ပိုင်းဆိုင်ရာ အိုးအိမ်မရှိတဲ့သူတွေဟာ ဘယ်လိုနေကြရသလဲ။ ဟိုနေဒီနေ အတည်တကျမရှိဘူး၊ ဘယ်နေရာမှ သူ့အိမ်သူ့ရာလို့ ပြောလို့မရဘူးနော်။ ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်။ ဂုဏ်သိက္ခာ မဲ့တယ်။ သတိမရှိတဲ့စိတ်ကလည်း 
            ထို့အတူပဲ။ ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာမရှိဘူး။ မကောင်းတဲ့အာရုံ၊ လောဘ၊ ဒေါသ၊ မာနစတဲ့ အကုသိုလ် အန္တရာယ်တွေ များတယ်။ သတိဆိုတဲ့အိမ်မှာ တကယ်နေလိုက်ပြီဆိုရင် လုံခြုံတယ်၊ စိတ်ချရတယ်၊ အန္တရာယ်ကင်းတယ်၊ တည်ကြည် ခံ့ညားမှုရှိတယ်။ သတိဟာ စိတ်အတွက် အိမ်ပဲ။ သတိနဲ့မနေတဲ့ သူရဲ့စိတ်မှာ အိမ်မ၇ှိဘူး။ ရောက်ရာပေါက်ရာ လျှောက်သွားနေတာပဲ။ ပေ ၊ တေ ၊ လေ နေ တဲ့ စိတ်ပဲ။ စိတ်ကို ကြည်လင်အောင်၊ တည်ငြိမ်အောင်၊ အတွေးမျိုးစုံနဲ့ ရှုပ်ထွေးမနေအောင် ညှိတတ်ဖို့လိုမယ်။ (mental tuning) လုပ်တယ်ဆိုတာ စိတ်ကို ကြည်အောင် လုပ်တာ၊ အတွေးမျိုးစုံရောပြီး ရှုပ်မနေအောင် လုပ်တာကို ပြောတာ၊ မဆိုင်တဲ့ကိစ္စတွေ တွေးပြီး စိတ်ရှုပ်ထွေးနေရင် အခုလုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး အကြံဥာဏ်တွေ စိတ်ကူးတွေ မထွက်နိုင်တော့ဘူး။ 
    စိတ်ကိုသိနေတဲ့ အလေ့အကျင့်၊ အတွေးတွေကို သိနေတဲ့အလေ့အကျင့် သေသေချာချာ လေ့ကျင့်ထားရင် စိတ်ထဲမှာ အတွေးတွေ ရှုပ်လာတဲ့အခါ အဲဒါကို သိမယ်။ သေသေချာချာသိရင် ရှင်းလို့ရတယ်။ စိတ်ရှင်းရှင်းနဲ့ နေတတ်ရင် လုပ်သင့်တာတွေ ပိုလုပ်နိုင်တယ်။ မလုပ်သင့်တာတွေကို မလုပ်တော့ဘူး။ မတွေးသင့်တာကိုလည်း မတွေးတော့ဘူး။ အဲဒီလိုနေနိုင်ရင် ကိုယ့်ဘ၀မှာ အဆင်ပြေတာတွေ များလာမယ်။ ကိုယ့်ဘ၀ဟာ ကိုယ့်လက်ထဲမှာ ရှိမယ်။ တရားအားထုတ်ပြီးတော့ သတိ၊သမာဓိတွေ ပိုကောင်းလာတဲ့လူဟာ (quality) အရည်အသွေးဆိုတဲ့ သဘာဝကို ပိုနားလည်လာတယ်။ ဘယ်ဟာလုပ်လုပ် အရည်အသွေး ပိုမြင့်တာကို လုပ်တယ်။ စာအုပ်ဖတ်မယ်ဆိုရင် ကြုံရာစာအုပ် မဖတ်ဘူး။ လူလူချင်းဆက်ဆံရေးမှာ ဘယ်သူနဲ့ဆက်ဆံရင် ပညာရသလဲ ဆိုတာကို စဉ်းစားပြီးမှ အဲဒီလူတွေဆီကနေ ပညာများများ ရအောင် ဆက်ဆံတယ်။ ကိုယ်ကလည်း ပေးရမယ်ဆို ပေးတယ်။ အသွားအပြန် ရှိတယ်။ အကယ်၍ television ကြည့်တယ်ဆိုရင်တောင်မှ ဘယ်အပိုင်းလေးဟာ မှတ်သားစရာ နည်းယူစရာ ကောင်း တာ လေးတွေပါသလဲ အဲဒီအပိုင်းလေးတော့ ရွေးပြီး ကြည့်တယ်။ ကျန်တဲ့အပိုင်းတော့ မကြည့်ဘူး။ 
     သတိရှိတဲ့သူ၊ ဥာဏ်ရှိတဲ့သူ၊ စိတ်ဓါတ်အင်အားကြီးတဲ့လူဟာ အတိုင်းအရှည်ကို သိတယ်။ အဲလောက်ဆိုရင် သင့်တော်တယ်ဆိုတာကို သိတယ်။ အဲဒီသင့်တော်တဲ့ အတိုင်းအရှည်ထဲကနေ လွန်မသွားဘူး။ စကားပြောတာတောင် တစ်နေကုန် တစ်နေခန်းတော့ ပြောမှာမဟုတ်ဘူး။ အချိန်အကန့်အသတ်လေးနဲ့ ပြောမယ်၊ စာဖတ်တာလည်း အချိန်အကန့်အသတ်လေးနဲ့ ဖတ်မယ်၊ ဘာပဲလုပ်လုပ် အကန့်အသတ်လေးတစ်ခု ထားပြီးလုပ်မယ်။ အဲဒီလိုလူရဲ့ ဘ၀အရည်အသွေးဟာ ကြာလေ တက်လေ ဖြစ်လာတယ်။ ဒါကြောင့် တရားကိုအားထုတ်လို့ သတိ၊ သမာဓိကောင်းလာလို့ရှိရင် အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားနိုင်လာတယ်။ တန်ဖိုးရှိတယ်၊ မရှိဘူးဆိုတာ ပိုပြီးတော့မြင်လာတယ်။ တန်ဖိုးရှိတာကို ပိုလုပ်ချင်တယ်၊ တန်ဖိုးရှိတာကို လုပ်လို့ရတဲ့ ကျေနပ်မှုကိုလည်း သိပ်သဘောကျတယ်။ 
                     ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ)
                                    ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်။
ကုသိုလ်လည်းရ ၀မ်းလည်းဝဖို့ “၉၆၉”မှာ ဈေးဝယ်စို့
$
0
0
            တချို့ ပညာရှင်များက ယနေ့ခေတ်ကို “စစ်အေးခေတ်”ဟု ခေါ်ကြ၏။ စစ်အေးခေတ်ဆိုတာ “ အေးအေးလေးနဲ့ တိုက်နေတဲ့ခေတ်”ဟု အဓိပ္ပါယ် ဖွင့်ဆိုချင်တော့သည်။
         မှန်၏။ သေနတ်ကိုင်ပြီးတိုက်မှ “စစ်” မဟုတ်ပေ။ စီးပွားရေးအရလည်း အသာစီးရအောင် ကလိန်ကကျစ် လုပ်ကြ၏။ ပိုက်ဆံချမ်းသာမှ မြေနေရာကို ချုပ်ကိုင်နိုင်မည် မဟုတ်ပါလော။ 
        ဆူးလေဘုရားနားမှာ နေကြသည့်သူများကို ကြည့်လိုက်ပါ။ ဘယ်ဘာသာဝင် တွေပါလဲ။ ဒါက စီးပွားရေး စစ်ခင်းခြင်း ပင်။ လူမျိုးရေးအရလည်း အသာစီးရအောင် လူဦးရေပေါက်ဖွားနှုန်း ကြီးထွားလာအောင် ကြိုးစားနေကြ၏။ “ ရေများရေနိုင် မီးများ မီးနိုင်” ဆိုသကဲ့သို့ ကိုယ့်လူမျိုးများမှ အခြားလူမျိုးများကို ၀ါးမျိုနိုင်မည် မဟုတ်ပါလော။ ဒါကတော့ လူဦးရေဖြင့် စစ်ခင်းခြင်းပင်။  
          ဘာသာရေးအရလည်း အသာစီးရအောင် ဗုဒ္ဓဘာသာဝင်များကို လွှမ်းမိုးဖို့ကြိုးစားနေ၏။ ၁၈၂၆-ခုနှစ် မတိုင်မီက ရန်ကုန်မြို့မှာ “ဗလီ” တစ်လုံးမှ မရှိပါ။ ယခုတော့ ဗလီများ မရေတွက်နိုင်တော့ပေ။ ဒါကိုမှ “စစ်ပွဲ” မခေါ်ရင် ဘယ်ဟာကို “စစ်ပွဲ” ခေါ်မှာလဲ။ အေးအေးလေးနဲ့ တိုက်နေသည့် အတွက် “စစ်အေးခေတ်”။ စစ်အေးပဲ ဆိုဆို၊ စစ်ပူပဲ ပြောပြော ခံနေရတာကတော့ မြန်မာ့တိုင်းရင်းသား လူထုပင် ဖြစ်ပေသည်။ ဒီကြားထဲ ကိုယ့်အချင်းချင်း ငြင်းခုံကြ၊ အာဏာလုကြ ၊ ဖြစ်နေကြတော့ ဘာသာခြားတို့အတွက် “စားကျက်” ဖြစ် သွားတော့သည်။ 
         မကြာသေးခင်က ဖြစ်ခဲ့တဲ့ ရခိုင်ပဋိပက္ခကို ကြည့်လိုက်ပါ။ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်း သားများ ကိုယ့်အိမ် ကိုယ့်ယာ၌ အေးအေးလူလူ မနေကြရပေ။ ဘာသာခြားလူမျိုးခြားများ၏ နှောင့်ယှက်မှုကို ခံနေကြရ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအချင်းချင်း ညီညွတ်ဖို့ အရေးကြီးလှပေသည်။ ရှမ်းက တစ်မျိုး၊ မွန်ကတဖုံ၊ ရခိုင်က တခြား၊ ဗမာက တစ်စု ဒီလိုသာ ဖြစ်နေကြရင် ဘာသာခြားများ၏ ၀ါးမျိုမှုကို ခံရပေမည်။ 
      ဒီလိုအရေးကြီးပါလျက် အသိဥာဏ်နုနယ်သည့် တချို့ဗုဒ္ဓဘာသာဝင် မြန်မာ့တိုင်းရင်းသူလေးများသည် အယူဝါဒ မတူညီသည့် ဘာသာခြားများနဲ့ ပေါင်းသင်းဆက်ဆံကြ၏။ စီးပွားရေး အတူတူလုပ်ကြ၏။ ထိုသို့ရောယှက်သဖြင့် “အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိ” ဆိုသကဲ့သို့ ဘာသာခြားတို့နှင့် အိမ်ထောင်ပြုသွား၏။ ဒါ့အပြင် မိဘအမွေကို ရလိုစိတ်ဖြင့် မိဘကို တရားစွဲကြ ပြန်သတဲ့။ ဒီလိုမိုက်မဲမှု ကို လက်ပိုက်ကြည့်နေရတော့မည်လော။ 
      လူတိုင်းသည် မသိနားမလည်သည့်သူကို နားလည်တတ်သိအောင် ပြောရမည့်တာဝန်ရှိပေသည်။ ထို့ကြောင့် သာသနာအရေးကို ကြောင့်ကြမဲ့ မနေလိုကြသည့် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များက ဗုဒ္ဓဘာသာဝင်အချင်းချင်း အလုပ်အတူတူလုပ်ဖို့၊ စိတ်တူကိုယ်တူနေကြဖို့ ၊ သာသနာ၏အမှတ်တံဆိပ် “၉၆၉”တံဆိပ်ကို ဆိုင်းဘုတ်များတွင် ထည့်ရေးကြဖို့၊ ယင်းအမှတ် တံဆိပ်ဆိုင်မှာသာ ဈေးဝယ် ကြဖို့ နှိုးဆော်လျက် ရှိပေသည်။ 
         ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို ရည်ညွန်းသော “၉၆၉”တံဆိပ်ကို အသုံးပြုလျှင် ရတနာသုံးပါးဂုဏ်ကို အောက်မေ့သတိရသည့်အတွက် အနုဿတိ ဘာဝနာကုသိုလ်ဖြစ်၍ နေပေသည်။ ဈေးဝယ်တိုင်း ကုသိုလ်ရအောင် နှိုးဆော် တိုက်တွန်းထားခြင်းဖြစ်ပေသည်။ 
          မြန်မာ့တိုင်းရင်းသားတိုင်း လိုက်နာကျင့်သုံးအပ်ပေစွာ့။ မဟာမြတ်မုနိဘုရားကြီးကတော့ “၉၆၉” တံဆိပ်အောက်မှာ ရဟန်းရှင်လူ တိုင်းသာပြည်သူများ ညီညွတ်စွာနေကြသည်ကို တွေ့မြင်တော်မူလျှင် “ငါ့သားတော် သမီးတော်များ တော်လှပေစွတကား”ဟု ဦးခေါင်းတော်ငြိမ့်နေပေလိမ့်မည်။ မင်းကွန်းဆရာတော် ကြီးကလည်း ဗုဒ္ဓဘာသာဝင်ဆိုင်ကသာ ဈေးဝယ်ဖို့၊ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ ရောင်းဝယ်ဖောက်ကားဖို့ ညွှန်ကြားခဲ့ပါသည်။ 
         ထိုသို့မိန့်တော်မူခြင်းမှာလည်း ဘာသာခြားတွေကို မေတ္တာမရှိလို့ မဟုတ်ပါ။ ကိုယ့်လူမျိုးများသည် အခြားလူမျိုးများနဲ့ ရောယှက်ပြီး အမျိုးပျက်သွားမည် စိုးသော ကြောင့် ဖြစ်ပါသည်။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခြင်းသည် ဘုရားမြတ်စွာ ချီးမွမ်းတော်မူသည့်အလုပ် ဖြစ်သည် မဟုတ်ပါလော။ ထို့အပြင် ဘုရားမြတ်စွာက ရှင်လူအများကို အချင်းချင်း ပြဿနာမဖြစ်အောင် နေကြဖို့ မိန့်မှာတော်မူခဲ့၏။ (၀ိဝါဒံ ဘယတော ဒိသွာ)။ 
    ဘာ့ကြောင့်နည်း။ “သမဂ္ဂါနံ တပေါ သုခေါ”ဆိုသည့်အတိုင်း ညီညွတ်မှ အောင်မြင်ကြီးပွားမည် မဟုတ်ပါလော။ ညီညွတ်မှုဆိုသည်မှာ အများအားဖြင့် အယူအဆ၊ အပြုအမူ တူညီမှုအပေါ်မှာ အခြေခံထား၏။ အယူအဆမတူညီလျှင် စိတ်တူကိုယ်တူ အလုပ် မလုပ်နိုင်တော့ပေ။ စိတ်တူကိုယ်တူ အလုပ်မလုပ်နိုင်လျှင် ညီညွတ်မှုဆိုသည်မှာ ရဖို့ ခဲယဉ်းသွားပေတော့သည်။ 
        မှန်၏။ မိမိတို့ သံဃာများသည် ဘာသာခြားခေါင်းဆောင်များကို မေတ္တာထားနိုင်သော်လည်း သူတို့နှင့် အတူနေ အတူစားလို့ မဖြစ်ပေ။ ဘာ့ကြောင့်နည်း။ အယူဝါဒ မတူညီသောကြောင့်တည်း။ “သံဃာ”ဆိုသည်မှာ အယူဝါဒ၊ သီလ တူညီသည့် အဖွဲ့အစည်း ဖြစ်သည် မဟုတ်ပါလော။ မေတ္တာက မေတ္တာတကဏ္ဍ၊ ပေါင်းသင်းဆက်ဆံရေးက ပေါင်းသင်းဆက်ဆံရေး တစ်ကဏ္ဍဖြစ်သည်။ ထိုကဏ္ဍ ၂-ခုရောယှက်လို့ ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ပါ။ ရောယှက်လိုက်လျှင်လည်း “ရဟန်းသံဃာ”ဆိုသည်မှာ ရှိနိုင်တော့မည် မဟုတ်ပေ။ 
      သာဝတ္ထိမြို့၌ အယူဝါဒဖောက်ပြန်နေတဲ့ ကိုရင်တစ်ပါးရှိခဲ့ဖူး၏။ ဘွဲ့နာမည်က “အရိဋ္ဌ”။ သာသနာကို တန်ဖိုးထားသည့် ဓမ္မ၀ါဒီရဟန်းတော်များက အရိဋ္ဌကို “မိစ္ဆာဒိဋ္ဌိ” စွန့်ဖို့ရန်အတွက် အမျိုးမျိုးဆုံးမကြ၏။ သို့သော် အရိဋ္ဌသည် လက်မခံပါ။ ဒီလိုဖြစ်နေတာကို သိပါလျက် ရဟန်း ၆-ပါးကော်မတီက အရိဋ္ဌနှင့် အတူနေအတူထိုင် အတူစားကြ၏။ ထို့ကြောင့် ဘုရားမြတ်စွာက “ရဟန်းတော်များသည် အယူဝါဒ မတူညီသည့်သူ (မိစ္ဆာဒိဋ္ဌိ)များနှင့် အတူတူ မနေသင့်၊ မစားသင့်ကြောင်း၊ အတူနေ အတူစားလျှင် (အာမိသသမ္ဘောဂ၊ ဓမ္မသမ္ဘောဂပြုလုပ်လျှင်) အပြစ်ရှိကြောင်း” အတိအလင်း မိန့်မှာတော်မူခဲ့ပါသည်။ 
        အထက်ပါဖြစ်စဉ်ကို ကြည့်ပါက ဗုဒ္ဓသာသနာကိုချစ်မြတ်နိုးသည့်စိတ်ဖြင့် “အယူဝါဒတူညီသည့် မိမိတို့ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ ပေါင်းသင်းဆက်ဆံခြင်း၊ ရောင်းဝယ် ဖောက်ကား စီးပွားရေးလုပ်ခြင်းသည် မြတ်ဗုဒ္ဓ၏ အလိုတော်နဲ့ ကိုက်ညီပါကြောင်း၊ ၉၆၉-မှာ ဈေးဝယ်ခြင်းသည် ကုသိုလ်လည်းရ၊ ၀မ်းလည်းဝသည့် အလုပ်ဖြစ်ပါကြောင်း” တင်ပြလိုက်ရပါသည်။
                                         သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
အစွဲ နှင့် အလွဲ
$
0
0
 ယုတ်မာဆိုတောင်း၊ ကျင့်မကောင်းကို၊
 မှားကြောင်းတစ်စိ၊ သိလျှင်သိခြင်း၊ 
စွန့်ပယ်လျဉ်းလော့၊ အတင်းယူစွဲ၊ 
ဖားမြွေခဲသို့၊ အမြဲမှတ်သို၊ 
မစွန့်လိုက၊ ဤကိုယ်သုခ၊ နောင်မရဘူး။ 
( မဃဒေ၀လင်္ကာ) 
       ပုထုဇဉ်လူသားများ ဖြစ်ကြသော ကျွန်ုပ်တို့၌ မကောင်းသော အကျင့်လေးများ စွဲထုံ ပါလာတတ်ပေသည်။ ထိုအကျင့်များကို သတိထားမိပါက သိလျင်သိခြင်း ပယ်စွန့်နိုင်အောင် ကြိုးစား ကြရပေမည်။ ထိုသို့မဟုတ်ဘဲ အသေးအဖွဲ လေးတွေပါ၊ ပုထုဇဉ်တွေပဲဟာ စသော အကြောင်းပြတို့ဖြင့် မိမိကိုယ်ကို ငဲ့ညာကာ မစွန့်ပယ်ဘဲ နေကြပါက ထိုအကျင့်တို့သည် ထုံစွဲလာပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုအကျင့်တို့ကို ပယ်စွန့်ရန် ခက်ခဲလှပေသည်။ ဥပမာအားဖြင့် မြွေသည် ဖားကို မြဲမြန်စွာ ခဲထားသကဲ့သို့ ထိုအကျင့်တို့ကို အတင်းစွဲထားပေတော့သည်။ ထိုအခါ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကိုသာ ကြုံတွေ့ရပြီး ချမ်းသာသုခတို့ကို မရကြတော့ပေ။ ထိုအခြင်းအရာတို့ကို သတိပေးလိုသဖြင့် မာန်လည်ဆရာတော်ဘုရားကြီးက အထက်ပါကဲ့သို့ သတိပေးလင်္ကာ ရေး ထားခဲ့ပေသည်။
         အစွဲနှင့် အလွဲ သည် ယှဉ်တွဲ၍ နေကြပေသည်။ များသောအားဖြင့် အစွဲ၏ နောက်တွင် အလွဲလေးများ ယှဉ်တွဲပါလာတတ်ကြသည်သာ။ ကောင်းသည့်အရာကို စွဲမြဲရန် ခက်ခဲသော်လည်း မကောင်းသည့်အရာကို စွဲမြဲရန်ကား လွယ်ကူလှပေသည်။ ထိုကြောင့် သတိတရားဖြင့် ဆင်ခြင်စဉ်းစားကာ မကောင်းသည့် အကျင့်တို့ကို မစွဲလန်းမိစေရန် ရှောင်ကြဉ်ကြရပေမည်။
         ဒီရက်များအတွင်း အိန္ဒိယနိုင်ငံ၊ ဧလာဘတ်မြို့၏ မြောက်ဘက် ဂင်္ဂါမြစ်နှင့် ယမုနာမြစ်တို့ ဆုံဆည်းရာ ဆန်ဂန်( Sangam) ဟု အမည်ရသည့်နေရာတွင် မဟာကုမ်မေလာ(Maha Kumbh mela) ရေချိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပေသည်။ ဟိန္ဒူဘာသာဝင်တို့၏ နိမိတ်ကောင်းဟု ယူဆကြသည့် ရှေးရိုးရာ ရေချိုးပွဲတော်ဖြစ်ပြီး သတင်းစာတို့နှင့် တီဗွီချန်နယ်တို့တွင် ထိုသတင်းများက အများစု နေရာယူနေပေ၏။ 
                                         ပွဲတော် ရေလာချိုးကြသည့် ဆာဒူးကြီးများ     
      ထိုသို့ ရေချိုးခြင်းဖြင့် မကောင်းမှုတို့ ကင်းစင်ပြီး ဘုရားသခင် ကယ်တင်ရာတွင် အထောက်အကူဖြစ်သည်ဟု ဟိန္ဒူ ဘာသာဝင်တို့က ယူဆနေကြ သည်ဟူ၏။ ပွဲတော်ကြီးမှုးကျင်းပသူတို့က ၅၅-ရက်ကြာ ကျင်းပမည့် ထိုရေချိုးပွဲတော်ကို လူသန်းပေါင်းတစ်ရာလောက် လာရောက်ကြမည်ဟု ခန့်မှန်းကြပြီး ဖွင့်ပွဲနေ့ ဇန်န၀ါရီ(၁၄ ) ရက်နေ့က လူ (၈) သန်း လာရောက် ရေချိုးကြသည်ဟု သိရပေ၏။ ယင်းပွဲတော် လုံခြုံရေးအတွက် ရဲပေါင်း တစ်သောင်းလေးထောင်၊ ပြည်သူစစ်၊ ကုမ်မလာ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ထားပေ၏။ ထို့ကြောင့် တီဗီချန်နယ်တို့တွင် ကြာရှည်စွာ ရေစိမ်ချိုးနေ သူတို့ကို ပြန်တက်ခိုင်းနေသော ရဲများနှင့် ရေးချိုးလာသူများ တိုးဝှေ့နေကြ သည်တို့ကို မြင်ရပေသည်။ 
        ထိုပွဲတော်ကို သုံးနှစ်လျင်တစ်ကြိမ် Haridwar, Ujjaian, Nasik, Allahabad အရပ်တို့တွင် အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။ နေရာတစ်နေရာတွင် ၁၂-နှစ်မှ တစ်ကြိမ် ကျရောက်ခြင်းဖြစ်သည်။ ဟိန္ဒူ ဆာဒူးကြီးများ၏ အဓိကရေချိုးရာ ပွဲတော်လည်း ဖြစ်ပေသည်။ ယခုနှစ် ပိုမို၍ ထူးခြားသည်မှာ ၁၄၄-နှစ်မှ တစ်ကြိမ်သာ ကျရောက်သည့် မဟာ ကုမ်မလာ ပွဲတော်ကြီးဖြစ်သည်ဟူ၏။ ထိုကြောင့် အလဟာဗာဒ်တွင် ကျရောက်သည့် ထိုပွဲတော်ကို လူများ ကြက်ပျံမကျ သွားရောက်နေကြသည်။ (၁၁-၀၂-၂၀၁၃)နေ့ သတင်းတွင် တံတားများလဲ ကျိုးကျပြီး လူအချင်းချင်းတက်နင်းမှုကြောင့် လူပေါင်း( ၃၆) ယောက် သေဆုံးသည်ဟု ကြေငြာသွားသည်။ 
         သတင်းထောက်တို့၏ သတင်းများအရ မြစ်ကမ်းခြေစ၍ သုံးကီလိုမီတာ အတွင်း လူပင်လည်ကြီး အဖြစ် တွေ့မြင်နေရသည်ဟု ဆိုပေ၏။ ဂင်္ဂါ နာမည်ကြီး ပွဲတော်တိုင်း ဤမြင်ကွင်းမျိုး တွေ့မြင့်နေကြမို့ ဂင်္ဂါမြစ်ကမ်းတွင် နေသော ကျွန်ုပ်အတွက် ထိုသတင်းသည် မဆန်းလှပေ။ ယင်းပွဲတော်တွင် ရေချိုးပြီးသူ အချို့တို့သည် နောက်လတွင် ကျရောက်မည့် ဗာရာဏသီ၊ ဂင်္ဂါပွဲတော်တွင် ဆက်လျက်ဆင်နွဲရေချိုးရန် အတွက် ခြေလျင်လျောက်လာနေကြသည်ဟုသိရပေသည်။ 
      သူတို့၏ စွဲမြဲနေသော ထိုအယူကို အပြစ်မပြောလိုသော်လည်း မြစ်ရေချိုးလို့ အကုသိုလ် ကင်းစင်သည်ဟူသော ထိုအယူအဆသည် တကယ်ပင် မှန်ကန်နိုင်ပါ မည်လားဟု တွေးမိကာ မိမိလက်လှမ်းမိသမျှ ဗုဒ္ဓစာပေနှင့်တော့ တိုင်းတာနေမိပေသည် ။ ကျွန်ုပ် မြင်ရသည့် ယခုလက်ငင်း အကျိုးအားဖြင့် အလုအယက်တိုးဝှေ့ကြရသောကြောင့် လူတွေ သေခဲ့ကြရပေပြီ။
    အခါတစ်ပါး မြတ်ဗုဒ္ဓသည် ရဟန်းတော်တို့အား စိတ်ညစ်ညူးခြင်းနှင့် စိတ်သန့်ရှင်းစင်ကြယ်ခြင်းသဘောတို့ကို ဟောကြားနေပေ၏။ ထိုအခါ ပရိသတ်ထဲတွင် သုန္ဒရိက ဘာရဒွါဇ ပုဏ္ဏားလည်း ရောက်ရှိနေခိုက်ဖြစ်၏။ ထိုပုဏ္ဏားက မြတ်ဗုဒ္ဓကို ဗာဟုကာမြစ်၌ ရေချိုးပါ သလားဟု မေးလျှောက်လေသည်။ မြတ်စွာဘုရားက ဗာဟုကာမြစ်တွင် အဘယ်ကြောင့် ရေချိုး ရမည်နည်း၊ ရေချိုးခြင်းကြောင့် ဘာအကျိုး ရှိပါသနည်း ဟု ပြန်လည်မေးသောအခါ ပုဏ္ဏားက ဗာဟုကာမြစ်သည် ကိလေသာတို့ကို ခေါင်းပါးစေတတ်သည်ဟု လူအများက သမုတ်ထားပါသည်၊ ကိလေသာကို စင်ကြယ်အောင် ပြုနိုင်သည်ဟု အယူရှိပါသည်။ လူတို့သည် မကောင်းမှုကို ပြုမိသည်ရှိသော် ဗာဟုကာမြစ်၌ ရေချိုးပြီး မျှောပြစ်ကြပါသည်ဟု လျှောက်ထားလေသည်။ 
      ထိုအခါ မြတ်စွာဘုရားက “ပုဏ္ဏား- သင်ပြောသည့်အတိုင်း မဖြစ်နိုင်ပါ၊ ဗာဟုကာမြစ်တွင် ရေချိုးခြင်းဖြင့် မကောင်းမှု မစင်ကြယ်နိုင်ပါ၊ အခြား သုန္ဒရိကမြစ်၊ သူရဿတီမြစ်၊ ဗာဟုမတီမြစ်တို့တွင် ရေချိုးခြင်းဖြင့်လဲ မကောင်းမှုကို မသုတ်သင်နိုင်ပါ။” “ပုဏ္ဏား- သင်သည် သန့်ရှင်းစင်ကြယ်ခြင်းကို အမှန်တကယ် အလိုရှိပါမူ ဤသာသနာတော်၌သာလျှင် ရေချိုးလော့။" " အကယ်၍ သင်သည် သူ့အသက်ကို မသတ်ဖြတ်အံ့၊ သူ့ဥစ္စာကို မခိုးယူအံ့၊ မဟုတ်မမှန် မပြောဆိုအံ့၊ ၀န်မတိုသူဖြစ်အံ့၊ ယုံကြည်မူ သဒ္ဓါတရားရှိသူ ဖြစ်အံ့၊ ထိုဗာဟုကာမြစ်သည် သင့်အတွက် ဘာပြုလုပ်ရန် လိုတော့သနည်း၊ ဂယာဆိပ်သို့ သွားခြင်းဖြင့် ဘာအကျိုးထူးနိုင်တော့မည်နည်း။”ဟု မိန့်ကြားလေသည်။ ယင်းနောက် ပုဏ္ဏားကြီး အမြင်မှန်ရကာ ရဟန်းဝတ်လေသည်။ 
         အခါတစ်ပါး ဆောင်းတွင်းကာလ ချမ်းအေးလှသည့် နံနက်ခင်း အချိန်တွင် မြစ်ထဲရေစိမ်ချိုးလျက် မကောင်းမှုကို မျှောနေသော ပုဏ္ဏားကြီး တစ်ယောက်ကို မြတ်စွာဘုရားက “ အကယ်၍ ရေချိုးခြင်းဖြင့်သာ မကောင်းမှုမှ စင်ကြယ်ပါက ရေထဲ၌နေသော ငါးလိပ်စသောရေသတ္တ၀ါတို့တွင် မကောင်းမှုမှ အမြဲစင်ကြယ်နေမည်ဟု သတိပေးပြီး စင်ကြယ်ရန်ပြုလုပ်နည်းတို့ကို ညွှန်ကြားခဲ့ပေသည်။ 
    ဤသည်ကား ကျွန်ုပ် လက်လှမ်းမိသော သတိရမိသည့် ဗုဒ္ဓစာပေအသိတို့ကို ထောက်ပြမိခြင်းဖြစ်သည်။ ဗုဒ္ဓ၏ မိန့်မှာချက်အရ မည့်သည့်မြစ်တွင်ဖြစ်စေ ရေချိုးပါစေ၊ ရေချိုးခြင်းဖြင့် မကောင်းမှုတို့မှ စင်ကြယ်မှု မရှိနိုင်သည်မှာ သေချာလှသည်။ ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသကဲ့သို့ မကောင်းမှုမှစင်ကြယ်သည်ဟု ကျွန်ုပ်လဲ လေးနက်စွာ ယုံကြည်မိလျင် ကောင်းပေမည်ဟု တွေးတောမိသည်။ 
                                       အခမ်းအနားတွေနဲ့ ရေချိုးဆင်းကြတယ်  
          အဘယ်ကြောင့်ဆိုသော် ရေချိုးပွဲ ကျင်းပနေသည့် အလဟာဗာဒ် (Allahabad) မြို့သည် ကျွန်ုပ်တို့ နေရာ ဗာရာဏသီနှင့် (၁၂၅)ကီလိုမီတာ၊ မိုင်အားဖြင့် (ရ၈)မိုင် ကွာဝေးပါသည်။ အကယ်၍သာ သူတို့ယုံကြည်ကဲ့သို့ ယုံကြည်မိပါက ပွဲတော်ရက် (၅၅)ရက်လုံး ထိုနေရာသို့သွားပြီး ရေစိမ်ချိုးကာ အကုသိုလ်တွေ မျှောပစ်လိုက်ချင်သည်။ ဂင်္ဂါမြစ်နှင့် ယမုနာမြစ်တို့ ပေါင်းစည်းရာ ထိုနေရာ၌ မြစ်ရေတို့ ကွဲပြားခြားနားနေတာ ကိုတော့ သတိမူမိသည်။ ဂင်္ဂါမြစ်ရေသည် အနဲငယ် နောက်ကျူပြီး ယမုနာမြစ်ရေကတော့ သန့်ရှင်းကြည်လင် စိမ်းမျှမျှ အရောင်ရှိသည်။
    စာရှုသူတို့ရော မည်ကဲ့သို ယုံကြည်ပါသနည်း။ အကယ်၍သာ သူတို့လို ယုံကြည်ပါက ပွဲတော်ရက်မပြီးသေး၍ သွားရောက်ကာ ရေချိုးနိုင်ပေသည်။ သို့ပေမဲ့ အစွဲနှင့်အလွဲ ဆိုတာလေးကိုတော့ သတိရစေချင်သည်။ 
                             သိမ်မွေ့ဦး (BHU)
                              ( ၁၅-၀၂-၁၃)
အတ္တ၏ သားကောင်
$
0
0
      “၀ါဒတဏှာအားကြီးသောသူများက ငါနှင့် ငါ့ဖွဲ့အစည်း ငါတို့သာ အမှန်ဟု ငါကောဝါဒဖြင့် ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးတတ်၏။ သံလွင်ခက်ကို အယောင်ပြီး နောက်ကွယ်က ဂျိုးငှက်ကို သတ်ပစ်ထားသကဲ့သို့ ငြိမ်းချမ်းရေးတစ်ဝက် အယောင်ပြပြီး ကိုယ်နှင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက်ချည်း အကျိုးစီးပွါးအမြတ်ထုတ်တတ်သည်။ အဆုံးမှာတော့ ပတ်ဝန်းကျင် လောကလူသားများကို စတေး၍ ကိုယ်နှင့် ကိုယ့်ဝါဒနောက်လိုက်သူများ၏ အကျိုးစီးပွါးသာ ရယူသွားတတ်ကြ၏” ။ 
    အထက်ပါစာသားလေးကို အမှတ်တရအဖြစ် မှတ်သားထားမိခဲ့ပေမယ့်လည်း ဘယ်သူရေးသွားခဲ့သည်ကိုမူ အမှတ်တမဲ့ ဖြစ်သွားခဲ့ရသည်။ စာသားပိုင်ရှင် သက်ရှိထင်ရှား ရှိ / မရှိ အရေးမှာ တတ်အပ်သေချာ မသိနိုင်သော်လည်း သူရဲ့အဆို စကားလေးကတော့ ယနေ့တိုင် အသက်ဝင်လျှက်ရှိပေသည်။
    ငါ (အတ္တ) နှင့် ငါ့ဥစ္စာ (အတ္တနိယ) ဟူသည့် ၀ါဒစွဲ၏ နောက်မှ သူနှင့် သူဥစ္စာဟူသည့် ပရသဘောတရားမှာလည်း အလိုအလျောက် ၀င်ပါလာပြီးဖြစ်တော့သည်။ ထိုအပြင် မိမိမှတစ်ပါး အခြားတစ်ဦးတစ်ယောက် ရှိနေသေးသည်ဟူသည့် အသိ၏နောက်တွင် မိမိ၏အတ္တစွဲ ပြင်းထန်ခြင်း မပြင်းထန်ခြင်းအပေါ်မူတည်ပြီး တစ်ပါးသူထက် သာလွန်လိုမှု၊ လွှမ်းမိုးလိုမှုစသည့် သဘောထားအပြင်၊ သူတပါးထက် မိမိက အရာရာမှာ သာလွန်ကြီးမြတ် သည်ဟူသည့် ထောင်လွှားတက်ကြွခြင်း မာန်မာန သဘောမှာလည်း အလိုအလို ၀င်ရောက်လာပါတော့သည်။ 
        အကျိုးဆက်အားဖြင့် လူမျိုး ၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ ပညာအရည်အချင်းအားဖြင့် မိမိကိုယ်ကို မိမိ သွေးနားထင်ရောက် အထင်ကြီးကာ တစ်ပါးသူတို့အား အထင်သေးတတ်သည်။ ထိုအများထဲတွင် ဂိုဏ်ဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲ စသည်တို့ဖြင့် နွံနစ်နေကြသည့် ဘာသာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေကြရပေသည်။
      လူသားတိုင်း လူဂုဏ်သိက္ခာနှင့်အညီ ဘ၀ရှင်သန်နိုင်ရေး၊ လူသားတို့၏ ကိုယ်ကျင့်စာရိတ္တမြင့်မားရေးနှင့် အရည်အသွေးမြှင့်တင်ရေးသည် ဘာသာတရား၏ အဓိကဦးတည်ချက်ဖြစ်ရာ ယင်းဦးတည်ချက်များ လမ်းကြောင်းပြောင်းမသွား၊ ပျောက် မသွားစေရေးတို့သည် ဘာသာရေးခေါင်းဆောင်များတွင် အထူးတာဝန်ရှိပေသည်။ 
           ယနေ့အချိန်ခါတွင် ငါနှင့် ငါ့လူမျိုး၊ ငါ့အဖွဲ့အစည်း၊ ငါ့တိုင်းပြည်၊ ငါ့ဘာသာ စသည်ဖြင့် ငါတစ်လုံးကို အစွဲပြုကာ မလိုမုန်းတီးမှု ရန်လိုတိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြသည်။ အတ္တမာန အားကြီးသူများအနေနဲ့ ၄င်းတို့၏ အယူအဆများကို ကာကွယ်ဖို့အရေးမှာ သတ္တိရှိသော်လည်း မိမိရဲ့ကိုယ်ပိုင် အယူအဆအမှား ကို ပြန်လည်တိုက်ခိုက်၊ ပြင်ဆင်ရေးမှာတော့ သူရဲဘောကြောင်နေတတ်ကြသည်။ လူးလွန့်ပြီးမှသာ သွားတတ်သည့် မြွေ၏ ခန္ဓာကိုယ်အတွင်းသို့ တုတ်ချောင်းတစ်ချောင်း အလျားလိုက်လျှိုသွင်းလိုက်ပါက ၄င်းမြွေအဖို့ ရှေ့သို့ခရီးဆက်ရန် မဖြစ်နိုင်တော့သကဲ့သို့ မာနတုတ်ချောင်း နက်နက်နဲနဲစူးဝင်နေသူများနဲ့ မတူညီသည့် သဘောထားယူဆချက်များကို ပြေလည်မှုရရေး စေ့စပ်ညှိနိုင်း ဆွေးနွေးကြရာမှာလည်း ခရီးပန်းတိုင်ရောက်ရေး အလွန်ခဲယဉ်းလှပေသည်။ အကြောင်းကတော့ အပေးအယူ အလျှော့အတင်း မလုပ်နိုင်လောက်အောင် မာနတုတ်ချောင်းက တင်းခံနေသောကြောင့်ဖြစ်သည်။ 
        အုပ်စုနှစ်စုအကြား မတူညီသည့် သဘောထားများကို ရင်ကြားစေ့ရေး ကြိုးပမ်းကြရာတွင် အတ္တသမားတို့၏ တစ်ဖက်အုပ်စုအပေါ် အမြင်မှားနေသည့် သဘောထားနှင့် မိမိအုပ်စု၏လုပ်ဆောင်ချက်များသည်သာ အမှန်အဖြစ် ယူဆတတ်သည့် တယူသန်သဘောထားမှာလည်း ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေသည်။ တစ်ခါတရံတွင်မူ အတ္တမာန ပြင်းထန် သည့် ခေါင်းဆောင်အချို့သည် မိမိတို့၏ အတွေးအမြင်တွေေ၀၀ါးသွားမှာကို စိုးရိမ်သည့်အတွက် တဖက်လူ၏ ထင်မြင်ချက်ကို ထည့်မစဉ်းစာတတ်ကြပေ။ ဒီထက်ဆိုးသည်မှာ တစ်ဖက်အုပ်စုအပေါ် အထင်မှား အမြင်မှားဖြစ်အောင် မိမိ၏နောက်လိုက်များကို မျက်မှန်စိမ်းတပ်ပေးလိုက်ခြင်းဖြစ်သည်။ 
     ထိုအပြုအမူသည်လည်း အုပ်စုနှစ်ခုအတွက် စေ့စပ်ရေးလုပ်ရာတွင် ကောင်းသည့် လက္ခဏာမဟုတ်ပေ။ ထိုအပြင် မိမိအုပ်စုအတွင်း ပြိုကွဲသွားမည့်ကို စိုးရိမ်သည့်အတွက် မိမိအယူအဆ လုပ်ဆောင်ချက်များကို မှားနေမှန်းသိပါလျှက် မပြင်ဆင်နိုင်၊ မချပြနိုင်၊ မဝေဖန်နိုင်တော့ပဲ ထိန်ချန်ခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများကို မိမိကပင် ပြန်လည်၍ လုပ်ဆောင်လေ့ရှိတတ်ကြသည်။ သို့သော် ငြိမ်းချမ်းရေး ၊ စည်းလုံးညီညွတ်ရေး၊ သာယာဝပြောရေး ၊ တိုးတက်ကြီးပွါးရေး စသည့် စကားလုံးမှိုင်း များကိုမူ နှုတ်ဖျားမှ မချနိုင်လောက်အောင် မိမိတို့အုပ်စုအတွင်း တတွတ်တွတ် ရေရွတ် လျှက်ရှိတတ်ကြသည်။ 
   ဒီလိုနဲ့ပဲ ထိပ်ပိုင်း အတ္တမာန ၀ါဒရှင်ကြီးတို့သည်သာ အကျိုစီးပွါးများကို ရရှိခံစား သွားကြရပြီး နှစ်ဖက်လက်အောက် ငယ်သားတို့သည်သာလျှင် အစတေးခံ သားကောင် များ ဖြစ်သွာကြရရှာသည်။ ယင်းဖြစ်စဉ်များနဲ့ပတ်သက်၍ ခပ်ဝေးဝေးသို့ သွားပြီး သုတေသန ပြုလုပ်နေစရာပင် မလိုပါ၊ နှစ်ပေါင်းများစွာ ဖြစ်ပွါးလာခဲ့သည့် မြန်မာပြည်တွင်းစစ်ဖြစ်စဉ်က သက်သေခံလျှက်ရှိနေပေလိမ့်မည်။ တဖန် အတ္တမာန၀ါဒရှင်များတို့ရဲ့ သီးခြားဝါဒ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲဝါဒအရ သူက ဘာလူမျိုး ၊ ဘယ်ဘာသာ စသည်ဖြင့် လူမျိုး၊ ဘာသာယုံကြည်မှု၊ ယဉ်ကျေးမှုအရ ခွဲခြားလိုက်ခြင်းကသည်ပင် မိမိကိုယ်ကိုအစပျိုးပြီး အခြားကမ္ဘာလောကမှ သီးခြားခွဲထွက် လိုက်ခြင်းဖြစ်သည်။ ၄င်းအမြင်ကျဉ်းမြောင်းမှု၏ ရလာဒ်အဖြစ် မိမိအတွက် အနေပါကျဉ်းသွားရခြင်း အကျိုး အမြတ်ထွက်ပေလိမ့်မည်။ တနည်းအားဖြင့်ဆိုရသော် မိမိကိုယ်တိုင်သည်ပင် မိမိရဲ့အတ္တနှင့် မာနတို့ရဲ့ လက်တွင်းသို့ သက်ဆင်းကျရောက်နေသည့် သားကောင်ပမာဖြစ်နေသည်။ အကျိုးဆက်တစ်ခုအနေဖြင့်လည်း မိမိရဲ့ အတ္တဆန်ဆန်လုပ်ရပ်များကြောင့် မိမိနှင့် ဆက်စပ်နေသည့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း၊ ယဉ်ကျေးမှု စသည်တို့၏ ဂုဏ်သိက္ခာများကိုပါ ထိခိုက်နစ်နာရသည်အထိ ဖြစ်ရတတ်ပေသည်။ ယင်းကို မျိုးချစ်စိတ်ဓာတ်ဟု ခေါ်ကြမည်လော၊ မျက်စိတစ်ဖက်ကန်း မျိုးချစ်စိတ်သာ ဖြစ်ပေလိမ့်မည်။ 
   မြတ်ဗုဒ္ဓသည် အတ္တ၀ါဒလွှမ်းမိုးသည့် ခေတ်ကာလကြီးတွင် အနတ္တ၀ါဒ ဟု ကြွေးကြော်ကာ ပေါ်ထွက်လာခဲ့သည်။ မာန်မာနအရာတွင်လည်း သူမတူအောင်ထောင်လွှားနိုင်သည့် မင်းမျိုး မင်းနွယ်အနေထားမှာ ရှိနေပါလျှက် မာန်မာန ချိုးနှိမ်ကြောင်းလမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ မိမိကိုယ်တိုင် လျှောက်လှမ်းခဲ့သည့် ကျိုးရှိကောင်းမွန်သည့် လမ်းကြောင်းကို မိမိ၏နောက်လိုက်တို့အား ချပြကာ ကျင့်သုံးစေခဲ့သည်။ အဆိုပါလမ်းကြောင်းမှာ ဖန်ဆင်းထားသည့် လမ်းကြောင်းမဟုတ်ပဲ ရှာဖွေတွေ့ရှိထားသည့် လမ်းစဉ်သာဖြစ်သည်။ ယင်းသည် သဘာဝအမှန်တရား ဓမ္မပင်ဖြစ်သည်။ ၄င်းရှာဖွေတွေ့ရှိထားသည့် လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးသူကို ဗုဒ္ဓဘာသာဝင်အဖြစ် ခေါ်ဆို ရလေသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်အများစု ရှိသည့် မြန်မာပြည် တွင်းနှင့် ပြည်ပရောက် မြန်မာပြည်ဖွားများအကြားမှာ အုပ်စု၊ အဖွဲ့အစည်း၊ လူမျိုးစု စသည်အားဖြင့် အုပ်စုတစ်ခုနဲ့ တစ်ခုတို့အကြား အမှားနဲ့ အမှန် အပြန်အလှန်အပြစ်ဖို့ကာ အတ္တ မာနစစ်ပွဲကြီးများဆင်နွဲနေကြသည်။ ဒီလိုဖြစ်ရတာဟာ ခေတ်နဲ့ စနစ်ဆိုးတို့၏ အမွေဆိုးကြောင့်ဟု အပြစ်ဆိုကောင်း ဆိုကြပေလိမ့်မည်။ မှန်သင့်သလောက်မှန်ပါသည်။ သို့သော် လူသားတိုင်း အတိတ်ရဲ့ ခေတ်နဲ့စနစ်ဆိုးတို့၏ အပြဌာန်းခံများမဖြစ်သင့်ကြသလို မိမိကိုယ်တိုင်ကလည်း အနာဂတ်မျိုးဆက်သစ်တို့အတွက် စနစ်ဆိုး အမွေးဆိုးများကို ပေးဝေငှသူများ မဖြစ်သင့်ကြပေ။ အတိတ်ကချန်ထားရစ်ခဲ့သည့် စနစ်ဆိုးများကို မိမိခေတ်တွင် ပြုပြင်လိုသည့် အသိစိတ် မျိုးရှိသင့်ကြပေသည်။
     ပြဿနာ၏ ဖြစ်စဉ်အများစုများကို လေ့လာကြည့်ပါက သက်ဆိုင်ရာအုပ်စု အဖွဲ့အစည်း နာမည်မျှသာ ကွာခြားကောင်း ကွာခြားပေလိမ့်မည်၊ သို့သော် အနှစ်သာရအရ အမူအကျင့်အားဖြင့် ဒီပုတ်ထဲက ဒီပဲတွေကြီးဖြစ်နေသည်ကို တွေ့ကြရပေလိမ့်မည်။ ထို့ကြောင့် အမည်နာမနှင့် ခေါင်းစဉ် အစွဲ ပြင်းထန်မှုများကိုလျှော့ချပြီး အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ကြမည်ဆိုပါလျှင် ပြဿနာ၏ ရာခိုင်နှုန်းတော်တော်များများကို ဖြေရှင်းပြီးသားဖြစ်လိမ့်မည်ဟု ယူဆမိသည်။ 
      နိဂုံးချုပ်အနေနဲ့ မှတ်သားလိုက်နာဖွယ် ဟိန္ဒူဘာသာရေး ခေါင်းဆောင်ကြီး ရာမာခရစ်ရှနာ ၏ စကားလေးဖြင့် ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသည်။ 
    “ဇာတ်အနိမ့်အမြင့် အတန်းအစားဆိုသည်မှာ လူတို့၏ သညာသာဖြစ်သည်။ ဇာတ်အနိမ့်အမြင့်ထက် စေတနာအနိမ့်အမြင့် ရွေးတာက ပိုပြီးသဘာဝကျပါတယ်” ။ 
                                                                 (အရှင်ဥက္ကဋ္ဌ) 
ဓာတ်ပုံကို မိုးမခ ၀က်ဆိုက်မှ ကူးယူပါသည်။ မိတ်ဆွေ စာရေးဆရာ၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်။
လောကလွန်ကျင့်စဉ်
$
0
0
     ပွင့်တော် မူကြသည့် ဘုရားရှင်တိုင်း ဗာရာဏသီ မိဂဒါဝုန်ဝယ် ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့ကြသည်။ ထိုတရားဦးတွင် ကာမသုခလ္လိကာနုယောဂ- ကာမချမ်းသာကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ-မိမိကိုယ် မိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း ဟူသော အစွန်းရောက် အကျင့်မှား လမ်းစဉ်နှစ် သွယ်တို့ကို စွန့်ပယ်ကာ မဇ္ဈိမ ပဋိပဒါ- အလယ်အလတ်ကျင့်စဉ် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံရန် ညွှန်ကြားခဲ့ပေသည်။ 
      ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒုက္ခပေးလျက် ကျင့်ကြံသော အတ္တကိလမထ ကျင့်စဉ်သည် မြတ်ဗုဒ္ဓ ခေတ်ကတဲက အိန္ဒိယတွင် ရေပန်းစားခဲ့သည်။ မြတ်စွာဘုရားလောင်းသည်ပင် ပဲပြုတ်ရေ လက်တဆွမ်းမျှကိုသာ သုံးဆောင်၍ အစားအစာတို့ကို ဖြတ်တောက်ကာ ခြောက်နှစ်တိတိ ကျင့်ကြံခဲ့လေ၏။ အကျင့်မှားတို့ကို ပြုပြင်ပြီးနောက်မှသာ ဘုရားဖြစ်တော်မူခဲ့ပေသည်။ 
         ရှေးခေတ်ကတဲက ယုံကြည်ခဲ့သော ယင်းယဉ်ကျေးမှုဟောင်းသည် မဇ္ဈိမသား တို့အား ယခုအချိန်ထိ အမြစ်တွယ်ဆဲပင်ဖြစ်သည်။ ယုံကြည်ကျင့်သုံးနေကြဆဲပင် ဖြစ်ပေ ၏။  ပြီးခဲ့သည့်ရက်များအတွင်းက အလဟာဗာဒ်မြို့၊ ဂင်္ဂါ-ယမုနာဆုံစည်းရာ မြစ်ဆုံ၌ မဟာ ကုမ်မေလာ(Maha Kumbh mela) ရေချိုးပွဲတော်ကို ၅၅-ကြာ ကျင်းပပြီးစီးခဲ့လေ၏။ ထိုပွဲတော်မှ အပြန် ရေချိုးလာသူ အချို့တို့သည် ဗာရာဏသီမြို့သို့ ဆက်လာခဲ့ကြသည်။ ဗာရာဏသီ၊ ဂင်္ဂါမြစ်ကမ်းဘေးတစ်ဝိုက်တွင် သျှီဝဘုရား နေခဲ့ဘူးသဖြင့် ဆက်လက် ပူဇော်ဖို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ 
                                             ဂင်္ဂါမြစ်ကို ပူဇော်နေသူများ   
            ပူဇော်လာရောက်ကြသူတို့သည် ဂင်္ဂါမြစ်ကမ်းဘေးတစ်လျှောက် ပလတ်စတစ် အရွက်အကာမိုး ရွက်ဖျဉ်တဲလေးများကို စီတန်းကာ ဆောက်လုပ်ထားကြသည်။ ထိုမဏ္ဍပ်ငယ်လေးများ ထဲတွင် ဆာဒူးကြီးတို့သည် ထင်းမီးကို အမြဲဖိုထား၍ မန္တန်များရွက်ဖတ်ကာ ဂင်္ဂါမြစ်နှင့် နတ်ဘုရားကို ပူဇော်ကြသည်။ ဆာဒူကြီး အများစုသည် အ၀တ်မ၀တ်ကြဘဲ ဂင်္ဂါမြစ်ရေချိုးပြီး တစ်ကိုယ်လုံးကို ပြာဖြင့်လိမ်းကျံထားကြသည်။ ခေါင်းက ဆံပင်တို့ကို ရစ်ပတ်များစွာ ကျစ်ထားကြပြီး ပန်းများ၊ ပုတီးကုန်းကြီးများကို ပြွတ်သိပ်စွာ ပန်ဆင်ထားကြသည်။
       များပြားလှစွာသော ဆာဒူကြီးတို့သည် ယုံကြည်မှု ပြင်းပြင်းထန်ထန်ဖြင့် အ၀တ်မ၀တ်ကြဘဲ ကိုယ်တုံးလုံးတည်း နေထိုင်လျက် တစ်နေကုန် ပူဇော်ကြလေ၏။ လာရောက်ကြသူ ဟိန္ဒူဘာသာဝင်တို့က ထိုမဏ္ဍပ်ငယ်များကို တစ်ခုပြီး တစ်ခု လှည့်လည်ကာ တတ်နိုင်သမျှ အလှူငွေ ထည့်ဝင်၍ ပူဇော်ကြသည်။ ထိုအခါ ကိုယ်တုံးလုံး ဆာဒူးကြီးတို့က အသင့်ပူဇော်ထားသော ထင်းမီးဖိုမှ ပြာဖြင့် လာရောက်ကြသူတို့၏ နှဖူးကို တို့ပေးကာ ဆုတောင်းပေးကြသည်။ တစ်ခါတစ်ရံ မိမိ၏ ငယ်ပါ အင်္ဂါကို ၀ါးလုံးလေးဖြင့် ခပ်တင်းတင်း ရက်ပတ်ပြ၍ ပူဇော်ဟန်ဖြင့် ဂုဏ်ယူစွာ ကပြလေ၏။ ယိုသူမရှက် မြင်သူရှက်ကြရသည်ကတော့ သေချာလှ၏။ အချို့သူတို့က လက်အုပ်ချီပြီး ဂင်္ဂါမြစ်ရေထဲတွင် ထိုင်ထလုပ်လျက် ဂင်္ဂါမြစ်ကို ပူဇော်ကာ မကောင်းမှုကို မျှောကြ၏။ မတ်လ ၇-ရက်မှ ၁၂ ရက်နေ့ထိ ယဇ်မီးပူဇော်ပွဲကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်အုံးမည်ဟု ကြေငြာထားရသည်ကို တွေ့ခဲ့ရသည်။
                                               မီးဖြင့်ပူဇော်နေသည့် ဆာဒူးကြီး    
         မြတ်ဗုဒ္ဓသည် ထိုကဲ့သို့သော ကျင့်စဉ်ကို များစွာ ကဲ့ရဲ့ပေ၏။ အခါတစ်ပါး ရဟန်းတစ်ပါးသည် အ၀တ်မပါဘဲလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ခေါင်းပါးခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်ကိုဆောင်ခြင်း ကိလေသာကို ဖျက်ဆီးခြင်း လုံ့လကို အားထုတ်ခြင်း၏ ဂုဏ်ကို ချီးမွမ်းတော်မူလေ့ရှိ၏။
           အရှင်ဘုရား ဤအ၀တ်မ၀တ်ဘဲနေသောအကျင့်သည် များစွာသော အကြောင်း ဖြင့် အလိုနည်းခြင်းငှါ ရောင့်ရဲလွယ်ခြင်းငှါ ခေါင်းပါးခြင်းငှါ ကိလေသာကို ခါထုတ်ခြင်းငှါ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ ကိလေသာကို ဖျက်ဆီးခြင်းငှါ လုံ့လကို အားထုတ်ခြင်းငှါ ဖြစ်ပါ၏။ 
       အရှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ရဟန်းတို့အား အ၀တ်မ၀တ် သောအကျင့်ကို ခွင့်ပြုတော်မူပါလော့”ဟု လျှောက်၏။ 
          ထိုအခါ မြတ်စွာဘုရားသည် “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ဤအမှု သည် ရဟန်းတို့အား မလျော်ကန် မလျောက်ပတ်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မပြုသင့်။ မဂ်ဖိုလ်မမှီး အချည်းနှီးဖြစ်သောယောက်ျား သင်သည် အဘယ့်ကြောင့် တိတ္ထိတို့ ဆောက်တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို ဆောက်တည် ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ဤ(သင်ပြုမိသောအမှု)သည် မကြည် ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ၊ ကြည်ညိုပြီးသူတို့အား ကြည်ညိုတိုးပွားစေခြင်းငှါ မဖြစ်စသည်ဖြင့် ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် တိတ္ထိတို့ဆောက် တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို မဆောက်တည်ရ၊ ဆောက်တည်သော ရဟန်းအား ထုလ္လစဉ်းအာပတ် သင့်၏ ဟု ပညတ်တော်မူလေ၏။(မဟာဝါ-၄၂၁) 
          တစ်ဖန် စူဠ၀ါ ပါဠိတော်တွင် အ၀တ်မ၀တ်သော ရဟန်းသည် အ၀တ်မ၀တ်သော ရဟန်းကို ရှိမခိုးရ၊ အ၀တ်မ၀တ်ဘဲ အလှူမခံရ၊ ဆွမ်း ဘောဇဉ် မသုံးရ၊ အ၀တ်မ၀တ်ဘဲ ထိုအမှုတို့ကို ပြုလုပ်ပါက ဒုက္ကဋ်အာပတ်သင့်၏ဟု ပညတ်တော်မူလေ၏။ (နှာ-၂၅၈) 
         ပါရာဇိကဏ်ပါဠိတော်တွင် မိုးရေခံ သင်္ကန်း ဟောင်းနွမ်းသဖြင့် အ၀တ်မ၀တ်ဘဲ မိုးရေချိုးကြသော ဆဗ္ဗဂ္ဂီ ရဟန်းတော်တို့ကို များစွာ ကဲ့ရဲ့တော်မူလေ၏။ ယင်းနောက် မိုးရေခံသင်္ကန်း ရှာမှီးရမည်အခါ၊ ၀တ်ရမည့်အခါ တို့ကို ပညတ်တော်မူ၏။ (နှာ-၃၆၄) 
       တစ်ရံရောအခါ မြတ်စွာဘုရားသည် ထူလုဇနပုဒ် ဥတ္တရကာနိဂုံးသို့ နောက်လိုက်ရဟန်း လိစ္ဆ၀ီမင်းသား သုနက္ခတ်နှင့် အတူ ဆွမ်းခံဝင်လေ၏။ ထိုအခါ သုနက္ခတ္တ ရဟန်းသည် အ၀တ်မ၀တ်သော ကောရက္ခတ္တိယ တက္ကတွန်း၏ ခွေးကဲ့သို လေးဖက်ထောက်သွားခြင်း၊ ပြာပုံဖို ခနောက်နေရာ၌သာ ၀ပ်ခြင်း၊ ခွေးလိုစားခြင်း ၊ ခွေးလိုဟောင်ခြင်း စသည်တို့ကို မြင်ရာတွင် ထိုတက္ကတွန်းကို များစွာ အထင်ကြီး လေးစားလေတော့၏။ 
    ထိုအခါ သုနက္ခတ္တရဟန်း၏ စိတ်အကြံကိုသိတော်မူသော မြတ်စွာဘုရားသည် ထိုရဟန်းကို သာကီဝင်မင်းသား ဘုရားရှင်၏ တပည့်သားရဟန်းဖြစ်လျက် သာသနာပ မိစ္ဆာအယူကို အထင်ကြီးရမည်လား-ဟု ကဲ့ရဲ့တော်မူလေ၏။ ထိုရဟန်းသည် မြတ်စွာဘုရားကို အဘယ်ကြောင့် အရဟတ္တဖိုလ်ကို ၀န်တိုရပါသနည်းဟု စွတ်စွဲလေ၏။ ထိုအခါ ဘုရားရှင်က “ မဂ်ဖိုလ်မမှီး အချည်းနှီးဖြစ်သော ယောင်္ကျား ငါသည် အရဟတ္တဖိုလ်ကို ၀န်မတို ၊ စင်စစ် သင့်အား ဤယုတ်မာသော အယူမှားသည် ဖြစ်ပေါ်နေ၏။ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်” ဟု မိန့်တော်မူ၏။ (ပါထိက၀ဂ္ဂ နှာ-၄) 
       ဥပရိပဏ္ဏာသပါဠိတော် ဒေ၀ဒဟသုတ်တွင် အ၀တ်မ၀တ်သည့် တက္ကတွန်းများကို ရည်ညွှန်းတော်မူကာ “ အို- ရဟန်းတို့ သတ္တ၀ါတို့သည် ဗြဟ္မာ( တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ ချမ်းသာခြင်း ဆင်းရဲခြင်းတို့ကို ခံစားရပါက ဤအ၀တ်မ၀တ်သည့် တက္ကတွန်းများကို ယုတ်မာ ဆိုးညစ်သည့် ဗြဟ္မာ (တန်ခိုးရှင်)က ဖန်ဆင်းသည် အမှန်ဖြစ်ပေလိမ့်မည်”ဟု   ဝေဖန်ထောက်ပြတော်မူလေသည်။ ( နှာ-၃၁)
                                          ဆာဒူးကြီးတို့နှင့် အမှတ်တရ            
     ထိုစာပေတို့ကို ထောက်ဆပါက အ၀တ်မ၀တ်သည့် အကျင့်ကို ဘုရားရှင် ကဲ့ရဲ့ကြောင်း ထင်ရှားလှပေသည်။ ဇာတ်စနစ်စွဲ ပြင်းထန်းလှသော မဇ္ဈိမသားတို့သည် ထိုအကျင့်ကို ယုံကြည်စွာ ကျင့်သုံးနေကြဆဲပင် ဖြစ်ပေ၏။ ငယ်စဉ် ပိဋကတ်စာပေတို့ကို သင်ယူခဲ့ရစဉ်အချိန်က စာပေတို့သည် ဒဏ္ဍာရီ စာပေတို့ကို သင်ယူရသကဲ့သို့ အရသာမတွေ့လှ၊ အလှမ်းကွာလွန်းလှ၏။ ယခု အိန္ဒိယတွင် နေထိုင်ရသည့်အခါမှ စာပေတို့နှင့် နီးစပ်ရတော့၏။ 
          လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀-ကျော်ကတဲက မြတ်ဗုဒ္ဓသည် ဤနေရာမှာပင် အတ္တကိလမထ ကျင့်စဉ်ကို အကျင့်မှားဟု ဖော်ထုတ်ပြခဲ့၏။ ယခုအချိန်ထိ ယင်းဒေသခံလူတို့က ဤကျင့်စဉ်ကို မှန်ကန်သောအယူဖြင့် ကျင့်သုံးနေဆဲပင်ဖြစ်၏။ ဟိရီသြတ္တပ္ပတို့ဖြင့် ထိန်းချုပ်ထားသော ဤကမ္ဘာဝယ် မဇ္ဈိမသားတို့သည် လောကလွန်ကျင့်စဉ်များကို ဆက်လက်ကျင့်သုံးနေကြပေ၏။ ထိုပုံရိပ်တို့ကို မြင်ရသော မိမိအနေဖြင့် အံ့သြမိသည်မှလွဲ၍ အခြားဆိုဖွယ်ရာစကား မရှိတော့ပါချေ..။
 သိမ်မွေ့ဦး (BHU) 
(၀၁-၀၃-၁၃)
ထွန်ရေးမညက်တဲ့ ရင်
$
0
0
သက္ကရာဇ်တွေလဲ
 လောကဓံတွေနဲ့အတူ 
အရွယ်ရောက်ပြီးသား။ 
ရင်ဘတ်တွေလဲ 
အချစ်တွေနဲ့ အတူ 
ထွန်ရေးညက်ပြီးသား..။ 
      ကဗျာမှန်သမျှကို ကျွန်တော် နှစ်သစ်မြတ်နိုးသည်။ ကဗျာမှန်လျှင် ကာရန်ဖြင့် ဖွဲ့ရသော သံပေါက်၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုးမှစ၍ မော်ဒန်ကဗျာများမကျန် ခုံမင်စွာ ဖတ်ရှုခံစားသည်။ ’၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်’ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းထွတ်မယ်’ စသော ကလေးကဗျာများသည် ရသမျိုးစုံကို ရရှိသဖြင့် နှစ်ခြိုက်လှသည်။ ယခုခေတ် ဖွဲ့သီနေကြသော မော်ဒန်ကဗျာများသည် ဖတ်ရှုသူတို့၏ စိတ်ကူးဥာဏ်ကို ကွန့်မြူးစေကာ ရှု့ထောင့်မျိုးစုံမှ ရသခံစားမှုတို့ကို ပေးစွမ်းနိုင်ပေ၏။ 
     ကျွန်တော် ဆယ်ကျော်သက်အရွယ်က ၀ါသနာတူ ကဗျာအိုးလေးများ စုစည်းကာ ဥသြနွေ လူငယ်ကဗျာဝိုင်းကို ဦးဆောင်ကာ ဖွဲ့ခဲ့ဘူးသည်။ ကွန်ပျူတာ မရှိသေးသော အချိန်ဖြစ်၍ လက်ရေးမူတို့ဖြင့် မိတ္တူကူးကြကာ ကဗျာစာအုပ်လေး နှစ်အုပ်တော့ အောင်မြင်စွာ ထုပ်ဖြစ်ခဲ့ကြသည်။ ထိုကဲ့သို့ ကဗျာတို့ကို ရှုးသွပ်စွာ စွဲမက်ခဲ့သော်လည်း အနုပညာမြောက်အောင် ကဗျာတို့ကို ရေးဖွဲ့သီကုန်းရန် ကျွန်တော်တွင် ပါရမီမပါခဲ့။ ထိုကြောင့် ကဗျာချစ်သူ အဖြစ်သာ ကျေနပ်ရတော့သည်။
 ကျွန်တော်တွင် ရင်နှီးခင်မင်သည့် မော်ဒန်ကဗျာဆရာတစ်ယောက်၊ ကာရန်ဖြင့် ဖွဲ့သော ကဗျာဆရာတစ်ယောက်ရှိခဲ့ဘူးသည်။ သူတို့နှင့်ကျွန်တော် တွေ့လျှင် ထမင်းမေ့၊ဟင်းမေ့ ကဗျာအကြောင်း၊ စာအကြောင်းတို့ကို ဆွေးနွေးကြသည်။ ဆွေးနွေးဆိုသော်လည်း ကျွန်တော်ဘက်က ဆွေးနွေးခြင်းက အနဲငယ်သာ။ သူတို့ ရှင်းပြသမျှကို အံ့သြဘနန်း နားထောင်ရသည်က များသည်။ ကာရန်ကဗျာဆရာက မောင်စိန်ဝင်း ကဗျာတို့ကို အခြေခံကာ သူစပ်သမျှ ကဗျာတို့ကို ရွက်ပြကာ ခံစားစေသည်။ သူ့ကဗျာအများစုကို ကျွန်တော် နှစ်သစ်သည်က များသည်။ အထူးသဖြင့် သိဒ္ဓတ္တမင်းသား ၏ တောထွတ်ကာ ပစ်ခွါသွားသဖြင့် ယသော်ဓရာ၏ အထီးကျန် ခံစားချက်ကို ဖွဲ့သီသောကဗျာနှင့် မြတ်ဘုရားသာသနာကို ချစ်မြတ်နိုးကာ သာသနာဘောင်တွင် အရိုးထုတ်တော့မည့် ရဟန်းငယ်တစ်ပါး၏ ခံစားချက်ကို ရေးစပ်သော ‘ဘ၀မိုးမြေ’ ဟူသော ကဗျာတို့ကို မှတ်မှတ်ရရ ရှိနေခဲ့သည်။
 ‘ဘ၀မိုးမြေ’ 
ရီဝေပိန်းပိတ် 
ဟိုး…အတိတ်က
 အရိပ်သည်ပင် 
ပီပြင်ထင်ခဲ့။ 
ငယ်စဉ်ကကျွမ်း 
သဲဦးပန်းနှင့်
 ချစ်ခန်းပြန်ကာ 
ဖွင့်လိုပါလည်း… 
သာသနာအတွက် 
 ပေးအသက်မို့ 
ဆက်စပ်မရ 
ပစ္စက္ခသည် 
ဘ၀မိုးမြေ
 ခြားပြီတည်း..။ 
   မိတ်တွေ မော်ဒန်ကဗျာဆရာကတော့ ထိုသို့မဟုတ်။ သူ၏ ခံစားမှု တို့ကို မော်ဒန်ဝါကျလှလှလေးတို့ဖြင့် ရေးခြစ်သည်။ တစ်ခါတွင် သူ မန္တလေး မဟာမြတ်မုနိ ဘုရား သွားဖူးရင်း ဘုရားရင်ပြင်မှ အလှပန်းပင်တို့ကို ကပ်ကြေးဖြင့် ညှပ်ပြီး ပြုပြင်နေသည်ကို မြင်ခဲ့ရသည်။ ယင်းနောက် တောသစ်ရိုင်း ဟူသော မော်ဒန်ကဗျာ တစ်ပုဒ် သူ့ရင်မှ ထွတ်ကျလာသည်။
           ကဗျာစာသားတို့ကို မမှတ်မိသော်လည်း တောထဲက တောသစ်ရိုင်းပင်တို့မှာ ပြုပြင်သူမရှိ၊ သူ့ဘာသာသူ လွတ်လွတ်လပ်လပ်ဖြင့် အစွမ်းကုန် ရှင်သန်နိုင်ပေသည်။ သူ့ကိုလဲ မည်သူမျှ သတိမထားပေ။ သို့သော် သူ၏ လွတ်လပ်မှုဖြင့် သူ့ဘ၀သူ ကျေနပ်နေသည်မှာတော့ သေချာသည်။ 
         အလှသစ်ပင်တို့ကတော့ ထို့သို့မဟုတ်၊ နေ့တိုင်းပြုပြင်ခံနေကြရသည်။ သူ့ဘ၀သူ လွတ်လပ်စွာ ရှင်သန်ခွင့်မရကြ။ သူ၏ အလှကြောင့် သူနှင့်အတူ တွဲဖက်ကာ ဓာတ်ပုံရိုက်နေကြသူတွေလည်း များမှများ။ သို့သော် သူ၏ တစ်ကိုယ်ရေ လွတ်လပ်မှု ကတော့ အားလုံးဆုံးရှုံးသွားတော့၏။ ထိုသစ်ပင်နှစ်ပင်တွင် သူ့ဘ၀ကို မြို့မှ အလှသစ်ပင်လို မဖြစ်လိုဘဲ တောသစ်ရိုင်းပင်လို ဖြစ်ချင်၏ဟု ရေးဖွဲ့ခြင်းဖြစ်၏။ 
          ကျွန်တော်မှာ ထိုကဗျာကို ကြိုက်လိုက်ရတာ အရှုးအမူး။ ကျွန်တော်ကဲ့သို့ပင် နိုင်ငံရေးအမြင် ရှိသူတို့ကလဲ စစ်အာဏာအောက်တွင် ပြားပြားဝပ် နေရသော သူတို့၏ဘ၀နှင့် ခံစားကာ နှစ်သစ်ကြသည်။ လူကြီးတို့၏ ထိန်းချုပ်အောက်တွင်နေရသော ဆယ်ကျော်သက် တို့ကလည်း သူတို့၏ လွတ်လပ်မှုအတွက် ခံစားကာ နှစ်သစ်ကြလေ၏။ သူ၏ ကဗျာတို့တွင် အများစုကို ကျွန်တော် နှစ်သစ်သည်။ သူ၏ ကဗျာတစ်ပုဒ်လုံးကို အမှတ်မရသော်လည်း အမြဲ စွဲမက် အမှတ်ရနေသည့် ကဗျာပိုဒ်လေး တစ်ပိုဒ်ရှိသည်။ ယင်းပိုဒ်လေးကို ကျွန်တော်ရင်မှာ အမြဲသိမ်းထားဖြစ်သည်။ 
         ‘သက္ကရာဇ်တွေလဲ လောကဓံတွေနှင့်အတူ အရွယ်ရောက်ပြီးသား’ တဲ့။ မှန်လိုက်လေ။ ကျွန်တော်အရွယ် ဆယ်စုနှစ် သုံးခု ကျော်ခဲ့ပြီမို့ ကျွန်တော်သက္ကရာဇ်တွေ အရွယ်ရောက်ခဲ့ပြီးပြီ။ ထိုသက္ကရာဇ်များအတွင်း ကျွန်တော်လည်း လောကဓံမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရပြီးပြီ။ တစ်ခါတစ်ရံ လောကဓံကို အနိုင်ယူနိုင်ခဲ့သလို အရှုံးပေးခဲ့ရတာလည်း အကြိမ်ကြိမ်ပင် ဖြစ်သည်။
          ‘ရင်ဘတ်တွေလဲ အချစ်တွေနှင့်အတူ ထွန်ရေးညက်ပြီသား’ တဲ့။ အင်..ဒါတော့.. ဒါတော့..။ ဘ၀ကံတရား၏ ဖေးမမှုအရ ကျွန်တော်မှာ ငြိမ်းချမ်းသောနေရာတွင် ကြီးပြင်းခဲ့ရသည်။ ရပ်တည်နေ ရသည့် နေရာ၊ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တို့က လျှပ်ပေါ်လော်လီမှုကို ခွင့်မပြု။ ထိုကြောင့် မခုတ်တတ်သော ကြောင်ကလေး ကဲ့သို့ သိုသိပ်စွာ နေထိုင်ခဲ့ရသည်။ သို့သော် ကျွန်တော်နှလုံးသားသည် သံမဏိကဲ့သို့ မာကျောသော အသဲနှလုံးကား မဖြစ်ခဲ့ပေ။ ထိုကြောင့် ဖွင့်ပြောခွင့် မရခဲ့သော်လည်း တစ်ဘတ်သတ်နှင့် ကြိတ်ဆွေးခဲ့ရသည်မှာ အကြိမ်ကြိမ်။ သောကတွေ ပွေ့ဖက်ခဲ့ရသည်မှာ အအိပ်ပျက် အစားပျက်။ ဖြေဆေးအဖြစ် ၀ဋ်ရှိသမျှ ခံပေတော့ဟု ဖြေတွေးလေး တွေးပြီးတော့လည်း နေခဲ့ဘူးသည်။
          သေချာသည်က ကျွန်တော်၏ ရင်ဘတ်မှာ အချစ်ထွန်သွားတွေနှင့် ကြိမ်ဖန်များစွာ ထွန်ခဲ့ဘူးပြီ။ ကျွန်တော်မိတ်ဆွေကတော့ ထွန်ရေးညက်ပြီသားတဲ့။ ကျွန်တော် ရင်ဘတ်တွေရော..။ ဟင်… မညက်သေး. မညက်သေး..၊ စိုက်ပျိုးရန် အဆင်သင့် မဖြစ်သေးဟု ပွင်းလင်းစွာ ၀န်ခံရတော့မည်။ 
   ယခုဆိုလျင် ပြည်ပရောက်နေသည်မို့ ကျွန်တော်မိတ်ဆွေ ကဗျာဆရာတွေနှင့် မတွေ့ရသည်မှာ ခြောက်နှစ်ပင် ကျော်ခဲ့ပေပြီ။ ခုလောက်ဆိုလျင် သူတို့လည်း ကဗျာပုဒ် များစွာ မွေးဖွားပြီးလောက်ပေပြီ။ နောက်တစ်ခါ ပြန်တွေ့လျင် သူတို့၏ကဗျာတို့ကို နားထောင်ကာ တ၀ကြီး ခံစားရပေအုံးမည်။ ပြီးတော့ ထွန်ရေးမညက်သေးသည့် မိမိ၏ ရင်ဘတ်ကြီး အကြောင်းကို လည်း ပြောပြရပေအုံးမည်။ စာရှု့သူ.. မိတ်ဆွေတို့၏ ရင်ဘတ်တွေရော ထွန်ရေးညက်ကြပြီလား.။ ထွန်ရေးညက်ပြီး ကုသိုလ်မျိုးစေ့များ အမြန်စိုက်ပျိုးနိုင်ကြစေဟု မျှော်လင့်မိပေသည်။
 သိမ်မွေ့ဦး (BHU)
 (၀၇-၀၃-၂၀၁၃)
ခရာ့ပ်ဟိုးဂယား
$
0
0
               လောကမှာ နာမည်ကြီး ပစ္စည်းပေါတယ်ဆိုတာ အလကားပါ၊ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုရမှာပါ။ 
                  Fame and wealth are after all nothing. When you die you have to depend on Sila (precept), Samadhi (stability) and Pañña (wisdom).
                                                 (တောင်မြို့၊ မဟာဂန္ဓာရုံ ဆရာတော်) 
            ‘ထိကေ အာချာ တူးယီးယား’ ဟူသော စကားသည် အိန္ဒိယနေ အရှင်တို့အတွက် ဗန်းစကား တစ်ခုလို ဖြစ်နေခဲ့သည်။ သဘောမှာ- ဟိန္ဒီစကား အများကြီး မတတ်ချင်နေပါစေ၊ ထိကေ-အိုကေ၊ အာချာ- အိုကေ, ကောင်းပြီ ဟူသော ကုလားစကားနှစ်ခွန်းဖြင့် အမ်အေ နှစ် နှစ်အတွက် ကုလားနိုင်ငံတွင် နေနိုင်သည်ဟု ဆိုလို ၏။ ဟိန္ဒီစကားကို စိတ်မ၀င်စားသော မိမိအတွက် မဇ္ဈိမတွင် နေခဲ့သည်မှာ ငါးနှစ်ရှိခဲ့ သည်တိုင် ကုလားစကားကို များစွာ မပြောတတ်ခဲ့ပေ။ ထို့ကြောင့် မိမိအတွက် ‘ထိကေ အာချား တူးယီးယား’ ကို ‘ ထိကေ အာချာ ဖိုက်ယီးယား’ ဟု ပြင်ရ မလိုပင် ဖြစ်နေတော့သည်။ ငါးနှစ်ကို စွန်းလာသော ယခုအခါမှ ခရာ့ပ်ဟိုးဂယား ဟူသော ဟိန္ဒီစကား အသစ် တစ်ခွန်းကို ကောင်းမွန်စွာ နားလည်ခဲ့ရသည်။
          ဤဒေသတွင် ကျောင်းတက်နေကြသော ရဟန်းတော်များအတွက် သွားရေး လာရေး လွယ်ကူစေရန် စက်ဘီး သို့မဟုတ် ဆိုင်ကယ် တစ်စီးစီးတော့ ရှိမှ အဆင်ပြေကြသည်။ ထိုသို့မဟုတ်ပါက ကျောင်းသွား၊ ဈေးသွားရာတွင် ပေးရမည့် ဆိုက်ကား (ရက်ရှော) ဖိုးမှာ မထောင်းတာပေ။ ထို့ကြောင့် မြန်မာအမြင်ဖြင့် မသင့်တော်ဟု ထင်ရသော်လည်း ပညာသင်ခရီး အဆင်ပြေချောမွေ့စေရန်အတွက် တစ်ခုခုကိုတော့ စီးကြရသည်။
 မိမိသည် ဤမှာ နေခဲ့စဉ်ကာလ အစ သုံးနှစ်အတွင်း စက်ဘီးလေးဖြင့် အဆင်ပြေခဲ့သည်။ သို့သော်လည်း အလှူခံကုလားတို့၏ ချီးမြှောက်မှုကြောင့် စက်ဘီးသုံးစီးကိုတော့ ပြောင်းလှဲကာ ၀ယ်စီးခဲ့ရသည်။ ကြာလာတော့ စက်ဘီးစီးရသည်ကို ပင်ပန်းသလို ထင်လာသည်။ အထူးသဖြင့် နွေရာသီရောက်လျင် ဗာရာဏသီအပူ နှင့် စက်ဘီးနင်းရသည်မှာ ဘယ်လိုမှ သဟဇာတ မဖြစ်၊ ထို့ကြောင့် သက်တောင့်သက်သာ ဖြစ်စေမည့် ဆိုင်ကယ်တစ်စီးဝယ်ရန် စိတ်ကူးရသည်။ အသစ်ဝယ်စီးပါက ဈေးကလဲ များပြီး ထပ်မံနေရမည့်နှစ်ကလည်း နှစ်နှစ်ကျော်မျှမို့ သိပ်မကိုက်လှ၊ ထို့ကြောင့် ဈေးသင့်သည့် အဟောင်းလေး တစ်စီးကိုသာ ၀ယ်စီးဖြစ်သည်။ ဆိုင်ကယ်နှင့်မို့ သွားရလာရသည်မှာ သက်သာသကဲ့သို့ ဣနြေ္ဒမပျက်လည်း ရှိသည်။
            စကူတီ ခေါ်သည့် ဆိုင်ကယ်လေးကို ရှုပီး ရှစ်ထောင်ဖြင့် ၀ယ်ဖြစ်သည်။ ၀ယ်လျှင် ၀ယ်ပြီးချင်း အတွင်းက မကောင်းတော့သည့် မီးလုံးစသည်တို့ကို အသစ် လဲလည်ရသဖြင့် ရှုပီး နှစ်ထောင်ကုန်သွားသည်။ ပြင်ဆင်ကာစီး၍ နှစ်ပတ်ခန့် ကြာသောအခါ အတွင်းက တဒုတ်ဒုတ်မြည်ပြီး စီးရသည်မှာ ခုန်နေ၏။ ဆိုင်ကယ်ပြင်ဆိုင် ကို သွားပြသည့်အခါ အတွင်းကို ဖွင့်ပြီး မကောင်းတော့သည့်အရာတို့ကို ပြသကာ ခရာပ့်ဟိုးဂယားဟု ပြောလေ၏။ ထိုစကားကြောင့် ဆိုင်ကယ်အတွင်းက တစ်ချို့အရာတို့ကို အသစ်ဝယ်ကာ လဲတပ်လိုက်ရသည်။ 
        လအတန်ကြာသောအခါ စီးရသည်မှာ အဆင်မပြေပြန်၊ ထို့ကြောင့် ဆိုင်ကို ထပ်ပြရပြန်၏။ ဆိုင်ကယ်ပြင်ကုလားက ရှေ့ဘီး နောက်ဘီးတို့ကို ပြကာ ခရာ့ပ်ဟိုးဂယား ဟုဆိုပြန်လေ၏။ ထို့ကြောင့် သံခွေနှင့် တာရာ အားလုံးကို အသစ်ချိန်းလိုက်ရ၏။ 
       ထိုကဲ့သို ပြင်လိုက်သော်လည်း ဆိုင်ကယ်သည် အကောင်းပကတိတော့ မဖြစ်။ အနှေး အမြန်လုပ်ရသည့် ညာဘက် လက်ကိုင်က ကြပ်လွန်းလှ၏။ လူရှုပ်သည့်နေရာ ရောက်ပါက မောင်းရ သည်မှာ ခက်ခဲလှ၏။ ထို့ကြောင့် ဆိုင်ကို ထပ်ပြရပြန်သည်။ အတွင်းက ဘရိတ်ကြိုးများကို ပြကာ ခရာ့ပ်ဟိုးဂယား ဟုကြားရပြန်၏။ ထုံးစံအတိုင်း အသစ်ဝယ်ကာ လဲခဲ့ရ၏။ 
        ပြင်ရဖန် များလာသောအခါ မိမိအနေဖြင့် ဆိုင်ကယ်ကို စိတ်ကုန်စပြုပြီ။ စီးရတာကိုပင် သိပ် မနှစ်သစ်ချင်တော့။ နောက်ထပ် တစ်စီး ပြန်ဝယ်ဖို့ဆိုလျင်လည်း ငွေကြေးက မတတ်နိုင်။ သည်းခံပြီး ဒီအစုတ်ကိုပင် ငဲ့ညာကာစီးရတော့သည်။ 
             သိပ်မကြာပါ။ လက်ဖြင့် နှိပ်ကာ နိုးရသည့် စတာ့(ထ်)က မရတော့။ ဆိုင်ကို သွားပြရပြန်သည်။ ဘတ္တရီ ခရာ့ပ်ဟိုးဂယား ဖြစ်နေပြီဟု ဆိုလာသဖြင့် (၁၈) လ အာမခံ ပါသည့် ဘတ္တရီ အသစ်ချိန်းလိုက်ရသည်။ 
          ဘတ္တရီ အသစ်ချိန်းပြီးသောအခါ စတာ့(ထ်)က အဆင်ပြေနေသော်လည်း ရာသီဥတု အေးသောအခါ ချက်ခြင်းအဆင်မပြေ။ ထို့ကြောင့် ခြေထောက်ဖြင့် အားပြုကာ နှိုးရသည်။ ခက်သည်က ထိုခြေထောက်နှိုးသည့်နေရာက အလုပ်မလုပ်ပြန်။ ထုံးစံအတိုင်း ဆိုင်ကိုသွားပြတော့ မိမိအကြောက်ဆုံးစကား ထပ်ကြားရသည်။ ခရာ့ပ် ဟိုးဂယား.။ အတွင်းက ပစ္စည်းတစ်ချို့ အသစ်ဝယ်ကာ တပ်လိုက်ရသည်။ 
       ဆိုင်ကယ်ဆိုင်သွားပြသည့်အခါတိုင်း ခရာ့ပ်ဟိုးဂယား စကားကို ကြားရသောအခါ အသစ် လဲရသည်မို့ ထိုစကား ကြားရမည်ကို မိမိ ကြောက်လာသည်။ အဓိပ္ပါယ်ကို ဂဃနဏ မသိသော်လည်း ထိုစကားကို ကြားရပြီးလျင် အသစ်ဝယ်လဲရပြီ။ ဟိန္ဒီစကားကို ကျွမ်းကျင်သည့် အရှင်အား ယင်းစကား၏ အဓိပ္ပါယ်ကို မေးကြည့်သောအခါ ပျက်သွားပြီ၊ကုန်ခန်းသွားပြီဟု သိရလေ၏။ 
       တကယ်တော့ မိမိ၏ ဆိုင်ကယ်သည် အပြင်ပန်းအမြင်ဖြင့်မူ အနက်ရောင်လေးဖြင့် လှပသလို ရှိလှသည်။ အတွင်းပိုင်းကမူ ခရာ့ပ်ဟိုးဂယားကြောင့် အင်ဂျင်မှလွဲ၍ အကုန် အသစ် လဲထည့်လိုက်ရပြီ။ ၀ယ်စဉ်က ရှုပီး ရှစ်ထောင်၊ ပြင်ခ ကိုးထောင်ငါးရာမို့ နှစ်နှစ်အတွင်း ရှုပီး (၁၆၅၀၀) ကုန်ခဲ့လေပြီ။ ဆီခ ပါ ထည့်တွက်လျင် မသက်သာ၊ ခုတော့ မိမိဆိုင်ကယ်လေး အလုပ်လုပ်ဆဲ ရှိနေသေးသည်။ ဆိုင်ကယ်နှင့်ဆက်စပ်ပြီး နောက်ထပ် ခရာ့ပ်ဟိုးဂယား မကြားရပါစေနဲ့ဟုသာ ဆုတောင်းနေရတော့သည်။
         တစ်ရက် .. ဆိုင်ကယ်လေးကို ကြည့်ပြီး မိမိဘ၀ကို မိမိ ပြန်လည်ကာ သုံးသပ်နေမိ သည်။ မိမိသည် သာသနာဘောင် ၀င်ရောက်လာသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ၀တ်စားဆင်ယင်မှု စသည်မှာ အချိုးတကျ ဖြစ်နေခဲ့ပြီ။ ကိုယ့်ဓာတ်ပုံ ကိုယ်ကြည့်ပြီး ကြည်ညိုစရာကောင်းလောက်အောင် အသွင်သဏ္ဍာန်အားဖြင့် စနစ်တကျဖြစ်နေခဲ့ပြီဟု ယူဆမိလေ၏။
      အဇ္ဈတ္တမှာရော သီလ၊သမာဓိ၊ပညာဟူသော အဆင်တန်ဆာတိုဖြင့် လှပနေပြီလား။ ယင်းတရားတွေ တိုးတက်နေပြီလား-ဟု မိမိကိုယ်မိမိ ပြန်လည်မေးမြန်းဖြစ်သည်။ ဆရာသမားတို့၏ ထိန်းချုပ်မှုအောက်တွင် နေခဲ့ရစဉ်အချိန်က မနက်စောစောထကာ ၀တ်တက်၊၀တ်ကပ်၊ တရားထိုင်ခြင်းတို့ကို ပုံမှန် ပြုလုပ်ကြရသည်။ ယင်းနောက် ဆွမ်းခံဝတ်၊ သေနာသန-ကျောင်းကန် သန့်ရှင်းရေးဝတ်တို့ကို ပျော်ရွင်စွာ ဖြည့်ခဲ့ကြသည်။ စာတက်လိုက်၊ စာအံလိုက်၊ အဆုံးအမတွေ ခံယူလိုက်ဖြင့် ဘ၀ကို ကုသိုလ်တို့ဖြင့်သာ တစ်နေကုန် ကုန်လွန်ခဲ့ကြရသည်။ 
      အရွယ်ရောက်ပြီ၊ပညာစုံပြီဟု သတ်မှတ်ခံရပြီးသည့်နောက်တွင် ဆရာသမားများက ယခင်ကကဲ့သို့ မကြပ်မတ်တော့။ လွတ်လပ်ခွင့်လေးတွေ ရလာတော့သည်။ ထို့နောက် မအားသေးဟူသော အကြောင်းပြဖြင့် ၀တ်တက်ခြင်း၊ တရားထိုင်ခြင်း စသော ကုသိုလ်ရေးရာတို့ကို ပျက်ကွက်တော့သည်။ အကြောင်းရှာတော့လည်း မည်မည်ရရ ဘာမှ မရှိ၊ ကြီးလေသာသည့် ကိလေသာတို့ နောက်ကို လိုက်ကာ အကုသိုလ်တွေ များလာတော့သည်။ ရေပန်းစားနေသည့် လောကီအရာတို့ကို ပိုင်ဆိုင်ခွင့်ရလျင် ကျေနပ်လာသည်။ ဂုဏ်ယူလာသည်။ အဓိကအရာဖြစ်သည့် သီလ၊သမာဓိ၊ပညာ တို့နှင့်တော့ ဝေးသထက်ဝေးလာလေ၏။ 
      ခုတော့ အကောင်းဆုံးမဟုတ်သေးသော်လည်း ပျက်ယွန်းလာသည့် စာရိတ္တ၊ ကိုယ်ကျင့်တရားတို့ကို သတိတရားဖြင့် ထိန်းမတ်ကာ ပြင်ဆင်နေရသည်။ သို့မဟုတ်ပါက မိမိဆိုင်ကယ်ကဲ့သို့ ခရာ့ပ်ဟိုးဂယားဖြစ်သွားမှာကို စိုးရိမ်ရသည်။ 
   မိမိဆိုင်ကယ်လေးသည် အသွင်အပြင်အားဖြင့် လှပသော်လည်း အတွင်းပိုင်း ပျက်စီးကုန်ဆုံးသွားသောကြောင့် ပြုပြင်လိုက်ရသည်။ အချိန်မှီ ပြင်ဆင်နိုင်သေးသဖြင့် ယခုချိန်ထိတော့ အသုံးဝင်ဆဲဖြစ်သည်။ မိမိသည်လည်း အပြင်သဏ္ဍာန်အားဖြင့် ခေါက်ရိုးကျိုးနေပြီဖြစ်၍ ကြည်ညိုဖွယ် ပါသာဒိကဂုဏ်ရှိနေပေမည်။ အဇ္ဈတ္တမှာတော့ အနှစ်သာရတို့ အားနဲလာသည်၊ ပျက်စီးယိုယွင်းလာသည်ဟု ရှက်ရွံ့စွာ သုံးသပ်မိသည်။ ထိုကြောင့်လည်း ကြိုးစားကာ ပြုပြင်နေရဆဲ ဖြစ်သည်။ အကောင်းကြီး မဖြစ်ခဲ့ရင်တောင် မိမိ၏ ဆိုင်ကယ်လေးလောက်တော့ အသုံးဝင်ချင်သေးသည်။ 
     ယခုတော့ မိမိသည် ဆိုင်ကယ်လေးထံမှ ထွတ်ပေါ်လာမည့် ခရာ့ပ်ဟိုးဂယား ဟူသော အသံကို ကြောက်နေမိသကဲ့သို့ မိမိ၏ အတွင်း အနှစ်သာရနှင့် ပတ်သက်၍ ကိုယ်စောင့်နတ်များ သတိပေးမည့် ခရာ့ပ် ဟိုးဂယား ဟူသော အသံကိုလည်း ထိန့်လန့်နေမိပေသည်။ 
 သိမ်မွေ့ဦး (BHU)
 (၁၁.၀၃.၁၃)
ဖုံးထားဆဲ ဖုန်း
$
0
0
          အရှိန်အ၀ါ မဲ့တာထက် အလိမ္မာမဲ့တာက သာပြီး ခက်ပါတယ်။ 
    It is more difficult to achieve wisdom than to acquire fame and influence.
                                                                    (တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်) 
        “ငါတို့ နိုင်ငံမှာ ဖုန်းဆိုတာ လူချမ်းသာတွေပဲ ကိုင်နိုင်တာလေ။ ဆင်းကာ့ဒ် တစ်ကဒ်ကို ဒေါ်လာ (၃၀၀၀) ကျော်ပေးရတယ်။ ငါ့ မိသားစုတွေက လယ်သမားတွေ။ ဒီလောက်ဈေးကြီးတာကို ဘယ်လိုလုပ်ကိုင်နိုင်မှာလဲ။” 
        ကျွန်ုပ် အိန္ဒိယကို ပညာသင်ရန် စတင်ရောက်ခဲ့သည့် နှစ်က ၂၀၀၇-ခုနှစ် ဖြစ်သည်။ တက္ကသိုလ်တွင်းရှိ နိုင်ငံတကာ ကျောင်းသားဆောင်တွင် နေထိုင်ရင်း နိုင်ငံပေါင်းစုံမှ ကျောင်းသားများစွာတို့နှင့် သိကျွမ်းခွင့်ရခဲ့သည်။ နေ့စဉ်လိုပင် သူတို့မိသားစု အသီးသီးက အဆင်ပြေသလားစသည်ဖြင့် ဖုန်းဆက်ကြသည်။ ကျွန်ုပ်ထံသို့ကား မည့်သည့်ဖုန်းမျှ မလာ။ ထိုအချင်းအရာကို သတိထားမိကြသော မိတ်ဆွေများက ဖုန်းမလာခြင်း၏အကြောင်းကို မေးကြလေ၏။ ထိုအခါ ကျွန်ုက အထက်ပါစကားကို ဖြေခဲ့မိသည်။  
     ယင်းနောက် မေးကြသော မိတ်ဆွေများက ကျွန်ုပ်စကားကို လုံးဝမယုံကြပေ။ ဖုန်းကဒ် တစ်ကဒ်ကို ဒေါ်လာ သုံးထောင် ဘယ်လိုမှ မဖြစ်နိုင်ဟု ပြောကြပြီး ပုံလာပြောလာသောသူတစ်ယောက်ကဲ့သို့ ကျွန်ုပ်ကို ၀ိုင်းကြည့်ကြသည်။ ကျွန်ုပ် အိန္ဒိယကို ထွတ်လာသည့်အချိန်က ဒေါ်လာ ပေါက်ဈေးမှာ ဒေါ်လာတစ်ရာလျင် မြန်မာငွေ တစ်သိန်းသုံးထောင်ဖြစ်၍ ဆင်းကာ့ဒ် တစ်ကဒ်ကို ဒေါ်လာသုံးထောင်တောင် ကျော်နေ သေးချိန် ဖြစ်၏။ 
        ထိုအချိန်က အိန္ဒိယတွင် ဟန်းဆက်တစ်လုံးက ၀ယ်ပါကဆင်းကာ့ဒ် ကိုပင် အပိုပေးလိုက်သေး၏။ ယခုနှစ်တွင် ဆင်းကာ့ဒ် တစ်ကတ်၏ တန်းဘိုးမှာ ရှုပီး(၁၂၅) ဖြစ်သည်။ ယင်း ဆင်းကာ့ဒ်ထဲတွင် ခေါ်ယူသုံးစွဲရန် ရှုပီး(၈၀)ကျော် ပါပြီးသားဖြစ်လေ၏။ မြန်မာငွေဖြင့် တွက်ကြည့်ပါက ကျပ်(၂၂၀၀) ခန့်သာ ဖြစ်၏။ 
      ဤဒေသကို စရောက်ခါစက လက်ကိုင်ဖုန်း ကိုင်ရသည်ကို ကျေနပ်အားရခဲ့သည်။ တစ်သက်နှင့် တစ်ကိုယ် ကိုယ်ပိုင်လက်ကိုင်ဖုန်းဟူ၍ မကိုင်ဘူးသေးသောကြောင့် ကျိုးလှလှလေးဖြင့် လည်ပင်းတွင် ချိန်ဆွဲကာ ကိုင်ခဲ့သည်။ မြင်သော သူငယ်ချင်း တစ်ပါးက ‘ကိုယ်တော်ဖုန်းက ကုလားတောင် ဆင်းရဲသား ကိုင်တဲ့ ဟန်းဆက် လည်ပင်းမချိတ်နဲ့၊ ရှက်စရာကောင်းတယ် ‘ဟု သတိပေးမှ အိတ်ထဲ ထည့်ကာ ကိုင်ဖြစ်သည်။ 
     ကျွန်ုပ် အကြီးတန်းကို ပညာသင်ယူနေစဉ် စာသင်သားဘ၀က ဖြစ်ရပ်တစ်ခုကို အမှတ်ရမိသည်။ တစ်ရက် ဘီဘီစီ အသံလွှင့်ဌာနမှ အထူးအစီအစဉ်အဖြစ် အသံဇာတ်လမ်းတစ်ပုဒ် လွှင့်သည်။ ဇာတ်လမ်းထဲတွင် ၂၀၁၀-ခုနှစ် ရောက်သောအခါ မြန်မာနိုင်ငံသည် တိုးတက်နေပြီဖြစ်၍ ဆိုက်ကားသမားရော ဟင်းရွက်စိမ်းသည်မကျန် လက်ကိုင်ဖုန်းတို့ဖြင့် ပြောဆိုနေကြလေ၏။ နားထောင်ရသူ ကျွန်ုပ်တို့မှာ ဟာသဇာတ်လမ်းကို နားထောင်ရသကဲ့သို့ တသောသော ရယ်ခဲ့ကြသည်။ နားထောင်သူထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် စာချဘုန်းကြီးက ဘီဘီစီက မဖြစ်နိုင်တာကို အတော်ပြောတတ်သာပဲ ဟု မှတ်ချက်ပေးသည်။ ကျွန်ုပ်လည်း လုံးဝမဖြစ်နိုင်သည့် စိတ်ကူးယဉ် ဆန်သော ဇာတ်လမ်းဟုသာ ထင်မြင်ခဲ့သည်။
        ခြံစည်းရိုးတစ်ဘက် အိန္ဒိယသို့ ရောက်လာသောအခါတွင် ကျွန်ုပ်၏ အမြင်များ လုံးဝ ပြောင်းလဲသွားတော့သည်။ ဖုန်းကဒ်တစ်ခု မြန်မာနိုင်ငံတွင် သိန်းသုံးဆယ်၊ အိန္ဒိယမှာ အခမဲ့။ အော်.. ကွာခြင်းတိုင်း ကွာလွန်းလှ၏။ ဘီဘီစီ ဇာတ်လမ်း ဖြစ်နိုင်ပါပေ၏။ နောက်တွင် မြန်မာနိုင်ငံ၏ ဖုန်းကဒ် အကြောင်း မယုံကြသော သူငယ်ချင်းများက မေးလျှင် ကျွန်ုပ်မဖြေတော့။ ထိုအချိန်မျိုးတွင် တိုင်းပြည်ကို ချောက်ထဲကျခါနီး လက်တစ်ကမ်း အလိုမှာ ကယ်တင်လိုက်သည်  ဆိုသော မောင်မင်းကြီးသားတို့ကိုသာ မေတ္တာပို့သဖြစ်တော့သည်။
       မြန်မာနိုင်ငံသို့ ဖုန်းဆက်လျင်လည်း သည်းခံခြင်း ခန္တီပါရမီနှင့် ကြိုးစားခြင်း ၀ီရိယပါရမီတို့ကို မဖြစ်မနေ ဖြည့်ကြရသည်။ ပြောလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ တီ..ဟု အသံကြားပြီးကတဲက တစ်မိနစ်လျင် ယခင်က ကိုးရှုပီးခွဲ ယခု (၁၅) ရှုပီး ကုန်ကျသည်။ တစ်ခါတစ်ရံ မည်သည့်အသံမျှ မကြားရဘဲ ပေးလိုက်ရသေးသည်။ ထိုကြောင့် ဖုန်းဆက်လျင် ဘုရားတပြီး ဆက်ခဲ့ရသည်က အကြိမ်ကြိမ်ပင် ဖြစ်၏။ အင်တာနက်ဖြင့် ဖုန်းခေါ်လျင် ဈေးချိုစွာဖြင့် နိုင်ငံများစွာကို ခေါ်ဆိုနိုင်သည်။ ထိုင်းကို ခေါ်လျင် တစ်မိနစ်မှ နှစ်ရှုပီးခွဲမျှသာ။ သို့သော် ခေါ်ဆိုလို့ရသည့် နိုင်ငံများထဲတွင် ကမ္ဘာအပြင်ဘက်က မြန်မာမပါပေ။ 
        ယခုတော့ မြန်မာနိုင်ငံသည် တိုးတက်ပြောင်းလဲလာစပြုပေပြီ။ ဖုန်းကဒ်များကို ငါးသိန်း၊ နှစ်သိန်း စသည်ဖြင့် တဖြေးဖြေး ဈေးချလာရာ ဧပြီလတွင် နှစ်သောင်းဖြင့် ရောင်ချတော့မည်ဟု သိရသည်။ ယခုကိုင်နေကြသော နှစ်သိန်းတန် ကဒ်များ လိုင်းမကောင်းဟု သိရသည်။ ကျပ်နှစ်သောင်းကိုတော့ စောင့်ကြည့်ရပေအုံးမည်။ 
       ယခင်နှစ်များတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ငါးထောင်ကျပ်ဖြင့် ဖုန်းကဒ်များ ချပေးမည်ကို ဆက်သွယ်ရေး ၀န်ကြီးက မဖြစ်နိုင်ဟု ဆိုကာ ငြင်းပယ်လိုက်သည်ကို ဖတ်လိုက်ရသည်။ ကျွန်ုပ်ကတော့ ထိုလူကြီးဆိုသူကို ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျောဟုသာ ခင်လိုင် လေသံဖြင့် ပြောလိုက်ချင်သည်။ ဆင်းကာ့ဒ် တစ်ကဒ်၏ တန်ဘိုးအမှန်ကို ထိုလူကြီးတို့ ဖုံးကွယ်ထားဆဲ ဖြစ်သည်။
       ဖုန်းတစ်လုံး၏ ဆက်သွယ်ရေး အကျိုးကျေးဇူးမှာ များပြားလှသည်။ ကျွန်ုတို့တွင် ဖုန်းမရှိသဖြင့် မကုန်သင့်သည့် အချိန်တွေ များစွာကုန်ကြရသည်။ ကိစ္စရှိ၍ ပြောလိုပါက ကိုယ်တိုင်သွားကာ ပြောကြရသည်။ ခရီးသွားလျှင် မည်သည့်အချိန် ရောက်မည်မသိ ခန့်မှန့်ကာ စောင့်ကြိုကြရသည်။ ဖုန်းမရှိခြင်းကြောင့် အချိန်များစွာ၊ အခွင့်အရေး များစွာတို့ကို ဖြုန်းတီးကြရပေသည်။ 
         ကျွန်ုပ်မှာ နေက္ခမ္မ တွင် ပျော်သင့်သည့်ဘ၀၀ယ် မပျော်နိုင်သေးသဖြင့် လောကီ အရာဝတ္ထုလေးတို့ကို လိုလားစွာ ဖက်တွယ်ထားဆဲဖြစ်သည်။ ကြားဖူးသော ဓမ္မဂဝေသီ ကိုရီးယား ရဟန်းတော်တစ်ပါးကတော့ တော်ပေါ်တက်ကာ မျက်စိမှိတ်ပြီး လက်ကိုင်ဖုန်းကို ချောက်ထဲ လွင့်ပြစ်လိုက်၏။ ပြီးမှ ပရိဗောဓတို့ကို ဖြတ်တောက်ကာ တရားရှာတော့သည် ဟူ၏။ 
       ကျွန်ုပ်ဘ၀သည်ကား ထိုရဟန်းတော်နှင့် အခြားတစ်ဘက်တွင် ရှိနေသေးသည်။ မည်သည့်အချိန်တွင် ထိုကဲ့သို့သောဘ၀မျိုး ဖြစ်လာမည့်ကို မသိသေးပေ။ အားကျသလိုတော့ ရှိပါ၏။ ယခုတော့ အပြင်ထွတ်လျှင်မူ ဖုန်းမပါက တစ်ခုခု လိုနေသလို ဖြစ်နေပေ၏။ 
သိမ်မွေ့ဦး(BHU) 
(15.03.13)
အိန္ဒိယ ရောင်စုံသင်္ကြန်
$
0
0
            မြန်မာနိုင်ငံတွင် အတာသင်္ကြန်နီးပြီဆိုပါက နေရာတိုင်းတွင် မရိုးနိုင်သော ခေတ်ဟောင်း သင်္ကြန်သီချင်းများ၊ အသစ်ထွတ်သင်္ကြန်သီချင်းတို့ကို ဆူညံစွာ ဖွင့်လေ့ရှိကြသည်။ ထိုအချိန်ရောက်လျှင် ပျိုမေတို့သည် ပိတောက်ပန်းတို့ကို ပန်ဆင်ပြီး တူးပို့တူးပို့ဖြင့် မြူးဖို့ အားခဲကြသလို ကိုလူပျိုတို့ကလည်း ရှာပုံတော်မင်းသားကြီး လုပ်ဖို့ စိတ်ကူးကြသည်။ လူကြီးပိုင်း နှင့် ဘာသာရေးတက်ကြွသူ လူငယ် တစ်ချို့တို့ကတော့ မန်းတော်ရိပ်နှင့် ကျောင်းတော်ရိပ်ကို ခိုလှုံဖို့ ပြင်ဆင်ကြလေသည်။ အမိမြေတွင် နှစ်သစ်ကူးခါနီးအချိန်ကို သတိမထားမိလျှင်မူ ဖွင့်နေကြသော သင်္ကြန်သီချင်းတို့ကြောင့် သင်္ကြန်နီးပြီဆိုသည်ကို သတိရမိကြလေ၏။
    ယခုဆိုလျှင် မိမိအနေဖြင့် မြန်မာသင်္ကြန်နှင့် ဝေးခဲ့သည်မှာ ငါးနှစ်ပင်ကျော် ခဲ့ပေပြီ။ မြန်မာသင်္ကြန်ထက် စောစီးစွာ ကျရောက်လေ့ရှိသည့် အိန္ဒိယသင်္ကြန်(Holi) ကိုတော့ နှစ်စဉ်တွေ့ကြုံနေရသည်။ မြန်မာလူမျိုးပေမို့ မြန်မာအတာသင်္ကြန်ကို နှစ်သစ်စွာ ခံစားမိသော်လည်း အိန္ဒိယသင်္ကြန်ကိုတော့ ခံစား၍မရပေ။ သူတို့၏ သင်္ကြန်သည်ကား မြန်မာသင်္ကြန်ကဲ့သို့ ကဗျာမဆန်ဟု ထင်သည်။ ပွဲတော်ရက်နီးလာသည့်တိုင် သင်္ကြန်သီချင်းတို့ ဖွင့်သံကို မကြားရပေ။ သို့သော်လည်း မြို့ရွာတိုင်း၏ လမ်းဘေး၊ လမ်းလေခွ အဆုံတို့၌ ထင်း၊ အမှိုက်၊ နွားချေးခြောက်များ မီးရှို့ရန် စုပုံထားကြပြီဆိုလျင် သင်္ကြန်နီးပြီဆိုသည်ကို သိနိုင်ပေသည်။ 
        သင်္ကြန်မရောက်မှီ တစ်ရက်အလို ညပိုင်းတွင် ထိုစုပုံထားသည့်ထင်းတို့ကို မီးရှို့ကြသည်။ ၂၀၁၃-ခုနှစ် အိန္ဒိယပြက္ခဒိန်အရ ယနေ့(၂၆-၀၃-၁၃)ည နေ၀င်ပြီးသည့် အချိန်တွင် ထိုမီးရှို့ပွဲကို ရိုးရာမပြတ် ပြုလုပ်ကြမည်ဖြစ်ပြီး မနက်ဖြန် (၂၇-၀၃-၁၃) ရက် နံနက်ခင်းစောစောအချိန်မှ စတင်၍ ရောင်စုံတို့ကိုသုပ်လိမ်းကြမည့် သင်္ကြန်ပွဲတော်ကြီးကို ကျင်းပကြပေမည်။
         သင်္ကြန်မတိုင်ခင် အဘယ်ကြောင့် ထင်းမီးရှို့ပွဲကို ပြုလုပ်ရသနည်းဟု မိမိလက်လှမ်း မိသလောက် သမိုင်းကြောင်းတို့ကို ရှာဖွေကြည့်မိသည်။ ဒဏ္ဍာရီဆန်သည့် ပုံပြင်တို့ဖြင့် သမိုင်းဇာတ်ကြောင်း များစွာတို့ကို တွေ့ရသည်။ ယင်းဇာတ်ကြောင်းတို့အနက် အများ လက်ခံယုံကြည်ကြသည့် ဇာတ်ကြောင်း တစ်ခုကို တွေ့ရသည်။ ယင်းမီးရှို့သည့်ပွဲကို Holika Dahan ပွဲ ( တစ်နည်းအားဖြင့်) Chhoti Holi ပွဲဟု ခေါ်သည်။ 
          တစ်ရံရောအခါ ဤကမ္ဘာဝယ် ဟိရညကဿပ (Hiranyakashyap)ဟု အမည်တွင်သည့် ဘီလူးကြမ်းကြီး တစ်ကောင် အုပ်စိုးဘုရင်ပြု၏။ ထိုဘီလူးဘုရင်သည် သူ့ကိုယ်သူ နတ်ဘုရားဟု သိစေကာ ကိုးကွယ်စေပြီး အခြား ဗိဿနိုး (Vishnu) ကို မကိုးကွယ်ရန် ပညတ်ထား၏။ ထိုပညတ်ချက်ကို သူ့၏ သားအရင်းဖြစ်သည့် ပရဟလာဒ (Prahlad) ကား မလိုက်နာပေ။ ဗိဿနိုးကိုသာ ကိုးကွယ်လေ၏။ ထိုအချင်းအရာကို ဖခင်ကြီး သိသောအခါ စိတ်ဆိုးပြီး သတ်စေ၏။ နတ်ဘုရား၏ တန်ခိုးတော်ကြောင့် မိမိ၏သားကို သတ်လို့မရပေ။ ထိုအခါ ဟိရညကဿပ ဘီလူးသည် သူ၏ ညီမအရင်း ဟောလိက (Holika) ဘီလူးကြမ်းမကြီးကို အကူအညီ တောင်းလေ၏။ 
        ထိုဟောလိက ဘီလူးမသည်ကား မီးပြီးသော စွမ်းအားရှိသည်။ ထိုကြောင့် ပရဟလာဒ သားငယ်ကို ဟောလိက ရင်ခွင်တွင် ထိုင်စေကာ တုတ်နှောင်ပြီး မီးရှိုးသတ်ကြသည်။ နတ်ဘုရား၏ တန်ခိုးတော်နှင့် စောက်ရှောက်မှုကြောင့် သားငယ် ပရဟလာဒကို မီးမလောင်ဘဲ မီးပြီးသော ဟောလိကသာ မီးလောင်သေလေ၏။ နောင်သောအခါ ဆိုးသွမ်းသော ထိုဘီလူးမင်းကို နတ်ဘုရားတစ်ပါးက အပြစ်ပေးကာ သတ်လိုက်လေ၏။ ဤသမိုင်းကား အများလက်ခံကြသည့် ဇာတ်ကြောင်းဖြစ်သည်။ အခြား ရာဓ (Radha) နှင့် ကရိရှန (Krishna) တို့၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ပြသည့်ပွဲတော် စသည်ဖြင့် သမိုင်းဇာတ်များစွာ တွေ့ရပေသည်။
       ထိုမီးရှို့ပွဲတွင် ရေတစ်ခွက်ကို ကိုင်ကာ လောင်းရမည် စသည်ဖြင့် စည်ကမ်းချက်တို့ ရှိသည်။ ကလေးရုပ်ကို ရင်ခွင်၌ ပွေ့ထားသော ဘီလူးမရုပ်ကို ထင်းတို့၏ အလည်မှာ ထားလျှက် မီးရှို့ကြသည်ကိုလည်း တွေ့ရသည်။ အချို့နေရာတို့မှာ သာမန်ပူဇော်ကာ မီးရှို့ကြပြီး အချို့ရပ်ကွက်တို့မှာတော့ ယင်းဇာတ်ကြောင်းအတိုင်း ရိုးရာဝတ်စုံတို့ကို ၀တ်ဆင်ကြကာ ပူဇော်ကြသည်။ ထင်းရှားပါးသောကြောင့် နွားချေးခြောက်များ၊ အမှိုက်များ၊သစ်ကိုင်းစများတို့ကို စုပုံ ရှို့ကြသည်။ 
         အထိမ်းအမှတ်မှာ မကောင်းမှုတို့ကို ကျော်လွန်ပြီး ကောင်းမှုတို့ အနိုင်ရသော အောင်ပွဲ၊ ဆန်းကျယ်သော မေတ္တာတရား၊ နတ်ဘုရား၏ စောက်ရှောက်မှုကို ပြသည်ပွဲ၊ မိစ္ဆာဘီလူးမ ကျရှုံးသောနေ့ စသည်တို့ကို ပြသခြင်းပင် ဖြစ်၏။ ရပ်ကွက်ထဲမှ မကောင်းဆိုးဝါးတို့ကို မီးရှိုးသောနေ့ဟု ဆိုလိုသည်ထင်၏။ မြန်မာနိုင်ငံမှ နှစ်ဆန်းတွင် ပြုလုပ်ကြသည့် အန္တရာယ်ကင်း ပရိတ်ရွက်ပွဲကဲ့သို ပွဲလေလောဟု စဉ်းစားမိသည်။ 
      ထိုပွဲပြီးလျှင် နောက်တစ်ရက် သင်္ကြန်ကျတော့သည်မို့ ထိုပွဲက မြနန္ဒာသီချင်းဖြင့် သင်္ကြန်ပွဲကို ဖွင့်လှစ်ပေးသကဲ့သို့ ရှိသည်။ အိန္ဒိယသင်္ကြန်လည်း မြန်မာသင်္ကြန်ကဲ့သို စည်ကားပါသည်။ ရောင်စုံ အမှုန့်တို့ကို တစ်ယောက်နှင့် တစ်ယောက် သုတ်ကြပြီး ရေလောင်းကြသည်။ အမျိုးသားတို့က တစ်ယောက်နှင့် တစ်ယောက်ကို ရွံ့ဗွက်တို့ထဲ ဆွဲချကြကာ အင်္ကျီတို့ကို ဖြဲကြသည်။ အသက်အရွယ်မရွေး မိသားစု အားလုံး ပျော်ကြသည်မို့ စိတ်ဆိုးလို့မရပေ။
           မြန်မာသင်္ကြန်ကဲ့သို့ပင် အတာရေဖြင့် ဆေးသည်ကို ကျေနပ်စွာ ခံယူကြရသည်။ ထိုသင်္ကြန်ပွဲကို ဆောင်းအကုန် နွေဦးကာလမှာ နှစ်စဉ်လို ကျင်းပလေ၏။ တစ်ယောက်နှင့် တစ်ယောက် ဆေးမှုန့်တို့ကို သုတ်လိမ်းရခြင်းမှာ ဆောင်းအကုန် နွေအကူးကာလတွင် လူတို့သည် ပျင်းရိတတ်ကြသည်။ သီချင်းကိုပင် အသံကျယ် ကျယ်ဖြင့် မဆိုချင်ကြဟူ၏။ ထိုပျင်းရိမှုများ ပပျောက်ပြီး အင်အားအသစ်များ ရရှိစေရန်အတွက် စင်ကြယ်လန်းဆန်းသော ဆေးအမှုန့်များဖြင့် သုတ်လိမ်းကြသည်ဟူ၏။ 
       တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဟူသကဲ့သို သူ့ဓလေ့နှင့် သူတော့ ဟုတ်နေပေ၏။ တရားဝင် သင်္ကြန်ကျောင်းပိတ်ရက် မှာ မတ်လ ၂၆၊၂၇၊၂၈ သုံးရက်သာ ဖြစ်သော်လည်း တက္ကသိုလ်အသီးသီးရှိ ဆရာများရော ကျောင်းသား၊ ကျောင်းသူများပါ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြသည်မို့ (၁၀)ရက်ကျော် ကျောင်းပိတ်လေသည်။ ကျောင်းသား၊ ကျောင်းသူများက ရပ်ရွာမပြန်ခင် မိမိတို့စာသင်ခန်းထဲ ကြိုတင် သင်္ကြန်ကျကြ သောကြောင့် လွန်ခဲ့သည့် လေးရက်ကတဲက သူတို့၏ ခေါင်းတို့တွင် ရောင်စုံတွေ ဖြစ်နေခဲ့ကြသည်။
         မိမိအနေဖြင့် ယခုနှစ်အိန္ဒိယသင်္ကြန်ရက်အတွင်း မိမိ၏အခန်းတွင်း၌သာ နေဖို့ စဉ်းစားထားသည်။ ယခင်နှစ်က သင်္ကြန်ရက်အတွင်း ဘုမသိဘမသိ အပြင်ထွတ်မိသည်မို့ ဂုရုကြီး ဟတ်ပီး ဟောလီး ဟု အော်ကြကာ သုတ်လိုက်၊ လောင်းလိုက်ကြသည်မှာ တစ်ကိုယ်လုံး ရောင်စုံပွင့်သွားခဲ့သည်။ ယနေ့သည် အိန္ဒိယ ပြက္ခဒိန်အရ လပြည့်နေ့ဖြစ်သည်။ ဤနိုင်ငံ၏ ပြက္ခဒိန်အရ ယနေ့သည် လပြည့်နေ့ဖြစ်သကဲ့သို့ မြန်မာပြက္ခဒိန်အရလည်း တပေါင်းလပြည့်နေ့ဖြစ်သည်။ 
         ယနေ့ဆိုလျှင် ရန်ကုန်မြို့ မဟာပါသာဏ လှိုင်ဂှုကြီးဘေးတွင် ကံကော်ပန်းတို့ ကြိုင်လှိုင်စွာ ပွင့်နေပေမည်။ လှိုင်ဂူကြီးထဲတွင် ဘွဲ့တံဆိပ်ဆက်ကပ်ခံယူကြမည့် ဆရာတော်ကြီးများ၏ ပုံရိပ်ကို မြင်ရောင်ကာ ကြည်ညိုမိသည်။ ကမ္ဘာသာသနာပြု ဆရာတော် သီတဂူ ဆရာတော်ကြီး၏ (၇၆)နှစ်ပြည့် မွေးနေ့ပွဲကိုလည်း ကျင်းပနေကြပေမည်။ နေရာအသီးသီးတွင် (၁၂)လရာသီ ပွဲတော်ထဲ ပါဝင်သည့် သဲပုံစေတီပွဲကို ပြုလုပ်ကာ ပူဇော်နေကြပေမည်။ အစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သည့် မစိုးရိမ်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန တရားပွဲကိုလည်း နာယူ နေကြပေမည်။ အားလုံးကို အဝေးမှ အာရုံပြုကာ ဖူးမျှော်မိသည်။ 
                                                          သိမ်မွေ့ဦး (BHU)
                                                           (၂၆-၀၃-၁၃)
အနစ်နာခံသူ နဲ့ ကိုယ်ကျိုးစွန့်သူ
$
0
0
    (၂.၁၀.၂၀၁၂)နေ့က အမေရိကန်နိုင်ငံ၊ လောစ်အိန်ဂျလိမြို့က ကွန်ဗင်းရှင်း စင်တာ(LACC)မှာ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဟောပြော မေးဖြေပွဲလုပ်တော့ မိမိလည်းအခြားသံဃာတော် (၁၅)ပါးတို့နဲ့အတူ ရောက်ခဲ့ဖြစ်ပါတယ်။ 
      အဲဒီပွဲမှာ မေးခွန်းရှင်တစ်ဦးက “ဒီမိုကရေစီအရေးမှာ အစောပိုင်းကတည်းက အနစ်နာခံခဲ့ကြသူတွေဟာ ဒီနေ့အချိန်မှာ လွှတ်တော် ကိုယ်စား လှယ်စတဲ့ နေရာမျိုးတွေမှာ ပါဝင်ခွင့်မရကြဘဲ ကြားဖြတ်ကာလရောက်မှ ပါဝင်လာ ကြသူတွေက နေရာရနေသလိုမျိုး ဖြစ်နေပါတယ်။ အဲဒါ အမေစုရဲ့ သဘောထားကို ရှင်းပြပေးပါ”ဆိုပြီး စာရေး မေးမြန်းပါတယ်။ 
      ဒေါ်စုရဲ့အဖြေကတော့ “ပြည်သူ့အတွက် ဒီမိုကရေစီအရေးမှာ စွမ်းနိုင်ရာက ပါဝင်ကြတာဟာ အနစ်နာခံကြတာ မဟုတ်ကြောင်း။ သူ့အနေနဲ့ ဒီမိုကရေစီအရေးအတွက် လုပ်ကိုင်ခဲ့သမျှတွေကိုရော၊ ဒီလို လုပ်ကိုင်မှုကြောင့် သူတွေ့ကြုံ ခံစားခဲ့ရ တာတွေကိုရော၊ ဒါတွေအားလုံးကို အနစ်နာ ခံနေရတယ်လို့ မခံယူပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပြည်သူအများအတွက် လုပ်ဆောင်နေတယ်လို့ပဲ ခံယူကြောင်း ရှင်းပြပြီး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရွေးတာ ဟာလည်း နေရာနဲ့ တန်အောင် အရည်အချင်းပြည့်သူများကိုသာ ဓမ္မဓိဋ္ဌာန်ကျကျ ရွေးချယ် သတ်မှတ်ခဲ့ တာဖြစ် ကြောင်း”ရှင်းလင်းဖြေကြားခဲ့ပါတယ်။ 
     အဲဒီနောက် တနင်္ဂနွေနေ့ (၇.၁၀.၂၀၁၂)နေ့မှာ မိမိက “ဒင်းတို့အဖွဲ့”လို့ အမည်ပြောင်ပေးထားတဲ့ သွားဆရာဝန် (dentist)တွေ စုပေါင်းပြီး တစ်အိမ်မှာ ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ကြပါတယ်။ အဲဒီအထဲက တစ်ယောက်က “ဒေါ်စုရဲ့ အဖြေနဲ့ပတ်သက်ပြီး မိမိရဲ့သဘောထား အမြင်ကို ပြောပြပေးပါ”ဆိုပြီး မေးလာတဲ့အတွက် ငယ်ငယ်တုန်းကရွာမှာ တွေ့ကြုံ ခဲ့ရဘူးတဲ့ အဖြစ်ပျက်ကလေးကို ပြန်ပြောင်းသတိရမိပြီးတော့ သူတို့ကို ပြောပြဖြစ်ခဲ့ပါတယ်။ 
          မိမိ ပြောဖြစ်ခဲ့တဲ့ အကြောင်း အရာကတော့ - တော်တော်လေးတော့ ကြာခဲ့ပါပြီ။ မိမိရဲ့ ဇာတိရပ်ရွာမှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ကလေးပါ။ မိမိနဲ့ ဆွေမျိုးနှစ်ဝမ်းကွဲ တော်စပ်သလို ရွာဦးကျောင်း ဆရာတော်နဲ့လည်း နှမအရင်းက ပေါက်ဖွားလာကြတဲ့ တူ တူမ အရင်းတွေ တော်စပ်ကြ တဲ့ မောင်နှမ လေးဦးတို့ရဲ့ အမွေကိစ္စပါ။ အဲဒီမောင်နှမ လေးဦးထဲမှာ အကြီးဆုံး အစ်ကိုကြီး ကိုထွန်းလှ ပြီးတော့ ကြားထဲမှာ သုံးဦးက ပျက်စီးသွားကြတယ်၊ နောက်မှ အငယ်သုံးဦးတို့ အဖတ်တင်လာ ကြတာဆိုတော့ အကြီးဆုံးနဲ့ အငယ်သုံးဦး တို့ရဲ့ ကြားထဲမှာ အသက်က ဆယ်နှစ်ကျော်ကျော် ခြားနေကြတယ်။ သူတို့ကြည့်ရတာ အစ်ကိုကြီးနဲ့ ညီငယ် နှမငယ် များလို့ မထင်ရဘဲ ဦးလေးနဲ့ တူ တူမတွေလားလို့တောင် ထင်ရပါတယ်။ အားလုံး အချင်းချင်းလည်း ချစ်ချစ်ခင်ခင် တွေပါပဲ။ သူတို့ မိသားစုရဲ့ ဖြစ်စဉ်ထဲမှာ အစ်ကိုကြီး အဖအရာလို့ ထင်ရလောက်အောင် ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိပါတယ်။ အငယ်ဆုံးသမီး သုံးနှစ်သမီးလောက်ရှိတဲ့ အရွယ်မှာပဲ ဖခင်ကြီးက ဒုက္ခိတဖြစ်သွားတယ်။ အိမ်က တောင်သူကြီး လုပ်ငန်းဆိုတော့ ဖခင်ကြီးကလည်း လယ်ယာလုပ်ငန်းခွင် ကြီးကြပ်လုပ်ကိုင်နိုင်စွမ်းမရှိ၊ လူငှားတွေနဲ့ ချည်းကလည်း လွှဲထားလို့ အဆင်မပြေဆိုတော့ အကြီးဆုံးသားကို တောင်သူလုပ်ငန်းခွင်မှာ ကြီးကြပ် လုပ်ကိုင်ဖို့ ကျောင်းထွက်ခိုင်းလိုက်ပြီး ဦးလေးလူပျိုကြီး တစ်ဦးနဲ့ တောင်သူ လုပ်ငန်းခွင်မှာ လုပ်ကိုင်စေခဲ့ပါတယ်။ 
  အကြီးဆုံးသား ကျောင်းထွက်ပြီးတော့မှ အငယ်သုံးယောက်ထဲက အကြီးဆုံးသား က ကျောင်းစပြီးနေရတာပါ။ အဲဒီတော့ သူတို့ ညီအစ်ကို မောင်နှမတတွေထဲမှာ အစ်ကိုကြီးက တကယ့်ကို “အဖအရာ”ဖြစ်နေတယ်။ အငယ်သုံး ယောက်က လည်း အစ်ကိုကြီး ကို တကယ်ပဲ အဖအရာလို ချစ်ခင်ကြပါတယ်။ အစ်ကိုကြီးကလည်း အငယ် တွေကို ချစ်ခင် ညှာတာပါတယ်။ အငယ်တွေ သုံးယောက်လုံး ကျောင်းနေနိုင်တဲ့ အချိန်ရောက်မှ ရွာမှာ မူလတန်းကျောင်းဆိုတာ စပြီးဖွင့်ပါတယ်။ အစ်ကိုကြီးက သူ့ညီငယ် နှမငယ်တွေကို “ငါ့လို ပညာတစ်ပိုင်းတစ်စ မဖြစ်စေကြနဲ့၊ မင်းတို့ သင်ချင်သပဆိုရင် ဘွဲ့ရသည်အထိ ဆုံးခန်းတိုင်အောင် သင်ကြ၊ တက္ကသိုလ်ရောက်တဲ့အထိ စရိတ်စကကို ငဲ့နေစရာ မလိုဘူး”ဆိုပြီး အားပေးပါတယ်။ 
   မြေယာက ကောင်းလည်းကောင်း၊ များလည်းများ၊ အလုပ်အကိုင်ကလည်း ကြိုးစားဆိုတော့ တောမှာတော့ ငွေကြေးပြည့်စုံတဲ့ မိသားစုဖြစ်လို့ အစ်ကိုကြီးရဲ့ စကားဟာ အပြောသက်သက် မဟုတ်ဘူး တကယ်လည်း လက်တွေ့ ကျခဲ့ပါတယ်။ ဒါပေမယ့် အငယ်တွေက ပညာရေးမှာတော့ ဘွဲ့တွေ ဘာတွေ ရတဲ့အထိ ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ဆယ်တန်း ဆိုတဲ့ တောင်ကို ကျော်အောင် မတက်နိုင်ကြဘဲ ကျောင်း ထွက်ကုန်ကြတယ်။ အစ်ကိုကြီး အိမ်ထောင်ကျတဲ့ နှစ်မှာပဲ အငယ်သုံးယောက် ရှေ့ဆင့် နောက်ဆင့်ဆိုသလို ကျောင်းထွက်ကြပြီး တစ်အိမ် တည်းမှာ အားလုံး သင့်သင့်မြတ်မြတ် နေကြတာပါပဲ။ နောက်ထပ် သားတစ်ယောက် အိမ်ထောင်ကျတဲ့ နှစ်မှာပဲ ဖခင်ကြီးက ဆုံးသွားရှာတယ်။ နောက်ထပ်တစ်ယောက် အိမ်ထောင်ပြုချင်ပြီဆိုတော့လည်း အစ်ကိုကြီးကပဲ အဖအရာ အဖြစ်နဲ့ ထုံးစံအတိုင်း ပြောဆို အိမ်ထောင်ချပေးတာပါပဲ။ အငယ်ဆုံးနှမကျတော့လည်း မောင်နှံစုံ ထိမ်းမြားလက်ထပ် ပေးရတယ် ဆိုတဲ့ ဓလေ့ထုံးတမ်းအရ မိခင်ကြီးကို ခေါင်းရင်းမှာ နေစေပြီး အစ်ကို အကြီးဆုံးတို့ ဇနီး မောင်နှံကပဲ အကန်တော့ခံ ထိမ်းမြားလက်ထပ်ပေးတာပါပဲ။ 
     အသီးအသီး အိမ်ထောင်တွေ ကျပြီးကြတော့ အငယ်သုံးယောက်ကလည်း အိုးသစ် အိမ်သစ်တွေခွဲသွားကြတယ်၊ အစ်ကိုကြီး မိသားစုက အမေအိုကြီးနဲ့ အတူတူနေကြတယ်။ အငယ်တွေအတွက် ထိုက်သင့်တဲ့ လယ်ယာမြေနဲ့ ခိုင်းစရာ နွားကိုတော့ ကိုယ်ပိုင်လုပ်စားဖို့ ခွဲပေးထားပါတယ်။ မြေပိုင် ယာပိုင်များတဲ့ မိသားစုဆိုတော့ သူများနည်းတူ လုပ်ကိုင် စားသောက်လို့ ရတာပါပဲ။ မိခင်ကြီး ဆုံးပါးလို့ ရက်လည်ပြီးတဲ့ နေ့မှာတော့ အညာကျေးလက်ရဲ့ ထုံးစံအတိုင်း အမွေပြဿနာကလည်း စတော့ တာပါပဲ။ အညာကျေးလက်ရဲ့ ထုံးစံအရကတော့ မိဘနှစ်ပါးလုံး ဆုံးပါးသွားကြပြီဆိုရင် ရပ်မိ ရပ်ဖနဲ့ ဆွေမျိုး သားချင်းထဲက လူကြီးသုံး လေးဦးကို အိမ်မှာ ပင့်ဖိတ်ပြီး အမွေခွဲကြရတယ်။ ဘယ်စာအုပ်ထဲမှာမှ ရေးထားတာ မဟုတ်တဲ့ အမွေခွဲနည်း စည်းကမ်းကတော့ ရှိသမျှ လယ်ယာမြေတွေကို မွေးချင်း အရေအတွက်အတိုင်း အကြီးဆုံး သားက အကောင်းအဆိုး၊ အနည်းအများ ညှိပြီး အစုအပုံ လုပ်ရတယ်။ 
      ဒီလိုလုပ်ရာမှာ ရပ်မိ ရပ်ဖများကလည်း မျှတမှု ရှိအောင် ကြီးကြပ်ပြီး အတိုးအလျှော့ လုပ်ပေးကြပါတယ်။ အားလုံးသင့်မြတ် လောက်ပြီဆိုတော့ ခွဲတမ်းသင့်မြတ်မှု ရှိ မရှိ မောင်နှမအားလုံးကို မေးရတယ်။ အားလုံးက သင့်လျော် လောက်ပါပြီလို့ သဘောတူပြီးတဲ့အခါမှာ ခွဲတမ်း ဝေစုကို အငယ်ဆုံးကစပြီး ကောက်စေပါတယ်။ ချွင်းချက်အနေနဲ့ လက်ရှိနေတဲ့ အိမ်နဲ့ သုံးနေတဲ့ လှည်းနွားတဲ့ အိမ်တွင်း ပစ္စည်းများကိုတော့ မိဘနှစ်ဦး ခေါင်းချသွားချိန်အထိ အတူနေ စောင့်ရှောက်ပေးတဲ့ သားသမီးကို သီးသန့်ပေးကြတာ များပါတယ်။ အခု ဒီအမွေခွဲတဲ့ ကိစ္စမှာတော့ ဒီအစဉ်အလာ ဓလေ့ထုံးတမ်းကို အကြီးဆုံးဖြစ်တဲ့ အစ်ကိုကြီးက လက်မခံလိုဘူး။ ဒါကလည်း ဘေးလူများ အထင် ကတော့ သွေးသားရင်းဖြစ်တဲ့ အစ်ကိုကြီးရဲ့ သဘောရိုး မဟုတ်ဘူး၊ သူစိမ်းဖြစ်တဲ့ ဇနီးသည်ရဲ့ အကြံဥာဏ်တွေလို့ ပြောကြပါတယ်။ ကျန်တဲ့ အငယ်သုံးယောက်ကလည်း ဒီလိုပဲ ထင်နေကြ ပါတယ်။
     အစ်ကိုကြီးရဲ့ တောင်းဆိုချက်က သူဟာ မိသားစု အားလုံးအတွက် အနစ်နာခံခဲ့ရသူဖြစ်တယ်။ မြေယာတွေနဲ့ နွားအုပ်ကြီးကို မိဖတွေ ရောင်းချမ စားရဘဲ အခုလို ကျန်ရှိနေခဲ့တာဟာလည်း သူက အနစ်နာခံ လုပ်ကိုင်ကျွေးခဲ့လို့သာ ဖြစ်တယ်။ သူတို့တတွေ လူလားမြောက်ပြီး အိုးနဲ့ အိမ်နဲ့ ထူထောင်ကြတဲ့ အထိလည်း စောင့်ရှောက်ပြီးခဲ့ပြီ။ လုပ်ကိုင်စားစရာ မြေယာ လှည်းနွားလည်း အထိုက်အလျှောက် ခွဲဝေပေးခဲ့ပြီဖြစ်လို့ မြေယာကို ခွဲဝေပေးစရာ မလိုတော့ဘူး။ နွားအုပ်ကိုတော့ ထက်ဝက်ကို သူယူပြီး ကျန် ထက်ဝက်ကို အငယ်သုံးယောက်ခွဲယူကြရမယ်”ဆိုပြီး အရေးဆိုနေ တာပါ။ အငယ်သုံးယောက်ကလည်း အရင်ကတော့ အစ်ကိုကြီး စီမံသမျှ ဘာမှ နှုတ်လှန်ပြောဆိုမှု မရှိခဲ့ပေမယ့် ဒီကိစ္စမှာတော့ အစ်ကိုကြီးရဲ့ သဘောရိုး မဟုတ်ဘူးလို့ ထင်မြင်ကြတဲ့အတိုင်း လက်မခံဘူး။ ထုံးစံအတိုင်း အိမ်နဲ့ အိမ်တွင်း ပစ္စည်းရယ် လုပ်ကိုင်နေတဲ့ လှည်းနွားရယ်ကိုပဲ အစ်ကိုကြီး သီးသန့် ယူရမယ်။ ကျန်တဲ့ နွားအုပ်နဲ့ လယ်ယာ မြေကတော့ သူတို့မှာ ရထားသလောက်ပဲ အစ်ကိုကြီး သီးသန့်ယူပြီး ကျန်တာကို အညီအမျှ ခွဲဝေပေးမှ ကျေနပ်မယ်ဆိုပြီး ကိုင်နေကြတယ်။ 
       ဒီလိုနဲ့ ရပ်မိ ရပ်ဖတွေလည်း ညှိမရ နှိုင်းမရနဲ့ သုံးရက်လောက် ကြာသွားတယ်။ အရပ်ထဲမှာလည်း တီးတိုးတစ်မျိုး ကျယ်လောင်တစ်ဖုံဆိုသလို အသံစုံထွက်နေကြပြီ။ အဲဒီထဲမှာ ဦးကြီးတော်ဖြစ်တဲ့ ရွာဦး ကျောင်းဆရာတော် နားမခံသာအောင် ရောက်သွားတဲ့ အသံကတော့ “မဝလောက်တဲ့ လူတွေ အမွေခွဲတဲ့အခါမှာ င ကြရက်နဲ့ ဒီဘုန်းကြီး အမျိုးတွေကျမှ ဝလောက် ရက်နဲ့ မင ကြတော့ဘူး၊ အမွေက အမွှေဖြစ်ပြီး ဘုန်းကြီးမျိုးတွေ ဖရိုဖရဲ ဖြစ်ကုန်ကြတော့မယ်”ဆိုတဲ့ စကားပါပဲ။ 
     ဒါနဲ့ နောက်ဆုံးတော့ ရွာဦးဘုန်းကြီးလည်း မနေသာတော့ဘူး ဆွေထဲ မျိုးထဲက လူကြီးသူမ လေးငါးဦးလောက်နဲ့ သူ့ တူ တူမတွေကို ကျောင်းခေါ်လိုက်တယ်။ လူစုံပြီဆိုတဲ့အခါ ဘုန်းတော်ကြီး မိန့်ကြားတာကတော့ - “ဟိုကောင် အကြီးကောင် ထွန်းလှ၊ မင်းက မိသားစုအတွက် အနစ်နာခံခဲ့သူဖြစ်လို့ မိဘရဲ့ ကျန်တဲ့ အမွေတွေကို မင်းကပဲ သဘောကျ ယူမယ်လို့ ပြောနေဆို”ဆိုပြီး စကားစလိုက်တော့ အကြီးဆုံးကောင် ဘာမှ မလှုပ်တော့ဘူး။ အငယ်တွေကလည်း သူ့ပဲ ဝိုင်းကြည့်နေကြတယ်။ 
       ဆရာတော်ကြီးက “ထွန်းလှ .. မင်း အနစ်နာခံတာနဲ့ ကိုယ်ကျိုးစွန့်တာကို ကွဲပြားရဲ့လား။ မင်းဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး မိသားစု စားဝတ်နေရေးအတွက် လက်ငုပ်လက်ရင်းတွေ အခြေမယိုင်အောင် လုပ်ကိုင်နေခဲ့တာ ငါလည်း သိတယ်။ မင့်မိသားစု ညီအစ်ကို မောင်နှမ အားလုံး လည်း သိတယ်။ တစ်ရပ် တစ်ရွာလုံးကလည်း သိတယ်။ သိလို့လည်း မင်းကို မိသားစုအတွက် ကိုယ်ကျိုး စွန့်သူဆိုပြီး ချီးမွမ်းကြ လေးစားကြတယ်။ အခုတော့ မင်း အဲဒီလို လုပ်ကိုင်စောင့်ရှောက်ခဲ့တာတွေကို မင်းက “အနစ်နာခံတယ်”ထင်နေသလား။
     ဒီလို ထင်နေ ပြောနေရင် တော့ မင်းဟာ တကယ့်ကို နစ်နာသွားမယ့် အနစ်နာခံသူ ဖြစ်သွားမှာ မင်းမြင်လား။ မှတ်ထား အကျိုးဆောင် သူက သူများ အကျိုးဆောင်ရင် ကိုယ့်အကျိုးလည်း အောင်တယ်။ အနစ်နာခံတယ်ဆိုရင်တော့ ကိုယ်ကျိုးလည်း နစ်နာမှာပဲ။ ခုဆိုရင်တောင် မင့်အပေါ်ကို အများက “အစကတော့ တော်လှ အောက်မေ့တယ် ခုမှ အကုန်လုံး လက်ဝါးကြီး အုပ်ချင်လို့ ကြိတ်ကြံနေတာကိုး”လို့ ထင်ကုန် ကြရင် အခုချက်ချင်းကို မင်းကိုယ်ကျိုး မနဲပေဘူးလား။ ကိုယ်ကျိုးစွန့်တာနဲ့ အနစ်နာခံတာကို မင်း ကောင်းကောင်းသဘောမပေါက်ဘူး ထင်တယ်။
     မှတ်ထား ငါပြောပြမယ်။ တို့ဘုရားအလောင်းတော် ပါရမီဖြည့်စဉ်ကာလက ဖြစ်တော်စဉ် ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတွေဆိုတာရှိတယ်။ အဲဒီဇာတ်တော် တွေထဲမှာ ဘုရားအလောင်းတော်ဟာ အချို့ဇာတ်တော်တွေမှာဆိုရင် ခြေဖြတ်çလက်ဖြတ်၊ မျက်လုံးဖောက်၊ အစွယ်ဖြတ် စတဲ့ ညှဉ်းဆဲမှုတွေ အမျိုးမျိုး ခံရတယ်။ တချို့ဇာတ်တော်တွေမှာ အသက်သေတဲ့အထိ အညှဉ်းဆဲ ခံရတာတွေလည်း ရှိတယ်။ တချို့ကျတော့ သူတစ်ပါးက ညှဉ်းဆဲတာမျိုးမဟုတ်ဘူး၊ အလောင်းတော်က ဒီလို အန္တရာယ်တွေ ရှိမှန်းသိလျက်နဲ့ အများအကျိုး၊ အမျိုးအနွယ်ရဲ့ အကျိုး အတွက် စွန့်စားဆောင်ရွက်ရင်း အင်္ဂါကြီးငယ်တို့ ကိုယ်နဲ့အသက်တို့ စွန့်လွှတ်ခဲ့ရတာတွေလည်း ရှိတယ်ကွ။
        ဒီဖြစ်ရပ်တွေမှာ အလောင်းတော်ကို အဲဒီလို ဆုံးရှုံးနစ်နာအောင် ပြုလုပ်သူက များသောအားဖြင့်တော့ ရှင်ဒေဝဒတ်ရဲ့ အလောင်းချည်း လိုလိုပဲ။ ဒီကိစ္စမှာ ရှင်ဒေဝဒတ်ရဲ့အလောင်းဘက်က ရည်ရွယ်ချက်ကတော့ ဘုရား အလောင်းတော်ကို နစ်နာထိခိုက်စေ ဖို့ဆိုတဲ့ စေတနာထားပြီးလုပ်တာ ချည်းပဲ။ ဒါပေမယ့် တို့ဘုရားအလောင်းကတော့ သူ့မှာ နစ်နာသွားတယ်လို့လည်း မခံစားရဘူး။ သူ့ကိုယ်သူ အနစ်နာ ခံနေရသူ လို့လည်း မမှတ်ယူဘူး။ သူ့ကိုယ်သူ အများအကျိုးကို ဆောင်ရွက်နေသူ။ သတ္တဝါအားလုံးရဲ့ ဒုက္ခကို ကယ်တင်ကူညီနိုင်တဲ့ သဗ္ဗညုဘုရားရှင်ဖြစ်ရေးအတွက် ပါရမီဖြည့်နေ ရသူလို့ပဲ ခံယူတယ်။
      သူ့အပေါ် နှိပ်စက်ညှဉ်းပန်းသူနဲ့ ရိုင်းပင်းကူညီသူတွေအပေါ်မှာလည်း ဘယ်တော့မှ ခွဲခြားသတ်မှတ်ခြင်း မလုပ်ဘူး။ အားလုံး သာတူညီမျှ ဆင်းရဲကင်းကြဖို့၊ ချမ်းသာ ရကြဖို့ဆိုတဲ့ စေတနာမျိုးနဲ့ အမြဲမေတ္တာထားတယ်။ “မိတ်နဲ့ရန်သူ အတူမခြား၊ တစ်သားတည်း မှတ်ယူကျင့်ကြံတယ် ”ဆိုတာ အဲဒါကို ပြောတာပေါ့။ ဒါဟာ အနစ်နာခံတာ မဟုတ်ဘူး၊ ကိုယ်ကျိုးစွန့်တယ်လို့ပဲ ခေါ်တယ်ကွ။ ဒီလို စိတ်ထားမှန်တဲ့ အတွက်ကြောင့်ပဲ တို့ဘုရားအလောင်းမှာ ဘယ်တော့မှ နစ်နာသွားတယ်လို့လည်း မရှိခဲ့ပါဘူး။ တစ်ဘဝထက် တစ်ဘဝပါရမီ တွေ ပြည့်ပြည့်သွားခဲ့တာပဲ။ 
     အခုနောက်ဆုံး ဘုရားအဖြစ် ရောက်သွားတဲ့အခါမှာကျတော့ မနစ်နာတဲ့ အပြင် ဘယ်လောက်ထိ မြင့်လည်းမြင့်၊ မြတ်လည်း မြတ်သွားသလဲဆိုရင် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ထက် အဆရာထောင်မကကို မြင့်မြတ်သွားခဲ့တာပဲ မဟုတ်လား။ အဲဒါ သူလုပ်ခဲ့မျှတွေကို အနစ်နာခံနေရတယ်လို့ သဘော မထားဘဲ အများအကျိုးဆောင်နေရတယ်။ အများအတွက် ကိုယ်ကျိုး စွန့်လွှတ်မယ်ဆိုတဲ့ သဘောထားစေတနာ မှန်ကန်လို့ပဲကွ။ 
     ငါးရာ့ငါးဆယ် ဇာတ်တွေကို ကြည့်ရင် တကယ်တမ်း အနစ်နာခံနေသူက ရှင်ဒေဝဒတ်အလောင်းပဲကွ။ သူက ဆင်းရဲသားတွေ အပေါ်မှာ မတရား လိမ်ညာလှည့်စားပြီး ရယူဖို့ ကြိုးစားတဲ့ ရွှေခွက်ကြီးကို ဘုရားအလောင်းက အမှန်အကန် လုပ်ပြီး ရယူသွားတဲ့အတွက် မကျေမချမ်းဖြစ်ပြီး ဘဝတိုင်း လက်စားချေမယ်ဆိုပြီး ရန်ငြိုးထားရာကနေ အခုနောက်ဆုံး ဘုရားဖြစ်တဲ့အထိ တို့ဘုရားကိုအမျိုးမျိုး ဒုက္ခတွေပေးခဲ့တာ။ တစ်ဘဝစာ တစ်နပ်စာအတွက် အများအကျိုး ဆောင်ရွက်သူကို ရန်သူလို သဘောထားပြီး နိုင်လို မင်းကား နှိပ်စက်ခဲ့တဲ့ အတွက် အပါယ်ငရဲအထိ နစ်ခဲ့ နာခဲ့ရတဲ့ ဘဝတွေလည်း အများကြီးပဲ။ အခု နောက်ဆုံးဘဝမှာလည်း မင်းတို့ ကြားဖူးကြ သားပဲ။ မြေမျိုပြီး အဝီစိအထိ နစ်သွားတယ် မဟုတ်လား။ အဲဒီလို ကိုယ့်ကိုကိုယ် နစ်ပြီး နာသွားအောင်လုပ်တဲ့ လူမျိုးမှ တကယ် အနစ်နာခံသူ အစစ်ကွ။ 
     ကဲ ... ခုလည်း မင်းပြောစမ်း၊ မင့်ကိုမင်း အနစ်နာခံနေရတယ်လို့ ထင်သေးလား။ အေး .. အဲဒီလို ထင်ပြီး မင်းက နစ်နာ ကြေးသဘောမျိုးနဲ့ အခုလို အမွေတွေကို အားလုံးသိမ်းယူလိုက်ရင် ဘယ်သူနစ်နာသွားမလဲ။ ဟိုအငယ်တွေက စည်းစိမ်ဥစ္စာ တွေကို မရလိုက်တာပဲရှိမယ်၊ မနစ်နာဘူး။ မင်းကတော့ အခုလောလောဆယ်ကိုပဲ မောင်နှမသားချင်းတွေရဲ့ ချစ်ခင်မှုလည်း ဆုံးရှုံးနစ်နာမယ်။ အများကလည်း အရင်က မင့်အပေါ်မှာ ချစ်ခင်လေးစား ချီးကျူးသမျှတွေ အကုန်လုံး ပြောင်းပြန်ဖြစ်ပြီး မင်း သူများ တံတွေးခွက်ထဲ ပက်လက်မျောရတော့မယ်။ သံသရာမှာလည်း မတရားယူထားတဲ့ အြွေကးတွေကို ဘဝများစွာ ပြန်လည် ပေးဆပ်ရဦးမယ်။ ကဲ အဲဒါကမှ တကယ်နစ်နာသွားတာ မဟုတ်လား။ အဲဒါ မင်း စဉ်းစားစမ်း။ ငါကတော့ ဝိနည်းသိက္ခာအရ ဟိုဟာယူရမယ်၊ ဒီဟာ စွန့်ရမယ်လို့ မင်းတို့ကို မပြောလိုဘူး။ မင်းဟာ မင်းသာ ဆုံးဖြတ်”ဆိုပြီး ပြောဆို ဆုံးမတော်မူ ပါတယ်။ 
       ဆရာတော် ပြောနေစဉ်မှာ ဦးခေါင်းငိုက်စိုက်နဲ့ နားထောင်နေတဲ့ ကိုထွန်းလှက မျက်ရည်တွေ စိုရွှဲနေတဲ့ မျက်နှာနဲ့ ဆရာတော်ကို အလန့်တကြား မော့ကြည့်ပြီး “တပည့်တော် လောဘဇောတိုက်ပြီး မှားခဲ့ပါတယ်ဘုရား၊ တပည့်တော် အဲဒီလို အနစ်နာလည်း မခံချင်ပါဘူး။ တစ်သက်လုံး ချစ်ချစ်ခင်ခင် နေလာတဲ့ ညီအစ်ကို မောင်နှမတွေ စိတ်ဝမ်း ကွဲပြားတာ ကိုလည်း မခံနိုင်ပါဘူး။ လူကြီးသူမတွေ ဆုံးဖြတ်ဝေဖန်ပေးတဲ့အတိုင်း တပည့်တော် ကြည်ကြည်ဖြူဖြူ လက်ခံ ပါတယ်။ ခုလိုပြောတာ မလွှဲသာမရှောင်သာ မဟုတ်ပါဘူး။ တကယ်ကို စိတ်ရင်းအတိုင်းပါဘုရား”ဆိုပြီး တုန်တုန် ယင်ယင် လျှောက် ထားပါတယ်။ အဲဒီတော့မှ အငယ်သုံးယောက်ကလည်း တရှုပ်ရှုပ် ငိုကြရင်းက “အား ... အဲလိုလဲ မဟုတ်သေးပါဘူး၊ ဒီလယ်ယာတွေ နွားတွေဆိုတာ အစ်ကိုကြီးပဲ ကြိုးစားစောင့်ရှောက်ပြီး တိုးပွားအောင် လုပ်ခဲ့တာတွေပဲ၊ အစ်ကိုကြီးသာ ကျေနပ်သလိုယူပါ၊ အားလုံး ကျေနပ်ပါတယ်။ ချစ်ခင်လေးစားမှုလည်း မပျက်ပါဘူး”ဆိုပြီး လုပ်ကုန်ကြပါတယ်။ အငယ်ဆုံးနှမကတော့ “ဒါဟာ အစ်ကိုကြီးက မတရားတာ မဟုတ်ဘူး၊ ကိုယ့်လုပ်စာလည်း မပါဘဲနဲ့ လောဘဇောတိုက်ပြီး လိုချင်ကြတဲ့ အငယ်တွေကသာ မတရားတာ၊ အငယ်တွေကို ခွဲကို ခွဲမပေးနဲ့ အစ်ကိုကြီးပဲ ယူရမယ်”ဆိုပြီး လုပ်ကုန်ကြ ရော။ 
      ဒါနဲ့ နောက်ဆုံးတော့ ဆရာတော်က “ကဲ ... ခုမှ သဲမနေကြတော့နဲ့ နင်တို့ကြောင့် ငါလည်း ကြားထဲက အဆစ်ပါပြီး “ဘုန်းကြီးမျိုးတွေ”ဆိုတာနဲ့ ကိုင် အတုတ်ခံခဲ့ရပြီ။ ဒီကရှေ့ ဒါမျိုး မကြားစေကြနဲ့။ ခုလည်းလူကြီးတွေ ကောင်းမယ်ထင်သလို ဆုံးဖြတ်တဲ့အတိုင်း လိုက်နာကြ။ ကဲ .. သွားကြတော့” ဆိုပြီး ပြောလိုက်တော့ အားလုံး ဦးချပြန်သွား ကြပါတယ်။ ကျောင်းပေါ်က အဆင်းမှာ ညီအစ်ကို မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ငိုပွဲကြီးတောင် ဆင်လိုက်ကြသေးတယ်။ နောက်တော့လည်း အားလုံး အဆင်ပြေသွားကြတယ် ဆိုတာပါပဲ။ 
    ဆက်လက်ပြီး မိမိက - ဒေါ်စုပြောတဲ့ အထဲမှာ “သူလုပ်ကိုင်ဆောင်ရွက် ခဲ့ရတာတွေ၊ တွေ့ကြုံခံစားခဲ့ရတာတွေအပေါ် အနစ်နာခံနေရတယ်လို့ မထင်ပါ၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပြည်သူအများအတွက် လုပ်ဆောင်နေတယ်လို့ပဲ ခံယူပါတယ်” ဆိုတဲ့ စိတ်ထားဟာ ဆရာတော်ကြီးရဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် ဒါဟာ အာဇာနည် စစ်စစ်ကြီးများဖြစ်တဲ့ အလောင်းတော်ကြီးတို့ ထားရှိတဲ့ စိတ်ထားမျိုးပဲဖြစ်လို့ ဒေါ်စုရဲ့စကားကိုလည်း “အာဇာနည် စစ်စစ်ရဲ့စကား”လို့ ဆိုရမှာဖြစ်ကြောင်း ရှေ့ဆက် ပြောဆိုလိုက်ပါတယ်။ 
        တရားပွဲပြီးလို့ ပြန်တဲ့အခါ အဲဒီ ဒင်းတို့အဖွဲ့ဝင်များကပဲ “စောစောက ဆရာတော် ပြောသွားခဲ့တဲ့ အကြောင်းအရာတွေကို စာတစ်ပုဒ်အဖြစ် ပြန်ရေးပေးပါ”လို့ တောင်းဆိုကြတဲ့အတွက် အခုလို ပြန်ရေးလိုက်ရတာပါ။ အနစ်နာခံစိတ်များ ကင်းဝေးပြီး ကိုယ်ကျိုးစွန့်စိတ်များနဲ့ အများအကျိုးသည်ပိုး ဆောင်ရွက်နိုင်ကြတဲ့ အာဇာနည်စစ်စစ်များ ဖြစ်ကြပါစေ .... ။ 
                                                                  ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) 
 မေတ္တာများဖြင့် 
 အရှင်သိရိန္ဒ
 မေတ္တာဥယျာဉ် 
http://www.ashinsirinda.com 
မှ ကူးယူ ဖော်ပြသည်။
စကားကြီး သုံးခွန်း
$
0
0
                                            ♠ မြစ်ကြီးလည်းမခမ်းပါစေနဲ့..။ 
                                            ♠ သစ်ပင် ကြီးလည်း မလဲပါစေနဲ့..။ 
                                            ♠ ထုံးအိုးကြီးလည်းမကွဲပါစေနဲ့..။ 
      ♦ မြစ်ကြီးမခမ်းပါစေနဲ့ဆိုတာ….အေးမြတဲ့ စမ်းရေလိုကြည်ကြည် လင် လင် တသွင်သွင် စီးဆင်းနေ တဲ့..မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ..။ လူလူချင်းမေတ္တာထားကြ ၊မေတ္တာ တရားတွေ ပွားများကြမေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့ အဓိပ္ပါယ်ပဲ..။
      ♦ သစ်ပင်ကြီးလည်းမလဲပါစေနဲ့ …တဲ့..။ သစ်ပင် ကြီးဟာ အခက်အလက် အရွက်တွေ ဝေဝေဆာဆာ နဲ့ အရိပ် အာဝါသကိုပေးတယ်..။ ထို့အတူပဲ..ဘုရားတရားသံဃာ ရတနာ သုံးပါးရဲ့  အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်..။ ဒီအရိပ် အာဝါသတွေကို အမိအရခိုလှုံဘို့ လိုသလို..အရိပ် အာဝါသတွေကိုမဖျက် ဆီးမိဘို့ ၊ ကျေးဇူးမကန်းမိဘို့ သတိထားရလိမ့်မယ်..။ သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီး ရာရောက်တာပဲ..။ဒါကြောင့် သစ်ပင် ကြီးမလဲအောင် ကြိုးစားထိမ်းသိမ်းကြ..။ 
  ♦ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာ ဓလေ့ ထုံးစံတွေကိုပြောတာပါ..။ မိဘဘိုးဘွားလက်ထက်ကတည်းက လိုက်နာကျင့်သုံး လာကြတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာ ကောင်းတွေ..။ မပျောက် ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ..။ 
                                    -(ရွှေဥမင်ဆရာတော် ဘုရားကြီး )
လောကကြီး သာယာပါစေ..
$
0
0
                                 ကိုယ့်အတွက်နဲ့ လောကကြီး သာယာပါစေ..။ 
                                                    (မဟာဂန္ဓာရုံ ဆရာတော်)
    လူသားတို့၏ အပူမီးတို့ကြောင့် လောကကြီးသည် ပြင်းပြစွာ ပူလောင်နေပေ၏။ ထိုလောကကြီးကို ငြိမ်းချမ်းစေလိုလျင် လူသားတို့၏ အပူမီးတို့ကို ရှေးဦးစွာ ငြိမ်းကြရပေမည်။ သို့မဟုတ်ပါက လောကကြီးသည် ဘယ်တော့မျှ ငြိမ်းချမ်းသာယာနိုင်မည် မဟုတ်ပေ။ လောကကြီးကို သာယာစေလိုလျင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ကြရမည်။ မိမိတို့ဘာသာ အသီးသီး၏ အဆုံးအမတို့ကို ရိုသေစွာ လိုက်နာကျင့်သုံးကြလျက် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ကြမည်ဆိုလျှင် မိမိတို့ကိုယ် တိုင်လည်း ငြိမ်းချမ်းပြီး လောကကြီးသည်လည်း အမြဲအေးချမ်းနေမည်သာ ဖြစ်သည်။ ကိုယ်အတွက်ကြောင့် လောကကြီး အမြဲသာယာနေမည်သာ ဖြစ်သည်။
       ခုတစ်လော ဖေ့စ်ဘွတ်ခ်တွင် ဘာသာရေးနှင့် ပတ်သက်၍ အထင်နှင့် အမြင် အမျိုးမျိုးတို့ကို ဖတ်ရှုရသည်။ အထူးသဖြင့် အကြမ်းဖက် ဧည့်သည်တို့ကြောင့် ပူလောင်နေရသော အမိနိုင်ငံအတွက် အမျိုးသားရေး တက်ကြွသူ ရဟန်း ရှင်လူတို့က အမျိုးမျိုး ရေးသားကြသည်။ မွတ် ဘာသာဝင်တို့နှင့် အမျိုးသားရေး တက်ကြွသူတို့ အချင်းချင်း ကွန်မန့်ရေးကာ ချေပကြ၊ ဆဲဆိုကြသည်။ လွတ်လပ်စွာ ပေါက်ကွဲကြသည်။ ၄င်းအပြင် ၉၆၉- လှုပ်ရှားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင် အချင်းချင်း ငြင်းခုံနေကြသည်။ မိမိအနေဖြင့် လွတ်လပ်စွာ ရေးနိုင်ကြသော အင်တာနက်တွင် လွပ်လပ်စွာ ငြင်းခုံကြမှု၊ ရေးသားမှုတို့ကို နားလည်ပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင် အချို့တို့က ၉၆၉- လှုပ်ရှားမှုကို အကြမ်းဖက် လုပ်ရပ်၊ မွတ်စလင်ဘာသာဝင်များနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဇောင်းပေးကာ ရေးသားကြသည့် စာများ ဖတ်ရသည်မှာ အတော်ပင် စိတ်မကောင်းဖြစ်ရသည်။ ထို့အပြင် အမျိုးသားရေး စာများ တင်သည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များကို အကြမ်းဖက်အောင် လှုံ့ဆော်နေသူများဟု ပင် စွတ်စွဲကြသည်။ ဗုဒ္ဓဘာသာဖြစ်ပြီး အမြင်ကျဉ်းမြောင်းကာ ဘာသာသွေး အေးလွန်းလှသည်။ 
       ယခင်နေ့က ဖတ်လိုက်ရသည့် ဒူဘိုင်းရောက် အမျိုးသမီးတစ်ဦး ရေးသားထား သည့် စာတွင် သူမသည် ဒူဘိုင်းတွင် အလုပ်လုပ်နေထိုင်ကာ ဘာသာရေး အထူးကိုင်းရှိုင်းရိုသေသည်။ နေ့စဉ် ဘုရားပန်းတော်ကပ်ရန် ပန်းသွားဝယ်သည့်အခါ ပန်းရောင်းသူ မွတ်တို့က သူတို့အတွက်ပါ ဆုတောင်းပေးရန် မှာလိုက်သည်ဟူ၏။ သူမ၏ အတွေအကြုံအရ မွတ်ဘာသာဝင် များနှင့် ပြဿနာမရှိ နေထိုင်နိုင်ပြီး ဘုန်းကြီးများကို ပူလောင်နေသော လူများကို အပူတွေ ထပ်မပေးပါနဲ့ဟုပင် မှာလိုက်သေး၏။ လတ်တလော အခြေအနေမျှကိုသာ ကြည့်ရှု ဆုံးဖြတ်နိုင်စွမ်း ဥာဏ်မျှလောက်သာရှိသည့် အမျိုးသမီးပါပေ။ အရှည်ကို မကြည့်တတ်။ အတိုမျှကိုသာ ကြည့်တတ်ပါပေ၏။ 
        ဘုန်းကြီးများ၏ လှုပ်ရှားမှုကို ရိုးသားစွာ လေ့လာကြည့်စေချင်သည်။ မူဆလင်များကို သတ်ရ ဖြတ်ရမည်ဟု မည့်သည် ဘုန်းကြီးမှ မဟော မပြောကြပါ။ မေတ္တာ၏ ဆန့်ကျင်ဘက် ဒေါသ၀ါဒကို အားမပေးကြပါ။ မိမိတို့ဘာသာ မိမိတို့ လူမျိုးကို ချစ်သည့် စိတ်များ ရှင်သန်တက်ကြွစေရန်၊ ကျရောက်မည့် အန္တရာယ်ကို ကြိုတင် ရှောင်ရှားနိုင်စေရန်အတွက် အပင်ပန်းခံကာ ဘုန်းကြီးများက အသိဥာဏ် ဖွင့်ပေးခြင်းမျှသာ ဖြစ်သည်။
       ၉၆၉- လှုပ်ရှားမှုသည်လည်း ၀မ်းမြောက်နုမော် သာဓု ခေါ်စရာ ကိစ္စတစ်ခုပင် ဖြစ်သည်။ ယင်းဂဏန်းကို မြင်တိုင်း ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တို့ အမှတ်ရကာ အနုဿတိကုသိုလ် ဖြစ်သဖြင့် တွင်ကျယ်အောင် အသုံးပြုသင့်သည်သာ ဖြစ်သည်။ ယင်းအပြင် ဘာသာချစ်စိတ်ရှိသူများ ကိုယ့်ဘာသာဝင်ဆိုင်သာ ဈေးဝယ်နိုင်သဖြင့် ကိုယ့်ဘာသာကိုလည်း စောက်ရှောက်ပြီးသား ဖြစ်သည်။ ၇၈၆-ကို မိရိုးဖလာလို သုံးနေသော မွတ်ဘာသာဝင်တို့ကို မည်သို့မျှ မပြောကြဘဲ ကိုယ့်နိုင်ငံတွင် ကိုယ့်ဘာသာတံဆိပ်ကို သုံးစွဲနေခြင်းအပေါ် အပြစ်ပြောနေခြင်းက အနာဂါတ်မြန်မာ အတွက် ရင်လေးစရာပင် ဖြစ်သည်။ 
        မိမိတို့ ဗုဒ္ဓဘာသာသည် မေတ္တာဝါဒ ဖြစ်ပါသည်။ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်မှုကို လက်မခံသကဲ့သို့ မြတ်ဗုဒ္ဓလည်း မချီးမွမ်းပါ။ သို့သော် မေတ္တာဝါဒ ဟူသော အကြောင်းပြလှလှလေးဖြင့် အရာရာတိုင်းကို ခေါက်ငုံ့လက်ခံရမည့် ၀ါဒမဟုတ်ပေ။ စာပေများကို လေ့လာကြည့်လျင် ဓမ္မစက် နှင့် ပြောမရလျှင် မင်းစိုးရာဇာ တို့က အာဏာစက်ဖြင့် ကူညီခဲ့သည်သာဖြစ်သည်။ အရှင်မဟာမောဂ္ဂလာန်သည်ပင် သံဃာအလယ်မှ မထွတ်ဘဲ နှုတ်ဆိတ်နေသော ရဟန်းအား လက်မောင်းဆွဲကာ ခမ်းကြမ်းကြမ်းအပြင်ထုတ်ခဲ့သည့်သာ ဖြစ်သည်။ ခန္တီဝါဒီ ရသေ့ကဲ့သို ပါရမီရှိသော ဗုဒ္ဓဘာသာတို့ကို မဆိုလိုပေ။ ဤကဲ့သို့ ဆိုသဖြင့် အကြမ်းဖက်ဝါဒကို အားပေးရေးနေခြင်း ဟု မယူဆစေချင်ပေ။ အချို့အရာတို့၌ ဗမာစိတ်ဓာတ် ဗမာ့စိတ်ရင်းဖြင့် ခပ်အေးအေး မတွေးကြဘဲ ဘာသာသွေးနွေးကာ တွေးစေချင်သည့်အတွက် ဆိုရခြင်းဖြစ်သည်။ 
       အားလုံးအပေါ် ကရုဏာထားမှုအပေါ် လက်ခံပါသည်။ လေးစားပါသည်။ ဦးဇင်း သည်ပင် ၁၁-နှစ်ကတဲက သင်္ကန်းဝတ်ခဲ့သူမို့ အလွန်ပင် သနားတတ်ပါသည်။ အင်တာနက်တွင် မူဆလင်များ လည်လှီးသတ်နေသော ဗီဒီယိုဖိုင်များ အခုထိ မကြည့်ရဲသေးပါ။ မိတ္ထီလာ အရေးအခင်းတွင် ဒုက္ခရောက်နေကြသော မူဆလင်များကို မြင်ရပြီး ထိရှစွာ ခံစားခဲ့ရပါသည်။ သို့သော် ကိုယ့် လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ အတွက်တော့ ခံစစ်ကို ပြင်ဆင်ကြရပါမည်။ 
        မူဆလင်တိုင်း အစွန်းရောက် မဟုတ်သည်ကို လက်ခံသည်။ အစွန်းရောက် မဟုတ်သော မူဆလင် သူငယ်ချင်းများနှင့် ခင်ခဲ့ဖူးသည်။ ဗုဒ္ဓဘာသာကို သက်ဝင်မှုရှိသော မူဆလင်သူတော်ကောင်း အချို့ကိုပင် တွေ့ခဲ့ဘူးသည်။ သို့သော် အများစုမှာ အကြမ်းဖက် စိတ်ဓာတ်ကလေးတွေ ရှိနေတတ်သည်။ မူဆလင်တိုင်း အကြမ်းဖက်မဟုတ်သော်လည်း အကြမ်းဖက်သည့် သူတိုင်း မူဆလင်တို့ဖြစ်နေ ကြသည်ဟူသော စကားကို လက်ခံရမည်။ 
         ထို့ကြောင့် အမိပြည်သူတို့အနေဖြင့် ခံစစ်ကို ပြင်ဆင်သည့်အနေဖြင့် ရဟန်းသံဃာတို့ ဆုံးမနေသကဲ့သို့ မူဆလင်တို့နှင့် စီးပွားရေး၊ လူမှုရေး မလုပ်ဘဲ ကြည်ဖယ်ရမည်။ ထိုသို့ လုပ်သဖြင့် မြန်မာပြည်တွင်ရှိသော မူဆလင် လူမျိုးစုအပေါ် မစိုးရိမ်သင့်ပါ။ သူတို့ဘာသာမှာ ဗုဒ္ဓဘာသာဝင်တို့ကဲ့သို့ မဟုတ်ဘဲ အချင်းချင်း သစ္စာရှိကြသဖြင့် ထမင်းမငတ်ပါ။ ယင်းသို့လုပ်ပါက စီးပွားရေးလုပ်လို့ မကောင်းဟုဆိုကာ မွတ်လူမျိုးများ မြန်မာပြည်သို့ လာရောက်နေထိုင်ရန် စိတ်ဝင်စားမှု နဲပါးလာပါလိမ့်မည်။ ယင်းအပြင် မိမိတို့လည်း စီးပွားရေးလုပ်ရင်းဖြင့် မိမိတို့ဘာသာ သာသနာကို နေ့စဉ် မြှုပ်နှံပြီးသား ဖြစ်ပေမည်။
      အရာရာတိုင်းတွင် နိုင်ငံရေးသမားများ ပြောကြသကဲ့သို့ လူ့အခွင့်အရေးဟူသော ပေတံဖြင့် တိုင်းတာ၍ မရပေ။ ’နင်တို့ကို ငါတို့က လာပါ လာပါလို့ ဖိတ်ခေါ်ခဲ့တာမဟုတ်ဘူး၊ ဒါကြောင့် နင်တို့နဲ့ အဆင်ပြေအောင်လို့ ငါတို့ဘက်က ဘာမှ ပြုပြင်ပေးစရာ မရှိဘူး။ ငါတို့နဲ့ နေရတာ အဆင်မပြေဘူးဆိုရင် နင်တို့ မူဆလင်တွေ ဒို့နိုင်ငံက ထွတ်သွားကြ’ ဟူသော သြစတြေလျ ၀န်ကြီးချုပ်စကားနှင့် မကြာခင်က ပြောခဲ့သော ”သူတို့ အနေနဲ့ ရှာရီးယား (အစ္စလာမ် ဘာသာရေးဥပဒေ) ကို ပိုကြိုက်ရင်၊ အဲ့ဒီဥပဒေ ရှိတဲ့ နိုင်ငံတွေကို သွားနေပါလို့ ကျွန်တော်တို့ အကြံပြုချင်တယ်။ ရုရှ ဟာ လူနည်းစုကို မလိုဘူး၊ လူနည်းစုက သာ ရုရှကိုလိုတယ်။ သူတို့ အနေနဲ့ လူမျိုးရေးခွဲခြားပါတယ်လို့ ဘယ်လိုပဲ အသံကျယ်နဲ့ ဟစ်နေပါစေ သူတို့ ကို အထူး အခွင့်အရေး မပေးနိုင်ဘူး၊ သူတို့ရဲ့ လိုလားချက်တွေနဲ့ ကိုက်ညီအောင် ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ပြင်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။”ဟူသော ရှရှားသမ္မတပူတင်၏ စကားတို့ကို အတုယူရပါမည်။ ဒီမိုကရေစီနိုင်ငံကြီးများက လူအခွင့်အရေးတစ်ခုတည်းသာမက အမျိုးသားရေး ကိုပါ ကြည့်ရှုသည်ကို သင်္ကန်းစာ ယူသင့်ပါသည်။ ယင်းကဲ့သို့ စီးပွားရေးစသည်တို့၌ မပတ်သက်ဘဲ နေပါက လူနည်းစု မြန်မာပြည်မူဆလင်တို့နှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါလိမ့်မည်။
         မြန်မာအမျိုးသမီးများ၏ လင်ယူပက်စက်သည်မှာလည်း စိုးရိမ်စံချိန်သို့ ရောက်နေ ပေသည်။ မူဆလင် အမျိုးသားတို့ကို မယူကြရန်၊ ဘာသာတူ အမျိုးသားတို့နှင့်သာ ပေါင်းဖက်ရန် အာပေါက်အောင် ပြောဟောနေကြသည့်တိုင် သွေးအေးကာ ယူနေကြဆဲဖြစ်သည်။ ကုလားလင်ယောင်္ကျား ၏ဒဏ်ကို နှဖူးတွေ့ ဒူးတွေ့ တွေ့ပြီဆိုသောအခါမှ ဘုန်းကြီးများကို အားကိုးရပြီ။ ထိုအခါ မနေသာသော ဘုန်းကြီးများက ကရုဏာဒေါသဖြင့် ဆုံးမကာ ၀င်ရောက် ကူညီရတော့သည်။ ထိုသို့ကူညီကြသည့်အခါ ဘာသာအသိဥာဏ် ခေါင်းပါးသူတို့က ဘုန်းကြီးအလုပ် မလုပ်၊ လူအလုပ် ၀င်ရှုပ်သည်ဟုပင် ကဲ့ရဲ့ကြသေးသည်။ ဘုန်းကြီးတို့မှာ လင်ယူပက်စက်သူတို့ကို ကူညီကြကာ လူမိုက်လုပ်ကြရသည်။ 
        မူဆလင်အင်အား များလာခြင်း၏ အန္တရာယ်ကြီးမားမှုကို ဗဟုသုတ ရှိသူတိုင်း သိကြပြီးဖြစ်သည်။ ထိုကြောင့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် စသည့်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာကွယ်ပပြီး မူဆလင်နိုင်ငံဖြစ်သွားခဲ့ရခြင်းအကြောင်းကို အကျယ်ချဲ့၍ မဆိုလိုပြီ။ ယခုလက်ငင်းအားဖြင့် မူဆလင်တို့၏ အကြမ်းဖက်မှုတို့ကြောင့် ဖိလစ်ပိုင်၊ ထိုင်းတောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့တွင် ထိုဒေသခံ လူများ ကျီးလန့်စာစာ နေကြရသည်။ မနေ့ကပင် အင်ဒိုနီးရှားတွင် ဘင်္ဂါလီမူစလင်တို့၏ သတ်ဖြတ်မှုကြောင့် မြန်မာ ရှစ်ယောက်သေခဲ့ကြရပြီ။ ထိုကဲ့သို့ဖြစ်ရပ်မျိုး မူဆလင် များသောနေရာတိုင်းတွင် အတိတ်ကလည်းဖြစ်ခဲ့ပြီ။ ယခုလည်း ဖြစ်နေဆဲ။ နောက်အနာဂါတ်လည်း ဖြစ်လာအုံးမည်သာ ဖြစ်သည်။
       လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသော ဖြစ်ရပ်မျိုး အကြိမ်ကြိမ် ဖြစ်နေပါလျက် လူအခွင့်အရေး ဟူသော စကားကို တသွင်သွင် သုံးပြီး ဖင်ပိတ်ငြင်း နေရမည့် အချိန်မဟုတ်တော့ပြီ။ ဤကဲ့သိုသာ ဘာသာသွေး အေးနေကြပါက ကျွန်ုပ်တို့၏ အနာဂါတ်မျိုးဆက်များကို မည်သို့ ကယ်တင်ကြမည်နည်း။ လေးနက်စွာ တွေးစေ ချင်ပါသည်။ 
       ၁၉၅၀-ခုနှစ်၊ မြန်မာနိုင်ငံ၏ မူဆလင် လူဦးရေ အချိုးအစားမှာ ၈% ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ယခင်နှစ် ၂၀၁၂-ခုနှစ် မြန်မာ့မူဆလင် လူဦးရေ အရေအတွက်မှာ ၂၂% ရာခိုင်းနှုံးဖြစ် လာလေပြီ။ နှစ်ခြောက်ဆယ်အတွင်း သုံးဆနီးပါးများလာခဲ့ပြီ။ ယင်းကိစ္စကို မည်သို့ ကိုင်တွယ်ကြမည်နည်း။ သားဖောက်သာသနာပြုသော ယင်းဝါဒကို မည်သို့ တားဆီးကြမည်နည်း။ ယင်းကဲ့သို့သာ အတားအဆီးမဲ့ ဆက်လက်ပေါက်ဖွားနေပါက ဒီမိုကရေစီဖြစ်လာပြီဖြစ်သော မြန်မာနိုင်ငံတွင် မူဆလင်သမ္မတ တို့ကို မြင်လာရတော့ ပေမည်။
          အမေရိကန်နိုင်ငံ၏ နိုင်ငံရေးပေါ်လစီတွင် မူဆလင်ကမ္ဘာတိုက်ဖျက်ရေးသည် ပထမ၊ နျူးကလီးယား တိုက်ဖျက်ရေးသည် ဒုတိယဟု မှတ်ခဲ့ဘူးသည်။ ကြားဖူးသော ယင်းပေါ်လစီ၏ မှန်၊ မမှန်ကို တိကျစွာ မသိရသေးသော်လည်း ဒီမိုကရေစီ ကူးပြောင်းခါစ ဘောင်းဘီချွတ် အစိုးရကြီးတို့ လိုက်နာသင့်ပေသည်။ 
           ယင်းကဲ့သို့ မူဆလင်တို့၏အန္တရာယ်ကို ရှင်းပြရေးသားနေခြင်းမှာ မူဆလင်တို့ကို မုန်းတီးရေးအတွက် လှုံ့ဆော်လိုသောကြောင့် လုံးဝမဟုတ်ပေ။ မသိသေးသော ကျွန်ုပ်တို့ ဘာသာ မြန်မာလူမျိုးများ သိရှိစေရန်၊ အမျိုးသားရေး ဘာသာရေးစိတ် တက်ကြွစေရန် သိသမျှတို့ကို မျှဝေခြင်းဖြစ်သည်။
            မြန်မာနိုင်ငံတွင် နေလျက် စာပေမျှလောက်သာ ဖတ်သိရသော အသိဖြင့် ယင်းကဲ့သို့ တင်ပြခြင်း မဟုတ်ပေ။ ကျွန်ုပ်အနေဖြင့် အီရတ်၊အီရန်၊ ယီမင်၊ ဂျော်ဒန်၊အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်စသော မူဆလင်ကျောင်းသားပေါင်း (၄၀)နီးပါး တို့နှင့် တစ်ဆောင်တည်း နေခဲ့သည်မှာ ခြောက်နှစ်ပင် ရှိခဲ့လေပြီ။ ယခုလည်း နေရဆဲ ဖြစ်သည်။ အဆောင်တွင် ပြဿနာဖြစ်ကြလျင် မေးစရာမလို သူတို့သာ ဖြစ်သည်။ တစ်ခါတစ်ရံ အချင်းချင်း ရန်ဖြစ်ကြပြီး ဓားကိုင်ကာ ခုတ်ကြသဖြင့် ရဲတို့ပင် လာထိန်းရသည်။ အများသုံး လက်ဆေးကန်တွင် ခြေထောက်တို့ကို တင်ကာ ဆေးကြသည်။ တစ်ဘက် လက်ဆေးကန်တွင် မျက်နှာသစ်နေလျင် ကပ်ရက် လက်ဆေးကန်တွင် သူတို့က ခြေထောက်တင်ကာ ဆေးကြသည်။ အဆောင်တာဝန်ရှိပုဂ္ဂိုလ်က စည်းကမ်းထုပ်ကာ တားမြစ်သော်လည်း လုံးဝ လိုက်နာခြင်း မပြုကြ။ တာဝန်ရှိသူ ပြောလျှင် ရန်ပြန်လုပ်သည်။ 
        တစ်နှစ်ကုန်လို့ ကျောင်းသားတို့သာ ပြောင်းသွားသော်လည်း စရိုက်တို့က ထို့အတူပင် ဖြစ်သည်။ စကားမများလိုသဖြင့် အခြားဘာသာဝင် ကျောင်းသားတို့က မပြောကြတော့ပေ။ သည်းခံကာ နေကြရသည်။ ထိုကြောင့် ကျောင်းသားအများစုက သူတို့နှင့် ရင်းနှီးစွာ မပေါင်းသင်းချင်ကြပေ။
       ပြီးခဲ့သည့် တစ်လကျော်ကပင် နိုင်ငံတကာ ကျောင်းသားများ၏ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ ကျင်းပခဲ့သည်။ နိုင်ငံပေါင်းသုံးဆယ် နီးပါးက ကျောင်းသားတို့ (၆) သင်းခွဲကာ ယှဉ်ပြိုင်ကြသည်။ ဗိုလ်လုပွဲကို အာရပ်နိုင်ငံများ အသင်းနှင့် အာဖဂန်နစ္စတန်တို့ ကန်ကြသည်။ အဖြေထွတ်ခဲ့သော်လည်း ငါတို့ မူဆလင်ကမ္ဘာဟာ တစ်နိုင်ငံတည်းပဲ ဟုဆိုပြီး ပထမပူးတွဲယူကြကာ ဆုတံဆိပ် နှစ်သင်းစာ ပေးရသည်။ ပြောလိုသည်မှာ မူဆလင်တို့ စုမိပါက သွေးစီးပြီး သားဖြစ်သည်။ မြန်မာတို့ စိတ်ဓာတ်ကား ထိုနှင့် ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ 
           နိဂုံးချုပ်အားဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းစေလိုပါလျင် အထူးသဖြင့် မြန်မာပြည် အေးချမ်းစေလိုပါလျင် လူသားတိုင်းသည် မိမိတို့ဘာသာ အဆုံးအမတို့ကို လိုက်နာ ကျင့်သုံးကြကာ အဇ္ဈတ္တတို့ကို ပြင်ကြရမည်။ ကိုယ့်ကြောင့် လောကကြီး သာယာစေရန် အားထုတ်ကြရပေမည်။ ပြင်ပအားဖြင့် မူဆလင်ကမ္ဘာ မကျယ်ပြန့်စေရန် ထိန်းချုပ်ကြရပေမည်။ သို့မှသာ ငြိမ်းချမ်းသော ကမ္ဘာနှင့် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်မိပေသည်။ 
                                                  သိမ်မွေ့ဦး (BHU)
                                                      (၀၆-၀၄.၁၃)
ပုစ္ဆာတော၌
$
0
0
          ခုတလော စာမရေးဖြစ်။ အမိမြေက နှလုံးနောက်ကျုဖွယ်အာရုံတွေနှင့် မောလျနေခဲ့သည်။ မျက်စိ၊ နား၊ မနော သုံးပါးသော ဒွါရတံခါးတွေကနေ အလျင်မပြတ်ဝင်လာနေသည့် အာရုံခါးတွေ ... အာရုံခါးတွေ ... ။
       မအူပင်ကွင်းဆီက သေနတ်သံတွေ၊ လက်ပံတောင်းတောင်ရိပ်က ငိုယိုရန်တွေ့သံတွေ၊ မိတ္ထီလာက မီးခိုးငွေ့တွေ၊ ဗလီကျမ်းစာသင်ကျောင်းက ကလေးငိုသံတွေ၊ ခုနောက်ဆုံး အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းက ဗမာရေလုပ်သားလေးတွေရဲ့သွေးတွေ ... တွေ ... ။ 
      ထိုအကြောင်းအရာတို့သည် မိုးလင်းမိုးချုပ် ခေါင်း၌ နေရာယူကြသည်။ ရင်၌တပ်စွဲကြသည်။ သည်တော့ စာပေရေးသားမှုကိုမဆိုထားနှင့်။ ပြုနေကျ နိစ္စဗဒ်တို့ပင် လစ်ဟင်းချင်ချင်၊ မေတ္တာ ကမ္မဋ္ဌာန်းပင် အနိုင်နိုင်။ 
      တဖြည်းဖြည်း တည်ငြိမ်စပြုသည့်တိုင် အကင်းမသေချင်။ ရင်၌ပုစ္ဆာတို့ ကြွင်းခဲ့တော့သည်။ ထိုပုစ္ဆာတို့ကို အဖြေရှာနေမိသည်။ ကိုယ့်ထက် သုတကုံလုံသော၊ ပညာကြွယ်ဝသော စာဖတ်ပရိသတ် ကြီးကိုလည်း ဖြေဖေါ်ညှိကြည့်ချင်သည်။
       တနေ့ ဖုန်းထဲကနေပြီး "ဘုန်းဘုန်းရေ ... တပည့်တော် "၉၆၉" ကဒ်လေးတွေမှာတာ၊ လူကြုံက ယူလာဖို့ ဝန်လေးနေတယ်၊ သူတပါးဘာသာကို ရန်စသလိုဖြစ်မှာစိုးလို့တဲ့၊ အဲဒါ တပည့်တော်မ သဘော မတူဘူး၊ ကိုယ်ယုံကြည်ရာ၊ ကိုယ်ကိုးကွယ်ရာကို ကိုယ်နှစ်သက်တဲ့ "သင်္ကေတ" နဲ့ ကိုးကွယ်ခွင့် ရှိတယ် မဟုတ်လား" 
         အော်ရီဂွန်၊ ပို့တလန်မြို့က နှမငယ်တစ်ယောက်။ ဟုတ်သည်၊ သင်္ကေတတွေ ဘာသာအသီးသီး မှာ ရှိကြတာပဲ။ ဟိန္ဒူမှာဆို " ॐ "၊ ခရစ်ယာန်တွေမှာ "လက်ဝါးကပ်တိုင်"၊ အစ္စလမ်တို့မှာ "၇၈၆"၊ ကိုယ်တို့ ဗုဒ္ဓဘာသာမှာတော့ အိန္ဒိယမှာ လှည်းဘီးဓမ္မစက်ဝန်း၊ မြန်မာမှာတော့ "အ" နှင့် "ရ" ကို "ဟ" အတွင်း ထည့်ရေးသည့် "အရဟံ" ဆိုသည့် သင်္ကေတမျိုးလေးတွေ ရှေးအဆောက်အဦတချို့၏ နဖူးစည်းမှာ တွေ့တတ်ရဲ့။ အခုတိမ်ကောခဲ့ပြီ။
    ဒါကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ဘာသာတရားကို နက်နဲစွာကိုးကွယ်သူ၊ ဒါမှမဟုတ် ဈေးကွက်မြင်သူတဦးဦးက သည် "၉၆၉" ဆိုသည့် လိုဂို (Logo) လေးကို တီထွင်လိုက်ပေမည်။ ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါးတို့ကို ရည်ရွယ်ကာ ဒီဇိုင်းဆင်ခဲ့ခြင်းပင်။ ထိုဂဏန်းလေး သုံးလုံးကိုကြည့်၍ ဘာသာဝင်တိုင်း ကုသိုလ်စိတ်ဖြစ်ကြမည် ဧကန်။ "ယောနိသောမနသီကာရ" ရှိကြလျှင်ပေါ့။ ယောနိသောမနသီကာရ မဲ့သူများအတွက်မူ အဆိုးမြင်ကောင်းမြင်ကြပေလိမ့်မည်။ သို့နှယ် တနံတလျား စဉ်းစားနေစဉ် ... 
    "ဘုန်းဘုန်း ... ယဉ်ကျေးသူမှန်ရင် သူများဘာသာကို ထိပါးခွင့်မရှိသလို ကိုယ့်ဘာသာကိုလည်း စောင့်ရှောက်ကာကွယ်ခွင့် ရှိတယ်မဟုတ်လား ..." ကိုယ်မဖြေနိုင်မီ၊ ကိုယ့်အတွက် ပုစ္ဆာတပုဒ်ထားခဲ့ကာ ကိုယ့်နှမ ဖုန်းချသွားခဲ့ပြီ။
       "ခုတလော ဒီကမောင်တွေ လူ့အခွင့်အရေးစကားတွေ သိပ်ပြောနေကြတယ်။ မြန်မာပြည်မှာက တခြားအခွင့်အရေးတွေ နည်းခဲ့ပေမယ့် လွတ်လပ်စွာကိုးကွယ်ခွင့်၊ ရှိခိုးခွင့်တွေ တန်းတူရနေကြတာ မဟုတ်လား၊ ဘယ်ဘာသာကမှ ပိုကိုးကွယ်ခွင့် မရှိပါဘူး၊ ကိုယ့်ဘုရား ကိုယ်ကြိုက်သလို ကိုးကွယ်ခွင့် ရှိကြတာပဲ၊ တကယ်ဆို ဗုဒ္ဓဘာသာဝင်တွေကတောင် နှိပ်ကွက်ခံရတာများသေး၊ ရွှေဝါရောင်အရေး အခင်းမျိုးကိုကြည့်လေ၊ ဒါကို အခွင့်အရေး ချိုးဖေါက်ခံရတယ်ဆိုတော့ ကြားပြင်းကပ်တယ်၊ တဘက်ကို အခွင့်အရေးမရှိသယောင် ပုံကြီးချဲ့နေကြတော့ အချင်းချင်းတွေကြား ပိုပြီးသွေးကွဲတာပဲအဖတ် တင်မယ်။ နောက်ပြီး Minority တွေတွက် Majorityတွေက ရိုးရာအခွင့် အရေးလေးတွေ လျှော့ပေးရမှာလား၊ အခွင့်အရေး ချို့တဲ့သူချင်းချင်းအတူတူ တမူးဖိုး ပိုရှူခွင့် ရစေချင်တာလား" 
        စာရေးဆရာညီတော်တပါး၊ သူလည်း ကိုယ့်လို "ခေါင်းစား" ၍ စာမရေးဖြစ်သူ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားခွင့် ... ခွင့် ... ခွင့် ... တသီကြီး စဉ်းစား နေမိသည်။ သည်နိုင်ငံကြီးမှာရော၊ တန်းတူညီမျှ အားလုံး ခြွင်းချက်မရှိ ရနေကြပြီလား။ တနေ့က ကိစ္စလေးက ရုတ်ချည်းပေါ်လာသည်။ သည် "မီဝေါကီး" မြို့ရဲ့ "ဖရန်ကလင်" ရပ်ကွက်က ရှေးအိမ် ဟောင်းလေးတဆောင်၊ ၁၈၈၅ ခုကတည်းက အဆောက်အအုံလေး၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း လုပ်ရန် ကိုယ်တို့သွားဝယ်ကြသည်။ မရ၊ ရောင်းထွက်သွားပြီတဲ့၊ အေးဂျင့်၏စကား၊ တကယ်တော့ မဟုတ်၊ မရောင်းလို၍သာ၊ အဖြူတောမှာ အာရှသားတွေ မဝင်စေလို၍သာတဲ့၊
   " အဲဒါပဲ ဘုန်းဘုန်း၊ တပည့်တော်တုန်းကလဲ ကြိုးစားလိုက်ရတာ၊ ဒီကဘွဲ့လည်းရရော အဖြူတွေမလုပ်ချင်တဲ့ အလုပ်မျိုးပဲရတာ" အတူပါလာ သောမောင်ရင်လေး၏ နှိုင်းယှဉ်သံ၊ ကိုယ်ကတော့ ခြံဝန်းနှင့် မြက်ခင်းစိမ်းစိမ်းတွေ၊ ကလေးကစားကွင်း အသီးသီးပါသည့် ဝန်းကျင်က အိမ်တွေကို ငေးကြည့်ကာ သီးခြားနေတတ်သည့် သူတို့ဗီဇကို အသိအမှတ်ပြုရင်း "သူ့ပစ္စည်း သူမရောင်းဘဲ နေပိုင်ခွင့်ရှိတာပဲလေ၊ နောက်ပြီး ကျရာမှာ ပိန်းရိုင်းတွေ လိုတောထပြီး ညောင်ပင်လိုမြိုတတ်တဲ့ အာရှမျိုးတွေကလည်း ရှိနေလေတော့ ... အင်း ... " ဟု၊ ဟင်းချကာ ပြန်ခဲ့ကြရ။ ခုတော့ သည်ကလူတွေပဲ လူ့အခွင့်ရေးစကားတွေ အမိမြေဆီ လှမ်းပြောနေပြန်ပြီလေ။ ဒါကလည်း သည်ဇာတိသားစစ်စစ်တွေက တော်တော်ပါ၊ "မယ်ဘော်" တွေကသာ ... ။ 
     လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အဖြစ်လေးတခုကိုလည်း အမှတ်ရသည်။ သည်နိုင်ငံမှာပင် ဖြစ်ပျက်ခဲ့၊ အမေနှင့် သမီး ဇာတ်လမ်း၊ ဆယ်ကျော်သက်သမီးကို အချိန်မတော် ယောက်ျားလေး မိတ်ဆွေအခန်းကို မသွားရန်တားမြစ်ရာမှ ပြဿနာစခဲ့၊ အမေ့စကား သမီးကလက်မခံ၊ ဒါလူ့အခွင့် အရေးတဲ့၊ သွားမြဲ လာမြဲလုပ်သည်၊ သည်တော့ စိတ်ဆိုးကာ အမေက ပါးကို ရိုက်လိုက်သည်၊ သမီးက တရားစွဲတော့ အမေကတရားခံ၊ သမီးကတရားလို၊ အမှုဆိုင်ရသည်၊ နောက်ဆုံးတော့ တရားစီရင်ရေး ဂျူရီအဖွဲ့ဝင်ငါးဦးတွင် နှစ်ဦးကသမီးကိုအနိုင်ပေးကာ သုံးဦးက အမေကိုအနိုင်ပေးခဲ့သည်။ အမေလွတ်ခဲ့သည်၊ ထိုအမှုကို ဆုံးဖြတ်ခဲ့သောသူတွေထဲမှ အမျိုးသမီးဂျူရီ၏ မေးခွန်းလေးက ခုအချိန်တွင် ကိုယ့်ရင်ကို ရိုက်ခတ်လာတော့သည်။ "လူ့အခွင့်အရေး ... လူ့အခွင့်အရေးနဲ့ ... အဲဒီလူ့အခွင့်အရေးက ကျွန်မတို့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ မိသားစု မေတ္တာနယ်ပယ်ကို ဘယ်လောက်ထိ ထိုးဖောက်နေရာယူခွင့်ပေးမလဲဆိုတာ မေးချင်တယ်" တဲ့။ ကိုယ်လည်း "မစ္စတာဗီဂျေး နံဘီးယား" ကိုမေးခွင့်မသာတော့ အဲဒီပုစ္ဆာလေးကို ဘာသာပဲ အကြိမ်ကြိမ် မေးနေမိ။ 
     နောက် ... မိတ္ထီလာအရေး၊ လူပေါင်းလေးဆယ်ကျော်ပင် သေကျေဆုံးပါးခဲ့ရသတဲ့။ တိုက်တာ အိုးအိမ်တွေက အစားထိုးနိုင်ပေမင့်၊ အသက်တွေ ခန္ဓာတွေကမူ ... ကြေကွဲဖွယ်ဖြစ်ရပ်၊ အမှိုက်ကစ ပြဿဒ်မီးလောင်ရသည့် သာဓက၊ အမှိုက်ကိုမရှင်းဘဲ ပြဿဒ်ကိုငြှိမ်းနေရုံနှင့် မီးမသေနိုင်၊ မီးကြွင်း မီးကျန်တို့က ထတောက်နိုင်သည်သာ၊ ရောင်းသူဝယ်သူတို့နယ်တွင် "ဝယ်သူအမြဲမှန် ( Customer is always right. )"၊ "ဝယ်သူသာ နတ်ဘုရား ( Customer is god. )" ဆိုသည့် ယဉ်ကျေးမှုသည် အမိမြေကတချို့ဈေးသည်တွေထံမှာ မထွန်းကားသေးဘူးထင်ရဲ့၊ ကြားပင် ကြားဖူးကြရဲ့လား ... ကြားဖူးလျက်နှင့် မကျင့်သုံးချင်လို့လား ... ။ 
      နောက်ပြီး ရခိုင်အရေး၏နောက်ဆက်တွဲသည် ကော့စ်ဘဇား၊ မိတ္ထီလာ၏နောက်ဆက်တွဲသည် ဂျာဗားကျွန်း၊ သည်မျှနှင့် အေးအောင် စွမ်းနိုင်ကြပါ့မလား၊ ဟူး ... ၊ စွမ်းနိုင်ကြပါစေ ... ဆောင်နိုင်ကြပါစေ ...၊ မုန်းစတို၍ ချစ်စ ရှည်နိုင်ကြပါစေ ... ။
  နောက်တခါ လာပြန်ချေသေး။ 
 "ဦးဇင်းကံ ... တပည့်တော်ကိုယ်စား ရေးလိုက်စမ်းပါ။ စစ်အာဏာရှင်တွေအောက်မှာတုန်း ကတော့ ပါးစပ်တောင်မဟရဲတဲ့သူတွေက ပြောခွင့်ဆိုခွင့် လည်းရရော၊ ပြောခွင့်ဆိုခွင့်ရအောင် ပါးစပ်တွေ ဖွင့်ပေးတဲ့သူကို ကိုယ့်အလိုမကျတာနဲ့ အရင်ပြန်ဆဲကြတာ၊ ရန်တွေ့ကြတာ ကောင်းသလားလို့ ..."
        အမိမြေက စာရေးဆရာနောင်တော်၊ သူ့ပုစ္ဆာက လက်ပံတောင်းတောင်နံရံကို မဖောက်၊ ကိုယ့်ရင်ထဲမှာသာ ကောင်းသလား ... မကောင်းဘူးလား ... ကောင်းသလား ... မကောင်းဘူးလား ... ၊ အင်း ... လူဆိုတာကလည်း မိမိကိုယ်ကို ဗဟိုပြုစဉ်းစားကြတာဆိုတော့ ... ၊ ဟူး ... ၊
      အချို့သူတွေက "ဒီမိုကရေစီခေါင်းဆောင်နှင့် ဘာမဆိုဖန်ဆင်းပေးနိုင်သည့်တန်ခိုးရှင်" ကို ထပ်တူ မြင်ကြပုံပင်၊ ဟိုအရေးမှာပြောမပေးလို့ ... ဒီအရေးမှာ ဆိုမပေးလို့ ... နှင့် စကားတင်းဆိုကြ၊ မနေ့ကပင် ဓာတ်ပုံပါသည့် တီရှပ်တွေ မီးရှို့ကြသတဲ့၊ အော် ... ။
   ပို၍ပို၍ကြေကွဲဖွယ်ကောင်းသည်က အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေး စခန်းမှ မြန်မာရေလုပ်သားလေး ရှစ်ယောက်ပင်၊ "ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း" ဆိုသည့်အချက်နှင့် အသက်ဆုံးခဲ့ရ သည်လေ၊ ကိုးကွယ်ရာမတူသူတွေကြားမှာ "ဘာသာဝင်" ဆိုတာ ရန်စည်းတခုအဖြစ် ဘယ်လောက်ထိ တည်နေမှာပါလိမ့် ... ၊ ဟူး ... ။
    " ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခွင့်" တဲ့၊ သက်ရှိသက်မဲ့တိုင်း လိုလားအပ်သည့် ဓမ္မ၊ "သမဂ္ဂါနံ တပေါ သုခေါ" တဲ့၊ ဗုဒ္ဓမြတ်စွာ ဘီစီ(၆) ရာစုကပင် ဟောကြားခဲ့၊ "ရှုံးသူမှိုင်၊ နိုင်သူရန်ပွား" တဲ့၊ နောက်ပြီး ကိုယ်တို့ငယ်စဉ်က အမေ မကြာခဏ သွန်သင်လေ့ရှိသည့် " ရန်မလိုမှ ရန်ပြိုသည်၊ ရန်လိုက ရန်ပိုသည်" တဲ့၊ သည်ဓမ္မတွေ လူ့နယ်ပယ်တိုင်းတွင် ပြန့်နှံ့စေချင်ခဲ့၊ ခုတော့ ... အင်အားနည်းခိုက်တွင် ငြိမ်းချမ်းစွာယှဉ်တွဲနေလိုပြီး အင်အားကြီးလာလျှင် တဘက်ကိုမင်းမူလိုသော "ဉာဉ်ဆိုး" ကိုမဖျောက် နိုင်သည့် "မိုးခိုလာသော ကုလားအုပ်" တွေက နေရာအနှံ့။ 
    လွတ်လပ်ရေးကို ယှဉ်တွဲကာ အသက်ပေး၍ ယူပေးသွားခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးရာဇတ်တို့ကို လှမ်း၍ အားနာလိုက်မိသည်။ သည်အရေးတွေအတွက် သုခဘုံ တနေရာက မျက်ရည် တွေတွေများ ကျနေကြလေမလား ...၊ ဟူး ... ။
      သို့နှယ် ပုစ္ဆာဟောင်း မပြေမီ ပုစ္ဆာသစ်တို့ ဆင့်ရင်းဆင့်ရင်း ဧပြီ (၁၃) ရက်၊ ကိုယ့်မွေးနေ့သို့ပင် ချဉ်းခဲ့ပါပေါ့လား။ သည့်အတွက်လည်း ဝတ်မပျက် ဆုတောင်းရပေဦးမည်။
     "အချင်းချင်း အမျက်အအီ တစိုးတစိ မရှိ၊ ချစ်သော မျက်စေ့ဖြင့် ကြည့်ကြရစေ" ဆိုသည့် ပုဂံ ကျောက်စာက အာမနာကျောင်းအမရဲ့ ဆုတောင်းလေးငှားပြီး ဆုတောင်းလိုက်ရဲ့။ ။ 
 ကံထွန်းသစ် 
08-04-2013 
1:30 A.M
မေတ္တာဥယျာဉ်မှ ကူးယူဖော်ပြသည်..။
ကလေး
$
0
0
ကိုယ့်ကိုယ်ကိုယ် ချိုင့်ဝှမ်းထဲမှာ ၀ှက်ပြီး 
လူကြီးဖြစ်ရမှာ ရှက်နေတဲ့မြို့ … 
 ပုဝါတစ်တို့ ချွေးတစ်စို့နဲ့ 
အစဉ်အလာကြီးခဲ့တဲ့ သမိုင်းနဲ့
 တောင်တွေ ပတ်လည် ၀ိုင်းနေတဲ့မြို့ကလေးပေါ့ …
လက်ဖက်ရည် ပေါ့ကျ
 သဘာဝစစ်စစ် ကြံရည်ချိုနဲ့
 နေညိုချိန်ဆို လေပျိုတတ်တဲ့
 အကင်ဆိုင်တွေလည်းရှိရဲ့… 
 ဆေးရုံနဲ့ တက္ကသိုလ်နဲ့
 ဗြူတီပါလာနဲ့ မြို့တော်ခန်းမနဲ့ 
နာမည်ကြီး ပုဂ္ဂလိကဘဏ်တွေနဲ့ 
လျှပ်စစ်မီးသာ မှန်မှန်လာမယ် ဆိုရင်တော့ တကယ့်နိဗ္ဗာန်ပဲ … 
 တစ်ခုပဲ …
 လက်မခံချင်တဲ့ အမှန်တရားက
 မြို့အထွက်က အကျဉ်းထောင် …
 မြို့ကသေးသေး … ထောင်က ကြီးကြီး 
 အင်း …
 ထောင်ထဲမှာရော မီးမှန်မှန်လာရဲ့လား …
 ဆိုင်လား မဆိုင်လားတော့မသိ …
 ဘာရယ်မဟုတ်ဘူး စဉ်းစားနေမိတယ် … 
 မြေသြဇာကောင်းသလို
 ငွေသြဇာလည်းညောင်းတဲ့မြို့ …
 ဆေးမှုန့်လေးတွေကို မီးနဲ့ရှို့ပြီး 
ဘ၀ကို လေဟုန်စီးနေတဲ့ လူငယ်တွေ
 ဒီမြို့မှာရော ဘာလို့ရှိနေရတာလဲ …
 မြို့အစွန် နေကြာပန်းခင်းထဲ
 ကောင်းသတင်းလေးတွေ မျိုးစေ့ကြဲဖို့ 
ဘ၀ကို သီချင်းလေး တညည်းညည်းနဲ့ ထွန်ယက် 
သူတို့အတွက်တော့ ဂုဏ်ယူရတာပေါ့ …
 အငန်နည်းနည်းလျှော့ထားတဲ့ ဆာဗူးသီးနဲ့ 
ပဲပင်ပေါက်တွေ တစ်ထွေးကြီးထည့်ထားတဲ့ 
ထူးထူးခြားခြား ကြက်သားဆန်ပြုတ်နဲ့ ...
 မြို့လည်ကောင် တည့်တည့်မှာတော့
လေယာဉ်ပျံတွေ တက်လိုက်ဆင်းလိုက် … 
 ရေဆန်ကျွန်းကို ဦးခိုက်
ရွှေဘုံသာကို ဖူးဖို့ကြုံကြိုက်သလို 
မဟာသန္တာရုံမှာလည်း ဆုံတုန်းဆုံခိုက် ကုသိုလ်ယူ …
 ကလေးမြို့သူတွေ မနောကောင်းသလို 
အပြောလေးတွေလည်း ကောင်းတာကိုတော့
 ခေါင်းခါပြီး မငြင်းပါဘူး စိတ်ချ …
 သိပ်လှတဲ့ သူတို့ရဲ့အပြုံးဟာ 
တစ်မြို့လုံးကို ကိုယ်စားပြုနေသယောင် … 
 တောင်က ကန့်လန့် …
 မြစ်က ပြောင်းပြန် …
 လေသံက ၀ဲဝဲ …
 ပြောလိုက်တဲ့ စကားထဲမှာ 
ရင်ထဲက ရိုးသားမှုဟာ ဖုံးမနိုင်ဖိမရ …
သဘာဝဆန်တဲ့ အလှအပတွေကြား
 ရှိပြီးသား သဒ္ဓါတရားအလင်းတွေအောက်
 မြို့ကလေးဟာ ကိုယ်ယောင်ဖျောက်နေသလား
 ဟင့်အင်း …
 မလာချင်ရင် ခရီးဝေး 
လာချင်ရင်တော့ အနီးလေးပါ …
 သူ့တံခါးဟာ အချိန်မရွေးဖွင့်လျှက် …
 သူကမ်းထားတဲ့ လက်ဟာ အမြဲတမ်းနွေးထွေး … 
 သူဟာ ကလေးဆိုပေမယ့် 
ဘာမှမသိတဲ့ ပိစိကွေးလေးတော့ မဟုတ် …
သူ့အလုပ် သူကျေပွန်အောင်လုပ်ပြီး
အဝေးကြီးက မွေးချင်းမောင်နှမတွေကို
 တောင်တွေကြားက ချောင်းကြည့်နေတော့တယ် … ……………………………………………………………. 
စိုးသူရ 
(၂၀-၄-၂၀၁၃)
 ကလေးမြို့အလည်ခရီးတစ်ခေါက်အမှတ်တရ
ဘ၀အတွက် ဘာသာ၊ ဘာသာအတွက် ဘဝ
$
0
0
          ကိုယ် သည်ဆောင်းပါးကိုရေးနေချိန်မှာ "ဆရာတော် ဒီအရေးမှာ တပည့်တော်တို့ တခုခုလုပ်ရမယ်" ဟု မချိတင်ကဲ ဆိုလာသူက ဘတ်ဖဲလိုးမြို့ရောက်နေသည့် ညီမောင် "အရှင်မဏ္ဍလ" ပင်။ ငယ်သူတို့ရင်ဝယ် မီဒီယာတွေကတဆင့် မီးတို့ကူးပေလိမ့်၊ အပူတို့ဟပ်ပေလိမ့်။ 
         ကိုယ်သည်ပင် နယူးယောက်ရှိ "သာသနာ့ ဥသျောင်" က ဥက္ကဌထေရ်ကို သဘောထားထုတ်ပြန်ဖို့ ကြားစမှာပင် လျှောက်ကြားခဲ့ပြီလေ။ အမိမြေ၊ ရခိုင်ဒေသက ငြိမ်းလေပြီးစမီးသည်လည်း ငယ်သူတို့ရင်ဝယ် ပြန်လည်နိုးကောင်းနေပေလိမ့်။ ထိုအကြောင်း သည် နှလုံးသွင်းမြဲမေတ္တာ ကမ္မဋ္ဌာန်းကို ခြောက်သွေ့ကောင်း ခြောက်သွေ့သွားစေပေလိမ့်။ 
         ညီတော်၊ နောင်တော်တို့ သီတင်းသုံးရာ ကျောင်းဝိဟာတို့ မီးရှို့ခံရသတဲ့၊ ကိုးကွယ်ရာ အဖမြတ်စွာ၏ ကိုယ်စားတော် ရုပ်ထုရုပ်ပွားတို့သည်လည်း မီးသင့်ခံတော်မူကြရသတဲ့။ နှစ်ပေါင်း နှစ်ရာ၊ သုံးရာခန့်ရှိ ကျောင်းဗိမာန်အမွေအနှစ် အဆောက် အဦတို့သည်လည်း ဆုံးရှုံးရပြီတဲ့။
 သာသနာရိပ်၊ ဘာသာရိပ်၌ ငြိမ်ဆိတ်စွာမွေ့လျှော်တတ်သည့် မိသားစုတို့ခမျာလည်း အိုးမဲ့ အိမ်ကင်း ဖြစ်ကြရပြီ။ ဆာရီဝတ်နှင့် မျက်ရည်သုတ်ကာ သနစ်စုံကိုပြောပြနေသော အမျိုးသမီးကြီးတို့၏ သတင်း ဓာတ်ပုံတွေကလည်း မြင်သူတိုင်းစာနာစရာ။ 
                       “ ဘန္တေ" 
         ကျွမ်းဝင်သော ပါဠိဝေါဟာရဖြင့်ခေါ်လိုက်သံကြောင့် ချာကနဲလှည့်ကြည့်မိတော့ အစိမ်းနုရောင် ဆာရီ ဝတ်သည့် အမျိုးသမီးကို လက်အုပ်ချီလျှက်သားတွေ့ရသည်။ သမီးပျိုနှစ်ယောက်နှင့် အမျိုးသား တဦးကိုပါ တွေ့ရ၍ မိသားစုဟုခန့်မှန်းမိသည်။ အားလုံးက ခင်မင်နှစ်လိုစွာ အပြုံးဖြင့်စကားဆိုကြသည်။ ကိုယ်လာရာနှင့် ကိုယ်နေရာပြည်နယ် ကိုမေးကာ သူတို့သည်လည်း ဘင်္ဂလားဒေ့ရှ်ကဖြစ်၍ ယခု သည် နယူးယောက်မြို့ ကြီးမှာ အခြေကျခဲ့ပြီတဲ့။
    “ဘန္တေ"ချင်း ခွန်းဆင့်ကာစကားတွေဆိုရင်း လူတွေ ဥဒဟိုသွားလာနေသည့် ဘရော့ဒ်ဝေးလမ်းမကြီးတလျှောက် ထွက်ခွာသွားကြတော့ သည်။ 
        မဟတ္တန်ရပ်ကွက်ကြီးရှိ ခန့်ငြားသောရုံးကြီးတခုရှေ့မှ နားနေခုံတန်းလေးမှာ ထိုင်ရင်း ငေးကျန်ခဲ့သည်။ ဘာသာတရားဟာ မထင်မှတ်သည့်နေရာမှာ မမှတ်ထင်သည့်သူတွေနှင့် တသားတည်းဖြစ်သွားစေခဲ့ပါလား၊ ကိုယ့်အသွင်ကိုမြင်ရုံနှင့် သူတို့ရင်ဟာ ….. အတွေး မဆုံး။ ကော့စ်ဘဇားနှင့် ရာမူး ပန်းဝါဒေသဆီသို့ အာရုံရောက်သွားသည်။ 
        အင်း … သူတို့မျိုးသူတို့ဆွေတွေလည်း မီးသင့်ဘေးဝေးတန်ကောင်းပါရဲ့။
 ဝေးပါစေ … ဝေးကြပါစေ ...။ မီးတောက်တို့ အကြွင်းမရှိငြိမ်းပါစေ၊ ထိုမီးတို့လာရာ အာဃာတအတွင်းမီးတို့သည်လည်း ငြိမ်းပါစေ၊ ငြှိမ်းနိုင်ကြပါစေ။ 
      ဟူး … ဘာဖြစ်လို့များ သူရို့တတွေ ခုလိုလုပ်ရက်ကြပါလိမ့်၊ လုပ်ရဲကြပါလိမ့်၊ သူတပါးလည်းဒုက္ခရောက်၊ ကိုယ်လည်းဆင်းရဲမကင်း၊ ခုဆို ဥပဒေက သူတို့ကို အရေးယူပြီး လူပေါင်းရာချီဖမ်းထားပြီတဲ့။ အကြောင်းကိုရှာကြည့်တော့... “Facebook" ကစသည့်ပြဿနာ။ ပုံလေးတပုံကစတဲ့မီးပေါ့။ 
      မရှေးမနှောင်းက "လစ်ဗျား" မှာတောက်သည့်မီးက ပိုကြီးခဲ့သည်။ မဖြစ်ကောင်းသည့် သံရုံးကိုပင်ပြာကျစေခဲ့၊ သံအမတ်နှင့် ဝန်ထမ်းတွေပင် ကျဆုံးကြရ၊ နောက်ပြီး… ကူးစက်လောင်တောက်သွားလိုက်တာ၊ အရှေ့အလည်ပိုင်းမှသည် ယုံကြည်သက်ဝင်သူတို့နယ်ပယ် ဧရိယာ အနှံ့။ ထိုသည်လည်း Online ကစသည့်မီးပင်၊ Youtube မှာ တမန်တော်မိုဟာမက်ကို သရော်ထားသည့် ရုပ်ရှင်တကား ကြောင့်တဲ့။ ထူးဆန်းတာက ရိုက်ကူးသူက အမေရိကန်မဟုတ်၊ အီဂျစ်နိုင်ငံဖွားတဲ့။ ဒီလူကရော ဘာဖြစ်လို့ ဒီလိုရုပ်ရှင်ကို ရိုက်ကူးရပါလိမ့်၊ သူ မယုံကြည်လို့လား၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရာဘာသာက ပိုကောင်းသည်ဟု သက်သေထူချင် လို့လား။ ဒါဆို … သူ့သက်သေကခိုင်၊ မခိုင်မသိရ။ ဘေးထွက်ဆိုးကျိုးကမူ ...။ 
       သည်နိုင်ငံ၏ဇာတိသားနဲ့ ပညာတတ် ပဝတ္တိသားမှန်လျှင် ကိုယ့်ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို သူတပါးဘာသာကိုလည်း ထိပါးခွင့်မရှိတာ သိကြသည်။ ဒီလူက ဘာလို့များ … ။ 
         နောက်ပြီး … တဘက်ကလည်း အင်တာနက်တို့၊ Facebook လို Social Network တို့ဆိုတာ ဘယ်သူမဆိုသုံးစွဲနိုင်တာကို သဘောပေါက်ပြီး ကြောင်းကျိုးကျ ချေပထုတ်လွှင့်နိုင်ပါလျှက်နှင့် ခုတော့ အမှန်ကအမှားဖြစ်၊ နောက်ဆုံးတော့ ဒီဘက်ရောက်အစွန်းနှင့် ဟိုဘက်ရောက်အစွန်းတို့ ထိခတ်ကြခြင်းသာ၊ အင်း … အစွန်းအစွန်းချင်းထိကြ၊ ခိုက်ကြသည်က မထောင်းသာပေမင့်၊ ကြားကမဆိုင်သူတွေမှာ မဆီလျှော်တာတွေ ဖြစ်ခဲ့ရ။ ဘာဘဲဖြစ်ဖြစ် လက်သည်းဆိတ်တော့ လက်ထိပ် က နာချင်ချင်။ 
     တွေးကြည့်လျှင် ကိုယ်တို့ဘာသာဝင်တွေက အနာခံအလျှော့ပေးခဲ့ကြတာချည်းပါဘဲ။ ဘာမင်ဟန် တောင်တန်းက မတ်ရပ်ရုပ်ပွားတော်ကြီးတွေ၊ မိလိန္ဒနှင့် အရှင်နာဂသိန်တို့ ဆွေးနွေးကြတဲ့နေရာဟာ ... ခု အာဖဂန်ခေါ်သည့်နေရာပေါ့၊ ရှေ့ကတိုင်းကြီး ဆယ့်ခြောက်တိုင်းမှာပါသည့် ဝင်္ဂတိုင်းဆိုတာ … နောက်ပြီး တက္ကသီလာ … ဗုဒိုဘောဓော … စသည့် … စသည့် …. ဖတ်မှတ်ခဲ့သည့်ဝါကျတွေ … စကားတွေသည် ပြတ်ထင် ပဲ့တင်လာကြပြန်သည်။ 
    ကိုယ်တို့ဘာသာဝင်တွေက အဖမြတ်စွာ၏ အဆုံးအမကလွဲလျှင် ဘယ်အရာကိုမျှ မြဲတယ်မထင်တတ်သူတွေ၊ ဒါကြောင့် အရာရာကို ခွင့်လွှတ်သည်းခံတတ် ကြခြင်း ဖြစ်မည်ထင့်၊ လက်တုံ့ပြန်မည်ဆို ပြန်ချင်စရာတွေ အများကြီး၊ လစ်ဗျား အရေးမတိုင်မှီမှာ သီရိလင်္ကာက ဖြစ်ရပ်ကိုကြည့်၊ ပြင်သစ်နိုင်ငံသားဓာတ်ပုံဆရာတွေ ရိုက်ကူးခဲ့ကြသည့်ပုံက ဗုဒ္ဓရုပ်ပွားတော်တွေ တဆူနှင့်တဆူ နမ်းရှုပ်နေဟန်တဲ့၊ ရာဂညစ်ကြေး ကိလေသာ ကင်းဝေးမှုကို ရွေးမျှမသိဆိုးဝါး နိုင်သူတွေ၏ စိတ်ကူးစိတ်ရူးက ငိုအားသန်ခက်၊ ရယ်အားသန်ခက်ရ။ 
       ဒါတင်မက Youtube က မိုဟာမက်ရုပ်ရှင်လိုပင် ဗုဒ္ဓမြတ်စွာကိုသရော်ထားသော ရုပ်ရှင်တကားထုတ်လွှင့်ကြ သေးသည်။ TV Channel တခုက ပုံမှန်ထုတ်လွှင့်နေသတဲ့။ အကဲဆတ်သည့်ဘာသာဝင်တွေဆို ဘာခံလိမ့်မလဲ။ တို့ဘာသာဝင်တွေကတော့ ပျော့ညံ့တာလား ... အင်အားချည့်နဲ့တာလား … မသိလိုက်ကြလို့လား ...။ 
        တကယ်တော့ ထိုထင်ကြေးတွေ တခုမှ မဟုတ်နိုင်၊ အထက်မှာ ဆိုခဲ့သည်သို့ ဗုဒ္ဓ၏ ရင်ရိပ်ဝယ် ငြိမ်ဆိတ်သူများပင်။ " ကိုယ်ပြုသည့်ကံ ကိုယ့်ဆီပြန် ကိုယ်သာခံရမည် " ဆိုသည့် ကမ္မနိယာမနှင့် ကြီးပြင်းခဲ့ကြသည်။ " အပြစ်ကင်းစွာ ၊ နိပ္ပရာဓ၊ ဒေါသမဲ့ငြား၊ သူမြတ်များအား၊ ပြစ်မှားထုံထ၊ မိုးပေါ်လကို၊ စိတ်ကငြူစူ၊ ပစ်သောမြူသည်၊ ပစ်သူသို့သာ၊ ကျရောက်လာသို့ ...” ဆိုသည့်တရားနှင့်အညီ မပြစ်မှားသင့်သူကို ပြစ်မှားလျှင်၊ မိုးပေါ်က လကို တံတွေးနှင့်ထွေး၊ ဖုံနှင့်ပက်သူသို့၊ ကိုယ့်မှာသာ ညစ်ပေရသည်ကို နားလည်ထားနှင့်ကြသူများမို့ပင်။ 
          ထို့ပြင် " သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း " ဆိုသည့် " ယဉ်ကျေးမှုထုံး၊ စောင့်ထိန်းမှုစံ “ တို့ကလည်း ကိုယ်တို့ဝန်းကျင်မှာ ကြွယ်ပိုးကြွယ်ဝ ရှိခဲ့ကြသည်မဟုတ်လား။ ဒါတွင်မက … ပစ္စုပ္ပန်မှာလည်းငြိမ်းချမ်း၊ သံသရာလည်း မပူပင်ရအောင်၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း လောကဓံကို ရင်ဆိုင်တတ်အောင် အဖမြတ်စွာ၏ သင်ကြားမှုတွေကလည်း နာယူလို့မကုန်၊ နှလုံးသွင်းလို့မဆုံး။ 
         တနေ့ ဗုဒ္ဓမြတ်စွာ နောက်ပါသာဝကတွေနှင့် ဒေသစာရီ ခရီးရှည်ကြွတော်မူရာ အယူတပါးရှိသည့် သုပ္ပိယပရပိုဇ်က ဘုရားကိုကဲ့ရဲ့၊ တရားကိုရှုတ်ချ၊ သံဃာကိုပြစ်တင်ပြီး တပည့် ဗြဟ္မဒတ္ထလုလင်ကတော့ ဘုရားကိုချီးမွမ်း၊ တရားကိုချီးကျူး၊ သံဃာကို ဂုဏ်ညျွှန်းနဲ့ ဆရာတပည့် ဖြောင့်ဖြောင့်ဆန့်ကျင်ကာ လိုက်ကြသတဲ့။
      သည်အကြောင်း ရဟန်းတွေက မြတ်စွာဘုရားကိုလျှောက်ကြတော့ " ချစ်သားတို့ … တဦးတယောက်က ငါဘုရား ကိုဖြစ်စေ၊ ငါ၏တရားကိုဖြစ်စေ၊ ငါ၏တပည့်သား သံဃာကိုဖြစ်စေ ကဲ့ရဲ့ သင်္ဂြိုလ် ပြစ်တင်ဆိုလာအံ့၊ ထိုဆိုခြင်းကြောင့် သင်တို့အမျက်မထွက်ရာ၊ အမျက်ထွက်နေခြင်းကြောင့် သူဆိုသောစကား မှန်သလား၊ မှားသလား သင်တို့မှာမဝေခွဲနိုင်၊ ဆုံးရှုံးရ၏။ နည်းတူပင် … တစုံတယောက်က ငါဘုရားကိုဖြစ်စေ၊ တရားကိုဖြစ်စေ၊ သံဃာကိုဖြစ်စေ ချီးမွမ်းစကားဆိုလာအံ့။ ထိုဆိုခြင်းကြောင့်လည်း သင်တို့ဝမ်းမြောက်မနေရာ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းဖြင့် သူဆိုလာသောစကား အမှန်အမှား ကို မဝေခွဲနိုင်၊ ကိုယ့်မှာသာဆုံးရှုံးကြရာသည်။ မှန်လျှင် … ဤအကြောင်းကြောင့် သင့်စကားမှန်ပေသည်၊ မှားလျှင် ထိုအကြောင်းကြောင့် သင့်စကား မှားသည်ဟုသာ ကြောင်းကျိုးပြ တုန့်ပြန်ကြရာ၏ … တဲ့။
        ဒီဃနိကာယ်လာ မြတ်ဗုဒ္ဓ၏စကားတော်က ရင်မှာပဲ့တင်ထပ်လာပြန်သည်။ ဖြန်းကနဲ မွေးညင်းတို့ ထသွားရသည်။ အော် … သည်နှယ် အနှစ်ဓမ္မတွေကို အရတော်လိုက်ပလေ၊ အဟောသုခဖြစ်ရပလေ၊ သည်လို ပုဂ္ဂိုလ်မြတ်၏ဓမ္မ၌ အသက်ထက်ဆုံး ပျော်ဝင်ရခြင်းသည် ဘဝအဓိပ္ပါယ်ရှိလိုက်ပလေ၊ ဖာသာကြည်နူးနေမိသည်။ သည်ဘာသာကို အမွေအနှစ်အဖြစ် ပေးခဲ့သော ကိုယ့်မိ၊ ကိုယ့်ဖ၊ ကိုယ့်ဘိုး၊ ကိုယ့်ဘွားတို့ကိုလည်း လှမ်း၍ ကျေးဇူးဆိုနေမိသည်။ 
       ထိုထို … အသီးသီးတို့သည်လည်း ယုံကြည်ရာရာ ဘာသာရိပ်၌ ကိုယ်တို့နှယ် မွေ့လျှော် ငြိမ်းအေးကြပါစေ။ သို့နှယ် ကျေနပ်ခြင်း၊ ဘဝင်ကျခြင်းအလျင်တွေ၌ မျောနေစဉ် … ရင်၌ ပုစ္ဆာတစ်ခု ရုတ်ချည်းပေါ်လာသည် ...၊ 
ဘဝအတွက် ဘာသာတရားလား၊ 
ဘာသာအတွက် ဘဝလား ...။
 ကံထွန်းသစ်
 10/ 10/2012
 3:17 A.M 
မေတ္တာများစွာဖြင့် မေတ္တာဥယျာဉ် ၀က်ဆိုက်မှ ကူးယူဖော်ပြသည်။
နရသိန်တောရက ခံစားမှု
$
0
0
ရဟန်းအတွက် ဝတ်အပ်ရာ 
နီစွေးစွေး သင်္ကန်းဆိုတာ
 မြန်မာပြည်က လူတိုင်းအသိ။
အခုတော့ …
အနီရောင် တစက်ကယ်,မပါ
ခပ်ညစ်ညစ် အဖြူရောင်ကာလာနဲ့
အထက်အောက် ငါဆင်မြန်း
ဖိုးသူတော် တပတ်နွမ်း ဖြစ်နေပါရော့လား။ 
ရဟန်းအတွက် 
အပ်စပ်တဲ့နေရာ
ဆိတ်ငြိမ် အေးချမ်း 
တရားကြေးစည်သံလွှမ်းတဲ့ ကျောင်းသင်္ခမ်းပါ။ 
 အခုတော့ …
ငါ ရောက်နေတာ 
မစည်ကားအပ် 
လူတွေသတ်မှတ် 
နံရံလေးဘက်ကြားက
ရာဇဝတ်သားတွေ စံမြန်း
 လောကဒုက္ခ ဘုံနန်းပါလား။
ငါ့ ကျောင်းမှာ 
ညနေဆည်းဆာ လွှမ်းရင်
 ခြင်ထောင်လေး အသာချလို့ တရားမှတ်
 ငြိမ်းချမ်းစွာ အိပ်စက်ရတယ်။ 
 အခုတော့ … 
ဆည်းဆာ လွှမ်းချိန် 
တပ်ထောင်တာ ဗိုလ်ထု၊
 ခြင် မောင်မယ် အစုစုတို့ 
ကိုက်ခဲ ရိုက်လည်း မသတ်ရက် 
ပွတ်သပ်ခါသာ ချလို့ 
ညဥ့်တယံ မှေးရဖို့အရေး 
မိုင်တထောင် မာရသွန်ပြေးသလို
 ဇောချွေးက အထပ်ထပ်။ 
 အရင်က ငါ့ကျောင်းမှာ 
သင့်တော်ရာ ဆွမ်းထမင်း
 လောင်းလှူရာ ဆွမ်းဟင်းနဲ့
 အဆင်ပြေစွာ ဘုဉ်းပေးခဲ့ရတယ်။ 
အခုတော့ …
 ငါ အကျဉ်းသား 
သူငါ အများလို
 ရောင်စုံ ထမင်း 
ကိုယ်ပျောက် ပဲဟင်းနဲ့ 
ဟင်းရွက်စုံ တာလပေါ
 မသေရုံ မျှောလို့သာ နေရတယ်။
 အရင်က ငါကို 
လူတွေ လက်အုပ်ချီမိုး
 ရိုကျိုး ရှိခိုးလို့ နေခဲ့တာ။ 
အခုတော့ 
အာဏာယစ်မူး မိစ္ဆာ စစ်ဘီးလူး လက်းပါးစေတွေက
ရင်ဝကို ဆောင့်ကန် 
ပါးကို ဘယ်ညာပြန်
လက်သီးဆွမ်းတွေ အဖန်ဖန်ကပ်နေပါ ပေါ့လား။ 
ငါ ဘာများ မှားခဲ့ 
ဘဝ အဖြေလွှာထဲ 
အကြိမ်ကြိမ် ပြန်စစ်ဆေး 
ကြက်ခြေခတ်တော့ မတွေ့သေးတာ အမှန်ပဲ။ 
 အာဏာအတွက် 
သာသနာ ဖျက်သူကို ကံဆောင်စေလို့
ဘုရားရှင် ပညတ် 
ဒီအတွက် ငါ ကံဆောင်တယ် 
ကံဆောင်တယ်ဟေ့ ကံဆောင်တယ်။
အရိုင်းတွေ ယဉ်စေရေး
ကံဆောင်ခြင်းနဲ့ ငါ သတိပေးတယ်။ 
အကျပ်အတည်းတွေ ပြေလည်ရေး 
ကံဆောင်ခြင်းနဲ့ ဆွေးနွေးစေဖို့ပါ။ 
ဒါကို မကျေနပ် 
ကံဆောင်သူတွေ ဖမ်း 
ကမ်းတဲ့လက်ကို ပုတ်ချပြီး 
ဒင်းတို့ ယုတ်မာသထက် ယုတ်မာခဲ့ကြတယ်။ 
ဒီလို အချိုးနဲ့တော့ 
ကံဆောင်တာတွေ မရပ်
 အထပ်ထပ် တိုးဖို့သာ တွက်ထားပေတော့။ 
ကံဆောင်ခြင်းအတွက် 
အဝတ်ဆင်းရဲနဲ့လည်း ငါပေးဆပ်မယ်။ 
အနေဆင်းရဲနဲ့လည်း ငါပေးဆပ်မယ်။
အစားဆင်းရဲနဲ့လည်း ငါပေးဆပ်မယ်။ 
 ပုထုဇဉ်ဘဝ
 နိဗ္ဗာန်မရသေး သရွေ့တော့ 
သံသရာ အဖန်ဖန်မှာ
မတရားမှုကို တော်လှန်နေဦးမယ်။
                                       စစ်ဝေး
( မဇ္ဈိမ သတင်းဋ္ဌာနမှ ကူးယူဖော်ပြသည်။)
လွမ်းလို့မဆုံး ရွှေကြိမ်လုံး
$
0
0
ဆရာ့ထံပါး
 မြဲခစား၍
 ဒို့များစာပေ 
သင်လေတုန်းက
တဖုန်းဖုန်းရိုက်
ကြိမ်လုံးမိုက်ကို
အူလှိုက် သဲလှိုက် မုန်းမိတယ်..။
ဆရာနှင့်ဝေး
ကြိမ်လေးနှင့်ကွာ
လူ့ရွာလူမြေ
ကိုယ့်ခြေကိုယ်ရပ်
ကိုယ့်ဇာတ်ကိုယ်ခင်း
ကိုယ့်မင်းကိုယ်လုပ်
ကိုယ်အုပ်ချုပ်မှ
ကြီးလှမေတ္တာ
မြတ်ဆရာနှင့်
ဆရာ့လက်သုံး
ရွှေကြိမ်လုံးကို
မဆုံးနေ့ရက်
လွမ်းမိတယ်....။
ကိုရင်ရွှေဗျိုင်း
ဒီနေ့ တွေးမိတွေးရာ
$
0
0
          မန္တလေးမှာတော့ မိုးတွေရွာပြီး မိုးသီးတွေ ကျသတဲ့..။ ကိုယ်တို့ ဗာရာဏသီတော့ ပူလိုက်တာ၊ အပူချိန် ၄၃ စင်တီဂရိတ်တောင် ရှိတယ်။ ပူလွန်းလို့ ညနေ ၆- နာရီကျော်လောက်မှပဲ အပြင်ထွတ်နိုင်တာ.။ ပူလွန်းတော့လဲ ကိုလာ(လေအေး)စက် ဖွင့်ပြီး အခန်းထဲ အောင်းပေတော့ပေါ့.။ 
          ဒီနေ့ သိပ်ပူပါတယ်ဆိုမှ အိပ်ရေးက မ၀ချင်တော့ သိပ်မကြည်လင်ချင်ဘူး။ မနက်က အလိုက်မသိတဲ့ ဥသြငှက် တစ်ကောင်ကြောင့် အိပ်ရေးပျက်တယ်။ မနက်စောစော ၃-နာရီခွဲလောက်ကြီး ခေါင်းရင်းဘက် အပင်ပေါ်ကနေ ဥသြ ဥသြဆိုပြီး အဆက်မပြတ် တွန်နေတော့တာ.။ သူ့အသံကြောင့် ဆက်အိပ်လို့ မရတော့ဘူး။ အိပ်ရာဝင်နောက်ကျခဲ့တာမို့ အိပ်ရေးပျက်တော့တာပေါ့။ နွေရာသီနဲ့ ဥသြငှက် လွမ်းစရာ ကောင်းပေမဲ့ အချိန်မဲ့ တွန်တော့လဲ မုန်းစရာ ကောင်းနေပြန်တယ်။
          နွေအပူကြောင့် အခန်းထဲတွင်သာ နေပြီး အင်တာနက်သုံးမိပြန်တော့ အမိမြေ သတင်းတွေက ရင်အပူဖြစ်စေပြန်တယ်။ ဆရာတော်ကြီးတွေကတော့ သူများအပူ ကိုယ့်အပူမဖြစ်စေနဲ့လို့ ဆုံးမတာ အကြိမ်ကြိမ် နာခံဘူးပါရဲ့။ သက်လုံ မကောင်းသေးတော့လဲ ကိုယ့်အပူဖြစ်ရော..။ 
    သတင်းတွေ ကြည့်ပါအုံး။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပန်းတနော် ရဲတွေကို လာဘ်စား တယ် ပြောလို့ ထောင်သုံးလ ချသတဲ့။ ပြီးတော့ ထောင်အကြွေးကျန် ၆-နှစ်ရော တိုးချ လိုက်ပြန်သတဲ့။ အော်- ဘုရားတောင် ဂေါပကထံ အကြွေးကျန်တဲ့ခေတ်… ဆန်းဆန်းပြားပြားတွေကလဲ တယ်.. ကြားရသကိုး..။
        ကိုယ်တော့ ဒကာကိုနေမျိုးဇင်ကို မသိပါဘူး။ အပြင်မှာလဲ တစ်ခါမှ မတွေ့ဘူးပါဘူး။ ဒါပေမယ့် သူရဲ့ ရိုးသားတဲ့ စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေကို မြင်နေရ၊ ကြားသိနေရလို့ သာဓု အဖန်ဖန် ခေါ်နေမိတယ်။ အတိတ်က သူ ဘယ်လိုလူ ဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တော့ စိတ်မ၀င်စားဘူး။ သူ အခု လုပ်နေတာတွေဟာ သိပ်မွန်မြတ်တယ်။ တောရွာတွေကို သွားပြီး ရေတွင်းတွေ တူးပေးသတဲ့၊ ကွန်ပျူတာ သင်တန်းတွေ ဖွင့်ပေးသတဲ့၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေသတဲ့၊ စသဖြင့် အများကြီး အများကြီး..။ 
        ကိုယ်လို ရဟန်းတစ်ပါးတောင် မလုပ်နိုင်သေးတဲ့ မွန်မြတ်တဲ့ ပရဟိတအလုပ်တွေ သူက လုပ်ပြနေတာ..။ သူနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုတောင် ပြန်ရှက်နေခဲ့မိတာ။ ခုတော့ ကြည့်ပါအုံး။ ထောင် ၆-နှစ် ချလိုက်သတဲ့။ ပြောင်းလဲဖွံဖြိုးဆဲ ကိုယ်တို့ နိုင်ငံမှာ သူလို လူတွေ အများကြီး လိုနေတဲ့ အချိန်၊ ခုတော့ သွားပေးအုံးတော့..။ တိုင်းပြည်အတွက် အသုံးပြုပေးရ အလုပ်လုပ်ပေးရမဲ့ အချိန်တွေ အလဟဿ ဖြုန်းပေအုံးတော့။
   နောက်ပြီး တက်ကြွလူငယ် မောင်ရဲမင်းဦးကိုလဲ ဘာသာရေးအရ သွေးထိုး လှုံဆော်တယ်ဆိုပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃(က)နဲ့ သာကေတ ရဲစခန်းက တရားစွဲထားပြန်သတဲ့။ အဘဆိုတဲ့ စာဖတ်နေသူကြီးရဲ့ မြေးကတော့ မော်တော်ပီကယ်ရဲကို ပါးရိုက်လိုက်တာတောင် အမှု မဖြစ်တဲ့အပြင် ရဲက ပြန်တောင်းပန်ရသတဲ့လေ။ ဘာတွေလဲ..။ ကိုယ်တော့ ဥပဒေတွေ ဘာတွေဆိုတာကို နားမလည်နိုင်တော့ဘူး။ မျိုးချစ်စိတ် ရှု့ထောင့်ကနေ ကြည့်ပြီး သူတို့ အတွက် စိတ်မကောင်းဖြစ်မိတာကတော့ သေချာတယ်။ 
      ဒေါ်အောင်ဆန်းစုကြည်ကတော့ မကြာခဏ ပြောတယ်။ “ဒီမိုကရေစီ လမ်းလျှောက်ရင် အများသဘောကို လေးစားရမယ်။ လူနည်းစု ခံစားချက်ကို လေးစားရမယ်။ အပေးအယူတော့လုပ်ရမယ်၊ ခု ဒီမိုကရေစီ လမ်းရောက်ပြီဆိုတာ လမ်းစဘဲရှိသေးတယ်။ ကိုယ့်လမ်းကို ဖေါက်ရဦးမယ်၊ ခက်ခဲမယ်။ ရဲဘော်ရဲဘက်စိတ်နဲ့ချီတက်ရမယ်” တဲ့ ။
   လက်ပံတောင်းတောင်ကိစ္စ၊ တောသူ တောင်သားတွေရဲ့ လယ်တွေကို မတရား သိမ်းပြီးတဲ့အပြင် တောင်ကိုပါ ဖြိုသတဲ့။ သံဃာတွေကို မီးလောင်ဗုန်းကပ်သတဲ့။ ကိုယ်လဲ တောသားဖြစ် တဲ့အပြင် သံဃာတွေကို ထိလာတော့ ပိုပြီး နာခဲ့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီကိစ္စထဲ ၀င်ပါလာတော့ လိုချင်တဲ့ အဖြေ ရမလားဆိုပြီး ၀မ်းသာအားရ မျှော်လင့်မိခဲ့တာပေါ့။
       ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူကို ချစ်တဲ့သူကတောင် ပြည်သူ လိုချင်တဲ့ အဖြေကို မပေးနိုင်ဘဲ အညာနွေ နေပူပူထဲမှာ လုပ်ငန်းကို ဆက်လုပ်ရမဲ့ အကြောင်း ပြည်သူတွေကို ရှင်းပြ နှစ်သိမ့်ခဲ့တယ်။ မျက်ရည်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြည့်တွေဟာ သာမန်မဖြစ်နိုင်တာမို့ ကိုယ်တော့ လက်ပံတောင်းစာချုပ် သမိုင်းအကြောင်းတွေ သေချာဖတ်ဖြစ်ခဲ့တယ်။
         ဒီတော့မှ လယ်တွေအတွက် လျော်ငွေပေးတာ၊ ကျမ္မာရေးကုသဖို့အတွက် အာမခံချက်ပေးတာ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင် ပြုလုပ်ဖို့ ကတိပေးတာ၊ ဆန္ဒပြခွင့် ပေးတာ စတဲ့ ပြည့်သူအခွင့်အရေးတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်မိခဲ့တယ်။
     ပြီးခဲ့တဲ့ သုံးနှစ်နီးပါးက ဗုဒ္ဓဂယာမှာ ဆရာဒေါက်တာနေဇင်လတ်က ကိုယ့်စာရိတ်နဲ့ ကိုယ် လာပြီး ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု အတတ်ပညာ သင်တန်းကို (၁၀) တိတိ သင်ကြားပေးခဲ့ဘူးတယ်။ စေတနာ ဗရပွနဲ့ (၁၀)ရက်လုံးလုံး အချိန်ပြည့် သင်ပေးခဲ့ တာပါ။ မေးခွန်းချိန်မှာ မေးချင်တာ ပွင့်ပွင့်လင်းလင်း မေးခွင့်ပြုတာမို့ သိချင်တာတွေ မေးကြတာပေါ့။ များသောအားဖြင့် နိုင်ငံရေးမေးခွန်းတွေ မေးကြတယ်။ ဆရာလဲ သူပြောပြနိုင်တဲ့ အတိုင်းအတာထိ ပြောပြ ဖြေဆိုခဲ့တယ်။ 
    သူပြောပြခဲ့တဲ့ စကားတစ်ခွန်း အခုချိန်ထိ အမှတ်ရနေတုံးပဲ။ ‘ အရှင်ဘုရားတို့ လိုချင်တဲ့ လမ်းကြောင်းပေါ် ၂- နှစ်အတွင်းမှာ ရောက်လာပါလိမ့်မယ်။ အရှင်ဘုရားတို့ လိုချင်တဲ့ အတိုင်းအတာထိတော့ မဖြစ်သေးဘူး၊ လမ်းကြောင်းပေါ် ရောက်ရုံလေးပဲ ရှိအုံးမှာပါ’ တဲ့။ အဲဒီအချိန်က ရွှေးကောက်ပွဲ မလုပ်ရသေးသလို၊ ဒီမိုကရေစီခေတ်ကိုလဲ မပြောင်းသေးပါဘူး။ ဆရာကြီးက သိလို့ ပြောတာလား၊ ခန့်မှန်းတာလား မသိပေမဲ့ အဲဒီအချိန်ကတော့ လုံးဝ လက်မခံနိုင်တဲ့ စကားပါ။ 
     ဘာပဲဖြစ်ဖြစ် ခုတော့ မယုံနိုင်လောက်အောင် ပြောင်းလဲခဲ့ပါတယ်။ ပြည်ပနေတဲ့သူတွေ ကိုယ့်နိုင်ငံကြောင့် မျက်နှာပွင့်ရသလို၊ ပြည်တွင်းပြည်သူတွေလဲ ကျေနပ်ခဲ့ကြရပါတယ်။ ဒီမိုကရေစီသက်တန်း သုံးနှစ်သား အရွယ်လေးမို့ ကျောက်ခေတ်ကို သွားချင်တဲ့ အတ္တသမား တချို့ အာဏာရှုးကြီးတွေက ခုထိ အကျင့်ဟောင်းတွေကို မစွန့်နိုင်ကြသေးဘူး။ သူတို့ကြောင့် ဒီမိုကရေစီ လမ်းကြောင်းဟာ နှေးကွေးနေအုံးမှာပါ။
     ကိုယ်ကတော့ ကိုယ့်အလုပ် ၂-ခုကို ဆောက်ချမလုပ်နိုင်သေးတဲ့အတွက် ခေတ်ရေစီးကြောင်းထဲ စီးမျှောနေမိအုံးမှာပါ။ ဒီလို အလားတူအပူတွေကို မတွေ့ချင် မမြင်ချင်ပေမဲ့ တွေ့မြင်နေရအုံးမယ်လို့ ထင်မိပါတယ်။ အပူတွေကို ခံနိုင်ရည်ရှိဖို့တော့ လေ့ကျင့်ယူရအုံးမှာပေါ့..။ 
      လတ်တလော ဖြစ်နေတဲ့ သတင်းများကို ဖတ်ရင်း အတွေးပွားကာ ကိုယ်တော့ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောခဲ့တဲ့စကားကိုပဲ ကြားရောင်နေမိတယ်။” ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ခါစပဲ ရှိသေးတယ်။ ရှေ့ဆက်ပြီး ခက်ခက်ခဲခဲ ချီတက်ရအုံးမယ်” တဲ့။ 
သိမ်မွေ့ဦး (BHU )
(09-05-2013)
ဒီနေ့ တွေးမိတွေးရာ (၁)
$
0
0
          အရိုးဆုံး ပုထုဇဉ် မျက်လုံးနှင့်ကြည့်ရင် ဒီပြဿနာဟာ မူဆလင် အစွန်းရောက်သမားတွေ စလို့ ဖြစ်ခဲ့တဲ့ ပြဿနာပဲလေ၊ ရှင်းနေတာပဲ။ ကိုယ့်နိုင်ငံလဲ လာနေသေး၊ အိမ်ရှင်ကိုလဲ စော်ကားသေး၊ ဘယ်လိုမှ မဖြစ်သင့်တာ။ ကိုယ့်အပြစ်ကို မကြည့်ဘဲ မဆီမဆိုင် ၉၆၉ ကြောင့်တဲ့။ ၉၆၉ ကို အကြမ်းဖက်အဖွဲ့တဲ့။ 
          ကိုယ်လဲ မူဆလင် အစွန်းရောက်တွေရဲ့ ခြေလှမ်းတွေ၊ သမိုင်းတွေ သိနေတော့ ကိုယ့်အမျိုးဘာသာ သာသနာကို ကာကွယ်ချင်တဲ့ စိတ်တွေ အမြဲ ထက်သန်နေတော့တာ။ သဲတစ်ပွင့်လောက် ဖြစ်ပါစေဆိုပြီး မူဆလင်နဲ့ ပတ်သက်ပြီး သိသင့်တဲ့ ဓာတ်ပုံတွေ၊ ပို့စ်တွေ၊ ဆောင်းပါးတွေ ဖေ့ဘွတ်မှာ တွေ့ရင် share လိုက် ၊ like လုပ်လိုက်၊ ကိုယ်တိုင်လဲ ဆောင်းပါလေး မတောက်တခေါက် ကောက်ရေးလိုက်နဲ့ စိတ်မအေးဖြစ်နေရတာပေါ့။
          တစ်နေ့က ဟိန္ဒူ ဘာသာဝင် ဘင်္ဂလားဒေ့ရှ် ကျောင်းသားတစ်ယောက်က “ ဘန္တေ.. မင့်တို့နိုင်ငံမှာ ဘာဖြစ်လို့ ဗုဒ္ဓဘာသာ-မူဆလင် ပြဿနာဟာ တစ်မြို့ပြီး တစ်မြို့ ကူးစက်နေရတာလဲ၊ ဒီပြဿနာကို အမြန်ရပ်အောင် ကြိုးစားသင့်တယ် “ စသဖြင့် ပြောလာတယ်။ ကိုယ်လဲ မူဆလင်က စခဲ့တဲ့ ပြဿနာကို အရင်းအမြစ်က ရှင်းပြဖြစ်တယ်။ 
        ‘ဒါပေမယ့် နိုင်ငံတိုင်းမှာ မူစလင်တွေကြောင့် ပြဿနာအများစုဖြစ်နေတာ မှန်ပေမဲ့ သတ်နိုင်ရင် အကုန်သတ်နိုင်မှ ရမယ်တဲ့။ ဒါမဟုတ်ရင် ပြဿနာ မပြီးနိုင်ဘူး။ အင်အားကြီး မူဆလင် နိုင်ငံတွေ ရှိနေတဲ့ အတွက် ဒါမျိုးလုပ်လို့ မရဘူး၊ မင့်တို့ ဗုဒ္ဓဘာသာဟာ ငါ့တို့ ဟိန္ဒူလိုပဲ အဟိံသ- မညှင်းဆဲတဲ့ ၀ါဒပါ။ ဒါကြောင့် ဗုဒ္ဓဘာသာ နာမည်မပျက်အောင် ဒီကိစ္စတွေကို အမြန်ရပ်သင့်တယ်’ ဆိုပြီး အကျယ်တ၀င့် ဆွေးနွေးလာတယ်။ သူက ဆက်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ လူတွေက မူဆလင်တွေကို သတ်နေတဲ့ ဗီဒီယိုတွေ ငါကြည့်ရတယ်လို့ ပြောလာပြန်တယ်။ ကိုယ်က ဒါမူဆလင်တွေ တစ်ဖက်သတ် ၀ါဒဖြန့်တာပါ စသည်ဖြင့် အချိန်အတော်ကြာ ဆွေးနွေးဖြစ်ခဲ့ကြတယ်။
          စကားပြီးခါနီး “ ဒီကိစ္စမှာ ကမ္ဘာကျော်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ် နေတယ်။ ဘာမှ မပြောဘူး။ တကယ်တော့ မူဆလင်တွေကို သတ်နေတာတွေကို ရပ်ဖို့ ပြောသင့်တယ်”တဲ့။ သူက ဒေါ်အောင်ဆန်းစုကြည့် ဘာမှ မပြောလို့ မနှစ်သက်ဘူး ထင်ပါရဲ့။
          အဲဒီတစ်နေ့ နေ့လည်ပိုင်းကပါပဲ။ တစ်ခန်းကျော် မူဆလင် အီရန် ကျောင်းသားတစ်ယောက်က စကားလာပြောတယ်။ “ brother! စာဖြေပြီး တိဗက်ကို မပြန်ဘူးလား”တဲ့။ ဒါနဲ့ ကိုယ်က တိဗက်က မဟုတ်ဘူး၊ မြန်မာ-လို့ ဖြေလိုက်တော့..။ “ ဟိုး.. မင့်တို့ နိုင်ငံမှာ ဘာဖြစ်လို့ မူဆလင်တွေကို သတ်နေရတာလဲ။ တကယ်တော့ ဒါမျိုး လုံးဝ မဖြစ်သင့်ပါဘူး။ ခု မင့်တို့ ငါတို့ နေသလို ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ရမှာပါ။” ဆိုပြီး ပြောဖြစ်ကြတယ်။ ပြဿနာအစက နေပြီး ၀ိရောဓိဖြစ်မဲ့ စကားကို ရှောင်ကာ ဆွေးနွေးဖြစ်ကြတယ်။ 
      သူက ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည် လို့ ဆက်လာတော့ ကိုယ်က “ဟုတ်တယ်၊ ငါတို့ နိုင်ငံ ပြည်သူအများစု ချစ်တဲ့ မိခင်ပဲ “လို့ စကားထောက်လိုက်တော့ ဆက်ပြောရမှာ အားနာသွားဟန် တူပါရဲ့။ ခဏ ရပ်ပြီး “ အိုကေ၊ ကမ္ဘာကျော် ခေါင်းဆောင် တစ်ယောက်က ဒီကိစ္စကို ဘာလို့ နှုတ်ဆိတ်နေရတာလဲ။ မူဆလင်တွေကို သတ်နေတာ ရပ်ဖို့ ပြောသင့်တယ်” တဲ့။ သူကလဲ ဒေါ်အောင်ဆန်းစုကြည်ကို မပြောလို့ မကျေနပ်ပြန်ဘူး။ 
         မနေ့က တော့ ထိုင်းသူငယ်ချင်းတစ်ပါးနဲ့ လမ်းမှာ ဆုံဖြစ်တယ်။ သူက “ဘန္တေ .. မင့်တို့ ခုဖြစ်နေတဲ့ ပြဿနာမှာ မင့်တို့အမေက ဘာမှ မပြောဘူးနော်” တဲ့။သူက ကိုယ့်အခန်း မကြာခဏ ရောက်ဘူးသူမို့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကပ်ထားတာ မြင်လို့ မင့်တို့ အမေလို့ ရင်းရင်းနှီးနှီး မေးလိုက်တာပါ။ သူကလဲ တစ်ခုခု ပြောစေချင်ပုံ ထင်ပါရဲ့။ 
    ကိုယ်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံလေ။ ကိုယ်တို့လဲ ဒေါ်အောင်ဆန်းစုကြည်ဆီက သီတဂူဆရာတော်ကြီး ပြောသလို ဧည့်သည်ဟာ ဧည့်သည်လို နေပြီး အိမ်ရှင်နှင့် တည့်အောင် ပေါင်းပါ စသဖြင့် ပြောစေချင်တာပေါ့။ ခုလို မပြောတဲ့ အတွက် ကိုယ်တို့လဲ သိပ်မကျေနပ်ချင်ဘူးလေ။ 
         ဒါပေမယ့် စစ်ယူနီဖောင်းချွတ် လူကြီးတွေဆီက ကိုယ်တို့ ကြားချင်တဲ့ စကားတွေ အတော် ကြားခဲ့ရတယ်။ မဟုတ်တာ ဟုတ်တာ အပထား။ ကိုယ်တို့ သဘောကြတာပေါ့။ လက်ခုပ်တွေ တဖျောင်းဖျောင်းတီးလို့ ဖေ့ဘွတ်မှာ Like လုပ်လိုက် share လိုက်နဲ့ အတော်ကို ဟုတ်ခဲ့တာ။ ၀န်ကြီးများ ကျမ္မာချမ်းသာကြပါစေလို့လဲ မေတ္တာတွေ တဖွဖွ ပို့လို့။ 
          ဒါပေမယ့် တစ်ချိန်က အချို့သော ဒီဝန်ကြီးတွေကြောင့် ဘင်္ဂါလီခိုးဝင်တွေ များခဲ့တာ၊ တရားမ၀င် မူဆလင်တွေ၊ ဗလီတွေ တရားဝင်ခဲ့တာတွေကို ကိုယ်တော့ မေ့နေခဲ့တယ်။ နိုင်ငံရေးဆိုတာ ရှုပ်ထွေးပါတယ်။ ကိုယ်တော့ နားမလည်တော့ဘူး။
        ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေး အမြတ်မထုတ်ဘူးတဲ့။ ဘယ်သူတွေ အမြတ်ထုတ်နေကြလဲ..။ ပြောတဲ့သူတွေကို အမြတ်ထုတ်တယ်လို့ စွပ်စွဲချင်တာတော့ မဟုတ်ပါဘူး။ ဘာသာ သာသနာချင်စိတ်နဲ့ တကယ်ပြောတဲ့သူတွေလဲ ရှိမှာပါ။ 
           မူဆလင်တွေကလဲ ကမ္ဘာကျော်ခေါင်းဆောင်တစ်ယောက်က ဘာမှ မပြောလို့ မကျေနပ်ဘူးတဲ့။ ကိုယ်တို့ ဗုဒ္ဓဘာသာဝင် အချို့ကလဲ ကိုယ့်နိုင်ငံကို ကာကွယ်မပြောပေးလို့ မကျေနပ်ဘူးတဲ့။ ကိုယ်သာ ဒေါ်အောင်ဆန်းစုကြည် နေရာဆိုရင်…..။ ဟူး…..ဆံပင်မရှိတဲ့ ခေါင်းကို အကြိမ်ကြိမ် ပွတ်နေမိပါရဲ့…။ 
သိမ်မွေ့ဦး (BHU)
(၀၃-၀၅-၁၃)
ပြည်ဗာရာ
$
0
0
                              ပြည်ဗာရာ မရောက်ဘူးသူများ အလွမ်းပြေ ကြည့်ဖို့....။
Viewing all 93 articles
Browse latest View live